A d v e r t i s e m e n t With Us

ဆန်စီရိုကွင်းကြီးအစား ခမ်းနားသည့် ဒီဇိုင်းပုံစံကွင်းသစ်တခု တည်ဆောက်ရန် ပြင်ဆင်

အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့ဟာ လက်ရှိအိမ်ကွင်းအဖြစ် ပူးတွဲ လက်ခံကစားနေတဲ့ ဆန်စီရိုကွင်းကြီးနေရာမှာ ကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းပုံစံကွင်းသစ်တခုကို တည်ဆောက်ဖို့ ရှိနေပါတယ်။ ကွင်းသစ်စီမံကိန်းအတွက် တင်ပြထားတဲ့ ဒီဇိုင်းပုံစံနှစ်မျိုးမှာတော့ ပထမပုံစံက ကလပ်အသင်းကြီး နှစ်သင်းရဲ့သမိုင်းကြောင်းတွေကို ထင်ဟပ်ပြမယ့် ခေတ်ရှေ့ပြေး ဒီဇိုင်းဖြစ်ပြီး ဒုတိယပုံစံကတော့ ကြီးကျယ်ခမ်းနားတဲ့ နာမည်ကြီး ကတ်သီဒရယ် ဘုရားကျောင်းဒီဇိုင်းကို မှီငြိမ်းထားတဲ့ ပုံစံဖြစ်ပါတယ်။  ဒီဇိုင်းပုံကြမ်း နှစ်မျိုးစလုံးအရတော့ လက်ရှိဆန်စီရိုကွင်းဝင်ဆံ့တဲ့ ၈၅၇၀၀ ဦး ထက်လျော့နည်းသွားမှာ ဖြစ်ပြီး ပရိသတ် ၆၀၀၀၀ လောက်ပဲ ဝင်ဆန့်နိုင်တော့မှာ ဖြစ်ပါတယ်။  ကွင်းသစ်အတွက် ပေါင်သန်း ၆၅၀ လောက်ကုန်ကျဖို့ရှိနေပြီးတော့ မီလန်မြို့ခံ နှစ်သင်းစလုံးကတော့ ကိုယ်ပိုင်ကွင်းအဖြစ်တည်ဆောက်ဖို့ လိုလားနေကြတာဖြစ်ပါတယ်။  လက်ရှိ ဆန်စီရိုကွင်းကြီးကိုတော့ မီလန်မြို့ကောင်စီက ပိုင်ဆိုင်ပြီး လာမယ့် ၂၀၂၆ မှာလည်း နွေရာသီအိုလံပစ်ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ ရှိနေပါတယ်။ ============================= ဆန္စီ႐ိုကြင္းႀကီးအစား ခမ္းနားသည့္ ဒီဇိုင္းပုံစံကြင္းသစ္တခု တည္ေဆာက္ရန္ ျပင္ဆင္ DVB ေအစီမီလန္နဲ႔ အင္တာမီလန္အသင္းတို႔ဟာ လက္ရွိအိမ္ကြင္းအျဖစ္ ပူးတြဲ လက္ခံကစားေနတဲ့ ဆန္စီ႐ိုကြင္းႀကီးေနရာမွာ ႀကီးက်ယ္ခမ္းနားတဲ့ ဒီဇိုင္းပုံစံကြင္းသစ္တခုကို တည္ေဆာက္ဖို႔ ရွိေနပါတယ္။ ကြင္းသစ္စီမံကိန္းအတြက္ တင္ျပထားတဲ့ ဒီဇိုင္းပုံစံႏွစ္မ်ိဳးမွာေတာ့ ပထမပုံစံက ကလပ္အသင္းႀကီး ႏွစ္သင္းရဲ႕သမိုင္းေၾကာင္းေတြကို ထင္ဟပ္ျပမယ့္ ေခတ္ေရွ႕ေျပး ဒီဇိုင္းျဖစ္ၿပီး ဒုတိယပုံစံကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ နာမည္ႀကီး ကတ္သီဒရယ္ ဘုရားေက်ာင္းဒီဇိုင္းကို မွီၿငိမ္းထားတဲ့ ပုံစံျဖစ္ပါတယ္။ ဒီဇိုင္းပုံၾကမ္း ႏွစ္မ်ိဳးစလုံးအရေတာ့ လက္ရွိဆန္စီ႐ိုကြင္းဝင္ဆံ့တဲ့ ၈၅၇၀၀ ဦး ထက္ေလ်ာ့နည္းသြားမွာ ျဖစ္ၿပီး ပရိသတ္ ၆၀၀၀၀ ေလာက္ပဲ ဝင္ဆန႔္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ကြင္းသစ္အတြက္ ေပါင္သန္း ၆၅၀ ေလာက္ကုန္က်ဖို႔ရွိေနၿပီးေတာ့ မီလန္ၿမိဳ႕ခံ ႏွစ္သင္းစလုံးကေတာ့ ကိုယ္ပိုင္ကြင္းအျဖစ္တည္ေဆာက္ဖို႔ လိုလားေနၾကတာျဖစ္ပါတယ္။ လက္ရွိ ဆန္စီ႐ိုကြင္းႀကီးကိုေတာ့ မီလန္ၿမိဳ႕ေကာင္စီက ပိုင္ဆိုင္ၿပီး လာမယ့္ ၂၀၂၆ မွာလည္း ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲေတြ လက္ခံက်င္းပဖို႔ ရွိေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up