အာဖဂန်ရွေးကောက်ပွဲ ဒုတိယ သက်တမ်းအတွက် သမ္မတအာရှက်ဖ်ဂါနီ မဲပေး

စက်တင်ဘာ ၂၈ ရက်မှာ ပြုလုပ်တဲ့   အာဖဂန် ရွေးကောက်ပွဲမှာ ဒုတိယ သက်တမ်းအတွက်  သမ္မတ အာရှက်ဖ်ဂါနီ လာရောက်မဲပေးခဲ့ပါတယ်။  လာရောက်မဲပေးတဲ့ သမ္မတဂါနီက အာဖဂန်ပြည်သူတွေရဲ့ ဆန္ဒမဲဟာ အာဖဂန်နစ္စတန်ကို ရှေ့ဆက်သွားစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။   သမ္မတ အာရှက်ဖ်ဂါနီ မဲပေးနေချိန်မှာပဲ ဂါဇနီနဲ့ ဂျလာလာ ဘတ်မြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။  အာဖဂန်ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြည်သူ ၉ သန်းကျော် စာရင်းပေးထားပြီး ရွေးကောက်ပွဲ လုံခြုံရေးအတွက်  ခရိုင် ၃၄ ခုမှာ သောင်းနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နေရာချထားပါတယ်။   အကြမ်းဖက်အဖွဲ့တွေက မဲပေးမယ့် ပြည်သူတွေကို မဲမပေးဖို့ ခြိမ်းခြောက်ထားပြီး  မဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံရမယ်လို့ပြောထားပါတယ်။   ဒါကြောင့် ရွေးကောက်ပွဲမတိုင်မီကတည်းက မြို့တော်ကဘူးလ်မှာ လုံခြုံရေးကို  အထူးကြပ်မတ်ထားပါတယ်။    လက်ရှိသမ္မတဂါနီဟာ  ဒုတိယသက်တမ်း အနိုင်ရဖွယ်ရှိတယ်လို့ ရှုမြင်ခံရပါတယ်။  ဒါပေမယ့် အနိုင်ရရင်လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေ ပိုမိုနက်ရှိုင်းနိုင်တယ်၊ တာလီဘန်တွေ ပိုမိုရဲတင်းလာနိုင်တယ်၊ နောက်ပြီး  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်တာတွေ ရှိနေပါတယ်။ =================== အာဖဂန္ေ႐ြးေကာက္ပြဲ ဒုတိယ သက္တမ္းအတြက္ သမၼတအာရွက္ဖ္ဂါနီ မဲေပး DVB စက္တင္ဘာ ၂၈ ရက္မွာ ျပဳလုပ္တဲ့   အာဖဂန္ ေ႐ြးေကာက္ပြဲမွာ ဒုတိယ သက္တမ္းအတြက္  သမၼတ အာရွက္ဖ္ဂါနီ လာေရာက္မဲေပးခဲ့ပါတယ္။ လာေရာက္မဲေပးတဲ့ သမၼတဂါနီက အာဖဂန္ျပည္သူေတြရဲ႕ ဆႏၵမဲဟာ အာဖဂန္နစၥတန္ကို ေရွ႕ဆက္သြားေစလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ သမၼတ အာရွက္ဖ္ဂါနီ မဲေပးေနခ်ိန္မွာပဲ ဂါဇနီနဲ႔ ဂ်လာလာ ဘတ္ၿမိဳ႕ေတြမွာ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ အာဖဂန္ေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔ ျပည္သူ ၉ သန္းေက်ာ္ စာရင္းေပးထားၿပီး ေ႐ြးေကာက္ပြဲ လုံၿခဳံေရးအတြက္  ခ႐ိုင္ ၃၄ ခုမွာ ေသာင္းနဲ႔ခ်ီတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ေနရာခ်ထားပါတယ္။ အၾကမ္းဖက္အဖြဲ႕ေတြက မဲေပးမယ့္ ျပည္သူေတြကို မဲမေပးဖို႔ ၿခိမ္းေျခာက္ထားၿပီး  မဟုတ္ရင္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ခံရမယ္လို႔ေျပာထားပါတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲမတိုင္မီကတည္းက ၿမိဳ႕ေတာ္ကဘူးလ္မွာ လုံၿခဳံေရးကို  အထူးၾကပ္မတ္ထားပါတယ္။ လက္ရွိသမၼတဂါနီဟာ  ဒုတိယသက္တမ္း အႏိုင္ရဖြယ္ရွိတယ္လို႔ ရႈျမင္ခံရပါတယ္။  ဒါေပမယ့္ အႏိုင္ရရင္လည္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ပိုမိုနက္ရႈိင္းႏိုင္တယ္၊ တာလီဘန္ေတြ ပိုမိုရဲတင္းလာႏိုင္တယ္၊ ေနာက္ၿပီး  ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ အေႏွာင့္အယွက္ျဖစ္ႏိုင္တယ္ဆိုၿပီး စိုးရိမ္ပူပန္တာေတြ ရွိေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up