Home
မြန်မာသတင်း
ကာချုပ်အနေဖြင့် တာဝန်ပြီးဆုံးချိန် နိုင်ငံ့တာဝန်ထမ်းမည်ဟု ယုံကြည်ကြောင်း တပ်မတော်ပြော
အောင်ဆန်းဦး
·
September 29, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လက်ရှိ ထမ်းဆောင်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ပြီးဆုံးချိန်မှာ နိုင်ငံ့တာဝန်တွေကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ "တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အနေအထား အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပြီးဆုံးတဲ့ အခြေအနေမျိုးမှာ ဆိုလို့ရှိရင်လည်း သူ့အနေနဲ့ နိုင်ငံသားတိုင်း ဘယ်သူမဆို အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ အရင်တခါလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တနေရာမဟုတ် တနေရာတော့ နိုင်ငံ့တာဝန်တွေကို သူ စွမ်းဆောင်နိုင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။ ဒီပေါ်မှာလည်း သူ့ရဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။"  ဒါ့အပြင် တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့လည်း နိုင်ငံတာဝန် ထမ်းဆောင်ဖို့အတွက် လိုအပ်လာပါက နေရာမရွေး တာဝန်ထမ်းဆောင်နိုင်အောင် ကြိုးစားနေတယ်လို့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ကာခ်ဳပ္အေနျဖင့္ တာဝန္ၿပီးဆုံးခ်ိန္ ႏိုင္ငံ့တာဝန္ထမ္းမည္ဟု ယုံၾကည္ေၾကာင္း တပ္မေတာ္ေျပာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ လက္ရွိ ထမ္းေဆာင္ေနတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ၿပီးဆုံးခ်ိန္မွာ ႏိုင္ငံ့တာဝန္ေတြကို စြမ္းေဆာင္ႏိုင္သမွ် စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ စက္တင္ဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္ရွိ တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ လစဥ္ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။ "တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔ အေနအထား အေျခအေနေပၚမွာ မူတည္ၿပီးေတာ့မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ၿပီးဆုံးတဲ့ အေျခအေနမ်ိဳးမွာ ဆိုလို႔ရွိရင္လည္း သူ႔အေနနဲ႔ ႏိုင္ငံသားတိုင္း ဘယ္သူမဆို အေျခခံဥပေဒမွာ ျပ႒ာန္းၿပီးသား။ အရင္တခါလည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာထားၿပီးသား ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ တေနရာမဟုတ္ တေနရာေတာ့ ႏိုင္ငံ့တာဝန္ေတြကို သူ စြမ္းေဆာင္ႏိုင္သမွ် စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ က်ေနာ္ေတာ့ ယုံၾကည္ပါတယ္။ ဒီေပၚမွာလည္း သူ႔ရဲ႕ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္။" ဒါ့အျပင္ တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ေနသူ ထိပ္ပိုင္းေခါင္းေဆာင္ေတြအေနနဲ႔လည္း ႏိုင္ငံတာဝန္ ထမ္းေဆာင္ဖို႔အတြက္ လိုအပ္လာပါက ေနရာမေ႐ြး တာဝန္ထမ္းေဆာင္ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024