မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးနှင့် စပါးတို့ နိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)

3.1K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးနဲ့ စပါးတို့ အသီးသီး အနိုင်ရသွားပါတယ်။
လီဗာပူးက အဝေးကွင်းမှာ ရှဖီးယူနိုက်တက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပြီး ဝီနယ်ဒန်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။
ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ဘရိုက်တန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက်တော့ ဒီရာသီ အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံးအနိုင်ရတာ ဖြစ်ပါတယ်။
စပါးအသင်းကတော့ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးစ်က ၂၄ မိနစ်မှာ ဦးဆောင်ဂိုး ရပြီးနောက်ပိုင်းမှာ ၃၁ မိနစ်မှာ တယောက် အထုတ်ခံရပြီး ကစားသွားရတာပါ။
ဆောက်သမ်တန်အတွက် ချေပဂိုးကို ၃၉ မိနစ်မှာ သွင်းယူပြီး စပါးအတွက် အနိုင်ဂိုးကို ၄၃ မိနစ်မှာ တိုက်စစ်မှူး ကိန်းက သွင်းယူပါတယ်။
မန်ချက်စတာစီးတီးကတော့ အဝေးကွင်းမှာ အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက်တော့ အနိုင်ဂိုးတွေကို ဂျေဆု၊ မာရက်ဇ်နဲ့ စတားလင်းတို့က သွင်းယူပါတယ်။
လောလောဆယ်အထိတော့ အမှတ်ပေးဇယားကို လီဗာပူးက ၂၁ မှတ်နဲ့ ဦးဆောင်နေပြီး မန်စီးတီးက ၁၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
မန္စီးတီး၊ လီဗာပူး၊ ခ်ဲလ္ဆီးႏွင့္ စပါးတို႔ ႏိုင္ပြဲရ (႐ုပ္သံဟိုက္လိုက္)
မေန႔ညက ယွဥ္ၿပိဳင္သြားတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အသင္းႀကီးေတြ ျဖစ္တဲ့ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးနဲ႔ စပါးတို႔ အသီးသီး အႏိုင္ရသြားပါတယ္။
လီဗာပူးက အေဝးကြင္းမွာ ရွဖီးယူႏိုက္တက္ကို ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ရၿပီး ဝီနယ္ဒန္ရဲ႕ တလုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရသြားတာပါ။
ခ်ဲလ္ဆီးကေတာ့ အိမ္ကြင္းမွာ ဘ႐ိုက္တန္းကို ၂ ဂိုးျပတ္နဲ႔ အႏိုင္ရသြားပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အတြက္ေတာ့ ဒီရာသီ အိမ္ကြင္းပြဲစဥ္မွာ ပထမဆုံးအႏိုင္ရတာ ျဖစ္ပါတယ္။
စပါးအသင္းကေတာ့ အိမ္ကြင္းမွာ ေဆာက္သမ္တန္ကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရသြားပါတယ္။ စပါးစ္က ၂၄ မိနစ္မွာ ဦးေဆာင္ဂိုး ရၿပီးေနာက္ပိုင္းမွာ ၃၁ မိနစ္မွာ တေယာက္ အထုတ္ခံရၿပီး ကစားသြားရတာပါ။
ေဆာက္သမ္တန္အတြက္ ေခ်ပဂိုးကို ၃၉ မိနစ္မွာ သြင္းယူၿပီး စပါးအတြက္ အႏိုင္ဂိုးကို ၄၃ မိနစ္မွာ တိုက္စစ္မႉး ကိန္းက သြင္းယူပါတယ္။
မန္ခ်က္စတာစီးတီးကေတာ့ အေဝးကြင္းမွာ အဲဗာတန္ကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရသြားပါတယ္။ မန္စီးတီးအတြက္ေတာ့ အႏိုင္ဂိုးေတြကို ေဂ်ဆု၊ မာရက္ဇ္နဲ႔ စတားလင္းတို႔က သြင္းယူပါတယ္။
ေလာေလာဆယ္အထိေတာ့ အမွတ္ေပးဇယားကို လီဗာပူးက ၂၁ မွတ္နဲ႔ ဦးေဆာင္ေနၿပီး မန္စီးတီးက ၁၆ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။