
ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ ဂျိုရှုဝေါင် ရွေးကောက်ပွဲ ဝင်အရွေးခံမည်

Email This Story :
ထင်ရှားတဲ့ ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်က ဒေသခရိုင်ကောင်စီ ရွေးကောက်ပွဲတွေမှာ ပါဝင်အရွေးခံမယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။
ဂျိုရှုဝေါင်ဟာ ဇွန် ၂၁ ရက်က ဟောင်ကောင်ရဲဌာနချုပ် အပြင်ဘက်မှာလုပ်တဲ့ တရားမဝင် လူထုအစည်းအဝေးမှာပါဝင်မှုနဲ့ စွဲချက်တင်ခံရပြီးနောက် အာမခံနဲ့လွတ်လာသူ ဖြစ်ပါတယ်။
ဒေသခရိုင်ကောင်စီရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့် ဝေါင်က သူ့လို လူငယ်တက်ကြွ လှုပ်ရှားသူတွေ ဝင်အရွေးခံမှာကိုတားဆီးရင် အဲဒီလိုတားသူတွေ ပေးဆပ်ရလိမ့်မယ်လို့ ရဲဌာနချုပ် အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဟောင်ကောင်ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး ဂရက်ဖက်တီပုံတွေ ဆွဲထားတဲ့ လီနွန်တုံတိုင်းတွေ ပြန်ဆောက်ရင်း၊ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ “ထီးအမိုး” လှုပ်ရှားမှု ပဉ္စမမြောက် နှစ်ပတ်လည်ကို ပြုလုပ်ရင်း အလုပ်များနေကြပါတယ်။
=====================
ေဟာင္ေကာင္ဒီမိုကေရစီအေရး လႈပ္ရွားသူ ဂ်ိဳရႈေဝါင္ ေ႐ြးေကာက္ပြဲ ဝင္အေ႐ြးခံမည္
DVB
ထင္ရွားတဲ့ ေဟာင္ေကာင္ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူ ဂ်ိဳရႈေဝါင္က ေဒသခ႐ိုင္ေကာင္စီ ေ႐ြးေကာက္ပြဲေတြမွာ ပါဝင္အေ႐ြးခံမယ္လို႔ စက္တင္ဘာ ၂၈ ရက္မွာ ေၾကညာလိုက္ပါတယ္။
ဂ်ိဳရႈေဝါင္ဟာ ဇြန္ ၂၁ ရက္က ေဟာင္ေကာင္ရဲဌာနခ်ဳပ္ အျပင္ဘက္မွာလုပ္တဲ့ တရားမဝင္ လူထုအစည္းအေဝးမွာပါဝင္မႈနဲ႔ စြဲခ်က္တင္ခံရၿပီးေနာက္ အာမခံနဲ႔လြတ္လာသူ ျဖစ္ပါတယ္။
ေဒသခ႐ိုင္ေကာင္စီေ႐ြးေကာက္ပြဲမွာ ဝင္အေ႐ြးခံမယ့္ ေဝါင္က သူ႔လို လူငယ္တက္ႂကြ လႈပ္ရွားသူေတြ ဝင္အေ႐ြးခံမွာကိုတားဆီးရင္ အဲဒီလိုတားသူေတြ ေပးဆပ္ရလိမ့္မယ္လို႔ ရဲဌာနခ်ဳပ္ အျပင္ဘက္မွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
ေဟာင္ေကာင္ဒီမိုကေရစီအေရး ေတာင္းဆိုဆႏၵျပသူေတြဟာ အစိုးရဆန႔္က်င္ေရး ဂရက္ဖက္တီပုံေတြ ဆြဲထားတဲ့ လီႏြန္တုံတိုင္းေတြ ျပန္ေဆာက္ရင္း၊ လမ္းေပၚထြက္ ဆႏၵျပတဲ့ “ထီးအမိုး” လႈပ္ရွားမႈ ပၪၥမေျမာက္ ႏွစ္ပတ္လည္ကို ျပဳလုပ္ရင္း အလုပ္မ်ားေနၾကပါတယ္။