ဘင်္ဂလားဒေ့ရှ်တွင် ယာဉ်ကြောပိတ်မှုဒဏ်ကို ဆိုင်ကယ်ကယ်ရီစီး ဖြေရှင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်  ဒါကာက ခရီးသွားပြည်သူတွေဟာ ဆိုင်ကယ်ကယ်ရီတွေ စီးပြီး ယာဉ်ကြောပိတ်ဒဏ်ကို ရှောင်ရှားနေကြပါပြီ။  ကမ္ဘာ့ဘဏ်အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ ယာဉ်ကြောပိတ်ဆို့မှုအတွင်း   တနေ့ကို အလုပ်ချိန် ၃ ဒသမ ၂ သန်း ဆုံးရှုံးနေတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဒေသမီဒီယာ စီရင်ခံစာအရ ပျမ်းမျှ ယာဉ်သွားနှုန်းဟာလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း  ၁ နာရီကို ၂၁ ကီလိုမီတာကနေ ၇ ကီလိုမီတာအထိ ကျဆင်းခဲ့ပါတယ်။  အခုတော့ အဲဒီပြဿနာကို ဆိုင်ကယ်ကယ်ရီသမားတွေ ဖြေရှင်းပေးနေပါပြီ။ ပတ်သာယို၊ ရှိုဟော့ဇ်၊ အူဘာနဲ့ အိုဘိုင် ဆိုတဲ့ service provider အများအပြားဟာ နေ့စဉ်နေ့တိုင်း သိန်းနဲ့ချီတဲ့   ခရီးသွားတွေနဲ့ ဆိုင်ကယ်ကယ်ရီ ဝန်ဆောင်မှု ပေးနေပါတယ်။  “ကျနော်က ကျောင်းသားတယောက်ပါ။ အားတဲ့အချိန်မှာ ဆိုင်ကယ်ကယ်ရီ လိုက်ပါတယ်။  ဒါဟာ ကျနော် အပိုဝင်ငွေရှာဖို့ အခွင့်အရေးပါပဲ။ ကျနော့်လို ဝင်ငွေနည်းမိသားစုက လူတယောက်အဖို့   ဒါဟာ ငွေရပေါက်ရလမ်းတခုပါပဲ။ ဒီတော့ ကျနော် ဆိုင်ကယ်ကယ်ရီ လိုက်တယ်။ ခရီးသည်တွေကို သူတို့သွားလိုတဲ့နေရာ အချိန်မီ ပို့ဆောင်ပေးတယ်။” လို့    ဆိုင်ကယ်ကယ်ရီမောင်းသူ လို့မန်းဟူစိန်က ပြောခဲ့ပါတယ်။  ယာဉ်ကြောပိတ်ဒဏ် လွတ်ကင်းပြီး အချိန်နဲ့ငွေကုန် သက်သာတာမို့  ဒါကာမှာ ဆိုင်ကယ်ကယ်ရီစီးတာကို လူကြိုက်များနေပါပြီ။ ဆိုင်ကယ်တွေဟာ   လမ်းကျိုလမ်းကြား ကနေသွားပြီး ယာဉ်ကြောပိတ်လမ်းတွေကို ရှောင်ကွင်းနိုင်တာမို့    ဆိုင်ကယ်ကယ်ရီ စီးသူတွေအတွက်လည်း အကျိုးများနေပါတယ်။  “ဆိုင်ကယ်ကယ်ရီစီးတာ အချိန်ကုန် သိပ်သက်သာတာပဲ။  ဘယ်ကို သွားသွား အချိန်မှန်မှန် ရောက်တယ်။ တခြားယာဉ်တွေစီးရင် ယာဉ်ကြောပိတ်လို့  အချိန်ကြာတယ်။ ဒီတော့ ဆိုင်ကယ်ကယ်ရီစီးတာ ကျမအတွက် သိပ်အကျိုးများပါတယ်။” လို့ ဆိုင်ကယ်ကယ်ရီ ပုံမှန်စီးသူ   ခါဒီဂျာခန်းက ပြောပါတယ်။  အခုဆိုရင် မြို့တော် ဒါကာနေ ခရီးသွားပြည်သူ  ၄ သန်းဟာ နေ့စဉ်နေ့တိုင်း ဆိုင်ကယ်ကယ်ရီစီးပြီး  ယာဉ်ကြောပိတ်လို့ အချိန်ကုန်တဲ့ဒဏ်ကနေ လွတ်ကင်းနေကြပါပြီ။ ========================== ဘဂၤလားေဒ့ရွ္တြင္ ယာဥ္ေၾကာပိတ္မႈဒဏ္ကို ဆိုင္ကယ္ကယ္ရီစီး ေျဖရွင္း DVB ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္  ဒါကာက ခရီးသြားျပည္သူေတြဟာ ဆိုင္ကယ္ကယ္ရီေတြ စီးၿပီး ယာဥ္ေၾကာပိတ္ဒဏ္ကို ေရွာင္ရွားေနၾကပါၿပီ။ ကမာၻ႔ဘဏ္အဆိုအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ဒါကာမွာ ယာဥ္ေၾကာပိတ္ဆို႔မႈအတြင္း   တေန႔ကို အလုပ္ခ်ိန္ ၃ ဒသမ ၂ သန္း ဆုံးရႈံးေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေဒသမီဒီယာ စီရင္ခံစာအရ ပ်မ္းမွ် ယာဥ္သြားႏႈန္းဟာလည္း ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း  ၁ နာရီကို ၂၁ ကီလိုမီတာကေန ၇ ကီလိုမီတာအထိ က်ဆင္းခဲ့ပါတယ္။ အခုေတာ့ အဲဒီျပႆနာကို ဆိုင္ကယ္ကယ္ရီသမားေတြ ေျဖရွင္းေပးေနပါၿပီ။ ပတ္သာယို၊ ရႈိေဟာ့ဇ္၊ အူဘာနဲ႔ အိုဘိုင္ ဆိုတဲ့ service provider အမ်ားအျပားဟာ ေန႔စဥ္ေန႔တိုင္း သိန္းနဲ႔ခ်ီတဲ့   ခရီးသြားေတြနဲ႔ ဆိုင္ကယ္ကယ္ရီ ဝန္ေဆာင္မႈ ေပးေနပါတယ္။ “က်ေနာ္က ေက်ာင္းသားတေယာက္ပါ။ အားတဲ့အခ်ိန္မွာ ဆိုင္ကယ္ကယ္ရီ လိုက္ပါတယ္။  ဒါဟာ က်ေနာ္ အပိုဝင္ေငြရွာဖို႔ အခြင့္အေရးပါပဲ။ က်ေနာ့္လို ဝင္ေငြနည္းမိသားစုက လူတေယာက္အဖို႔   ဒါဟာ ေငြရေပါက္ရလမ္းတခုပါပဲ။ ဒီေတာ့ က်ေနာ္ ဆိုင္ကယ္ကယ္ရီ လိုက္တယ္။ ခရီးသည္ေတြကို သူတို႔သြားလိုတဲ့ေနရာ အခ်ိန္မီ ပို႔ေဆာင္ေပးတယ္။” လို႔    ဆိုင္ကယ္ကယ္ရီေမာင္းသူ လို႔မန္းဟူစိန္က ေျပာခဲ့ပါတယ္။ ယာဥ္ေၾကာပိတ္ဒဏ္ လြတ္ကင္းၿပီး အခ်ိန္နဲ႔ေငြကုန္ သက္သာတာမို႔  ဒါကာမွာ ဆိုင္ကယ္ကယ္ရီစီးတာကို လူႀကိဳက္မ်ားေနပါၿပီ။ ဆိုင္ကယ္ေတြဟာ   လမ္းက်ိဳလမ္းၾကား ကေနသြားၿပီး ယာဥ္ေၾကာပိတ္လမ္းေတြကို ေရွာင္ကြင္းႏိုင္တာမို႔    ဆိုင္ကယ္ကယ္ရီ စီးသူေတြအတြက္လည္း အက်ိဳးမ်ားေနပါတယ္။ “ဆိုင္ကယ္ကယ္ရီစီးတာ အခ်ိန္ကုန္ သိပ္သက္သာတာပဲ။  ဘယ္ကို သြားသြား အခ်ိန္မွန္မွန္ ေရာက္တယ္။ တျခားယာဥ္ေတြစီးရင္ ယာဥ္ေၾကာပိတ္လို႔  အခ်ိန္ၾကာတယ္။ ဒီေတာ့ ဆိုင္ကယ္ကယ္ရီစီးတာ က်မအတြက္ သိပ္အက်ိဳးမ်ားပါတယ္။” လို႔ ဆိုင္ကယ္ကယ္ရီ ပုံမွန္စီးသူ   ခါဒီဂ်ာခန္းက ေျပာပါတယ္။ အခုဆိုရင္ ၿမိဳ႕ေတာ္ ဒါကာေန ခရီးသြားျပည္သူ  ၄ သန္းဟာ ေန႔စဥ္ေန႔တိုင္း ဆိုင္ကယ္ကယ္ရီစီးၿပီး  ယာဥ္ေၾကာပိတ္လို႔ အခ်ိန္ကုန္တဲ့ဒဏ္ကေန လြတ္ကင္းေနၾကပါၿပီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up