A d v e r t i s e m e n t With Us

ရာသီဥတုနှင့်ပတ်သက်၍ ပိုမိုလုပ်ဆောင်ရန် ကနေဒါဝန်ကြီးကို ဆွီဒင်ဆက်ကျော်သက် ပြော

ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက်  ဂရက်သာသန်းဘာ့ဂ်က ကနေဒါဝန်ကြီးချုပ် ဂျက်စတထေရူးဒေါကို ရာသီဥတုနဲ့ ပတ်သက်လို့ အခုထက် ပိုမိုလုပ်ဆောင်ဖို့ လိုတယ်လို့  စက်တင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။  တက်ကြွလှုပ်ရှားသူ သန်းဘာ့ဂ်ဟာ ဝန်ကြီးချုပ် ထရူးဒေါနဲ့ ၁၅ မိနစ်ကြာ သီးခြားတွေ့ဆုံပြီးနောက် ထရူးဒေါကို သတင်းစကားပြောကြားခဲ့တာပါ။    ထရူးဒေါရဲ့ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ဟာ မလုံလောက်သေးဘဲ ဒါဟာ ပြဿနာကြီး တရပ်ဖြစ်တယ်လို့  သန်းဘာ့ဂ်က ပြောခဲ့ပါတယ်။    သိပ္ပံအချက်အလက်တွေကို နားစွင့်ပြီး အဲဒီအတိုင်းလုပ်ကြဖို့ နိုင်ငံရေးသမားအားလုံးကို  မှာကြားလိုတယ်လို့ သန်းဘာ့ဂ်က ဆိုပါတယ်။   ကနေဒါဝန်ကြီးချုပ် ထရူးဒေါဟာ ပိုမိုလုပ်ဆောင်မယ်လို့ ကတိပေးပေမယ့်  ကနေဒါအနောက်ပိုင်း ရေနံပိုက်လိုင်းစီမံကိန်း ဝယ်ယူချဲ့ထွင်မယ့် သူ့ဆုံးဖြတ်ချက်ကိုတော့  ကာကွယ်ပြောခဲ့ပါတယ်။  ဆွီဒင်ဆယ်ကျော်သက် ဂရက်သာဟာ  ကနေဒါမှာ ပြုလုပ်နေတဲ့ ရာသီဥတုဆိုင်ရာ  သပိတ်ပွဲမှာ ပါဝင်ဆင်နွှဲနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ =================== ရာသီဥတုႏွင့္ပတ္သက္၍ ပိုမိုလုပ္ေဆာင္ရန္ ကေနဒါဝန္ႀကီးကို ဆြီဒင္ဆက္ေက်ာ္သက္ ေျပာ DVB ရာသီဥတုဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဆြီဒင္ဆယ္ေက်ာ္သက္  ဂရက္သာသန္းဘာ့ဂ္က ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတေထ႐ူးေဒါကို ရာသီဥတုနဲ႔ ပတ္သက္လို႔ အခုထက္ ပိုမိုလုပ္ေဆာင္ဖို႔ လိုတယ္လို႔  စက္တင္ဘာ ၂၇ ရက္မွာ ေျပာလိုက္ပါတယ္။ တက္ႂကြလႈပ္ရွားသူ သန္းဘာ့ဂ္ဟာ ဝန္ႀကီးခ်ဳပ္ ထ႐ူးေဒါနဲ႔ ၁၅ မိနစ္ၾကာ သီးျခားေတြ႕ဆုံၿပီးေနာက္ ထ႐ူးေဒါကို သတင္းစကားေျပာၾကားခဲ့တာပါ။ ထ႐ူးေဒါရဲ႕ ရာသီဥတုဆိုင္ရာ လုပ္ေဆာင္ခ်က္ဟာ မလုံေလာက္ေသးဘဲ ဒါဟာ ျပႆနာႀကီး တရပ္ျဖစ္တယ္လို႔  သန္းဘာ့ဂ္က ေျပာခဲ့ပါတယ္။ သိပၸံအခ်က္အလက္ေတြကို နားစြင့္ၿပီး အဲဒီအတိုင္းလုပ္ၾကဖို႔ ႏိုင္ငံေရးသမားအားလုံးကို  မွာၾကားလိုတယ္လို႔ သန္းဘာ့ဂ္က ဆိုပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ ထ႐ူးေဒါဟာ ပိုမိုလုပ္ေဆာင္မယ္လို႔ ကတိေပးေပမယ့္  ကေနဒါအေနာက္ပိုင္း ေရနံပိုက္လိုင္းစီမံကိန္း ဝယ္ယူခ်ဲ႕ထြင္မယ့္ သူ႔ဆုံးျဖတ္ခ်က္ကိုေတာ့  ကာကြယ္ေျပာခဲ့ပါတယ္။ ဆြီဒင္ဆယ္ေက်ာ္သက္ ဂရက္သာဟာ  ကေနဒါမွာ ျပဳလုပ္ေနတဲ့ ရာသီဥတုဆိုင္ရာ  သပိတ္ပြဲမွာ ပါဝင္ဆင္ႏႊဲေနတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up