အေဂျက်စတား နီယက်ဇ်ကို လီဗာပူး စိတ်ဝင်စားနေဟု သတင်းထွက်

ပြီးခဲ့တဲ့နှစ်မှာ အေဂျက်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဒေးဗစ်နီယက်ဇ်ကို လီဗာပူးအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် နီယက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အေဂျက်အတွက် အထူးခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြည်တွင်းဖလားနှစ်လုံးနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ရောက်အောင် ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် နီယက်ဇ်ကို လီဗာပူးဘက်က စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး လက်ရှိဈေးကွက်အရ သူဟာပေါင် ၄၅ သန်းလောက် တန်ကြေးရှိတယ်လို့ ခန့်မှန်းထားပါတယ်။
နီယက်ဇ်ဟာ အရင်ကလည်း ဥရောပအသင်းကြီး တော်တော်များများနဲ့ သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လီဗာပူး ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
နီယက်ဇ်နဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် ဒီသတင်းတွေအပေါ် လီဗာပူးဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
နီယက်ဇ်သာ တကယ်တမ်းလီဗာပူးကို ရောက်မယ်ဆိုရင် လီဗာပူးအသင်းတိုက်စစ်ဟာ တခြားဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပေမယ့် မာနေးနဲ့ ဆာလက်တို့ရှိနေတဲ့ တောင်ပံတိုက်စစ်မှာတော့ ပုံမှန်နေရာရဖို့ ခက်ခဲနိုင်ပါတယ်။
နီယက်ဇ်ဟာ ဆာပေါ်လိုအသင်းကနေ အေဂျက်အသင်းကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁၁ ပွဲကစား ပြီး ၃၁ ဂိုးသွင်းကာ ၃၃ ကြိမ်ဖန်တီးမှု ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီပုံစံကောင်းကြောင့် နီယက်ဇ်ကို ဘရာဇီးလက်ရွေးစင်အသင်းကလည်း ခေါ်ယူခဲ့ပြီး ကိုပါအမေရိက ဖလားရခဲ့သူဖြစ်ပါတယ်။
နီယက်ဇ်ဟာ အခုရာသီမှာလည်း သူ့ရဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ပြီး ၁၂ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်းပြီး ဂိုဖန်တီးမှု တကြိမ်ပြုလုပ်ထားပါတယ်။
================================
ေအဂ်က္စတား နီယက္ဇ္ကို လီဗာပူး စိတ္ဝင္စားေနဟု သတင္းထြက္
DVB
ၿပီးခဲ့တဲ့ႏွစ္မွာ ေအဂ်က္အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ဘရာဇီးလက္ေ႐ြးစင္ တိုက္စစ္ကစားသမား ေဒးဗစ္နီယက္ဇ္ကို လီဗာပူးအသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။
အသက္ ၂၂ ႏွစ္အ႐ြယ္ နီယက္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေအဂ်က္အတြက္ အထူးေျခစြမ္းျပခဲ့သူျဖစ္ၿပီး ျပည္တြင္းဖလားႏွစ္လုံးနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ ေရာက္ေအာင္ ပါဝင္ကူညီေပးႏိုင္ခဲ့ပါတယ္။
ဒါ့ေၾကာင့္ နီယက္ဇ္ကို လီဗာပူးဘက္က စိတ္ဝင္စားလာခဲ့တာျဖစ္ၿပီး လက္ရွိေဈးကြက္အရ သူဟာေပါင္ ၄၅ သန္းေလာက္ တန္ေၾကးရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။
နီယက္ဇ္ဟာ အရင္ကလည္း ဥေရာပအသင္းႀကီး ေတာ္ေတာ္မ်ားမ်ားနဲ႔ သတင္းထြက္ခဲ့ဖူးသူျဖစ္ၿပီး သူ႔ကိုစိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ လီဗာပူး ပါဝင္လာခဲ့ၿပီ ျဖစ္ပါတယ္။
နီယက္ဇ္နဲ႔ သတင္းေတြထြက္ေပၚလာခဲ့ေပမယ့္ ဒီသတင္းေတြအေပၚ လီဗာပူးဘက္က တစုံတရာ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။
နီယက္ဇ္သာ တကယ္တမ္းလီဗာပူးကို ေရာက္မယ္ဆိုရင္ လီဗာပူးအသင္းတိုက္စစ္ဟာ တျခားဘယ္အသင္းကိုမဆို ယွဥ္ၿပိဳင္ႏိုင္ေတာ့မွာျဖစ္ေပမယ့္ မာေနးနဲ႔ ဆာလက္တို႔ရွိေနတဲ့ ေတာင္ပံတိုက္စစ္မွာေတာ့ ပုံမွန္ေနရာရဖို႔ ခက္ခဲႏိုင္ပါတယ္။
နီယက္ဇ္ဟာ ဆာေပၚလိုအသင္းကေန ေအဂ်က္အသင္းကို ၂၀၁၇ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ေအဂ်က္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၁၁ ပြဲကစား ၿပီး ၃၁ ဂိုးသြင္းကာ ၃၃ ႀကိမ္ဖန္တီးမႈ ျပဳလုပ္ထားသူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရာသီပုံစံေကာင္းေၾကာင့္ နီယက္ဇ္ကို ဘရာဇီးလက္ေ႐ြးစင္အသင္းကလည္း ေခၚယူခဲ့ၿပီး ကိုပါအေမရိက ဖလားရခဲ့သူျဖစ္ပါတယ္။
နီယက္ဇ္ဟာ အခုရာသီမွာလည္း သူ႔ရဲ႕ပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္ၿပီး ၁၂ ပြဲကစားၿပီးခ်ိန္မွာ ၂ ဂိုးသြင္းၿပီး ဂိုဖန္တီးမႈ တႀကိမ္ျပဳလုပ္ထားပါတယ္။