ကလေးများအပါအဝင် ဖမ်းဆီးနှိပ်စက်ခံထားရသည့် လူ ၃၀၀ ကျော်ကို နိုင်ဂျီးရီးယားရဲ ကယ်တင်

နိုင်ဂျီးရီးယားမှာ ကလေးအများစုအပါအဝင် ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးခံထားရတဲ့ လူပေါင်း ၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်မှာ ကယ်တင်လိုက်ပါတယ်။
ဖမ်းဆီးခံ ကလေးငယ်တွေဟာ အသက် ၅ နှစ်ကနေ ဆယ်ကျော်သက်ကြားရှိပြီး သူတို့လက်တွေနဲ့ ခြေတွေကို သံကြိုးတွေ ခတ်ထားပါတယ်။
သူတို့ကို နိုင်ငံမြောက်ပိုင်း ခါဒူနာမြို့က ဘာသာရေးကျောင်းဖွင့်လှစ်ထားတဲ့ အဆောက်အဦအတွင်း ကယ်တင်ခဲ့တာပါ။
ရဲတပ်ဖွဲ့စီးနင်းမှုအတွင်း ဘာသာရေးဆရာလို့ ထင်ရတဲ့ လူ ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆောက်အဦအတွင်း အဲဒီကလေးငယ်တွေ ဘယ်လောက်ကြာကြာရှိခဲ့လည်း ဆိုတာက မသဲကွဲပါဘူး။
ရဲမင်းကြီးဖြစ်သူက အဲဒီနေရာဟာ ပြန်ထူထောင်ရေးစခန်းနဲ့ ဘာသာရေးကျောင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ကလေးငယ်တွေဟာ ဘာကီနာဖာဆို၊ မာလီ၊ ဂါနာနဲ့ တခြားနိုင်ငံတွေက ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒေသမီဒီယာကတော့ ဖမ်းဆီးခံရသူတွေဟာ နှိပ်စက်ခံရတာတွေ၊ အစာငတ်ခံရတာတွေနဲ့ လိင်ပိုင်းနှိပ်စက်ခံရတာတွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။
ကလေးငယ်တဦးကျောပေါ်မှာ ကြိမ်ဒဏ်လို ဒဏ်ရာတွေ အမျာကြီးတွေ့ပေမယ်လည်း ရိုက်တာအနေနဲ့ ဒေသမီဒီယာဖော်ပြချက်ကို ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
===============================
ကေလးမ်ားအပါအဝင္ ဖမ္းဆီးႏွိပ္စက္ခံထားရသည့္ လူ ၃၀၀ ေက်ာ္ကို ႏိုင္ဂ်ီးရီးယားရဲ ကယ္တင္
DVB
ႏိုင္ဂ်ီးရီးယားမွာ ကေလးအမ်ားစုအပါအဝင္ ညႇဥ္းပန္းႏွိပ္စက္ ဖမ္းဆီးခံထားရတဲ့ လူေပါင္း ၃၀၀ ေက်ာ္ကို ရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၇ ရက္မွာ ကယ္တင္လိုက္ပါတယ္။
ဖမ္းဆီးခံ ကေလးငယ္ေတြဟာ အသက္ ၅ ႏွစ္ကေန ဆယ္ေက်ာ္သက္ၾကားရွိၿပီး သူတို႔လက္ေတြနဲ႔ ေျခေတြကို သံႀကိဳးေတြ ခတ္ထားပါတယ္။
သူတို႔ကို ႏိုင္ငံေျမာက္ပိုင္း ခါဒူနာၿမိဳ႕က ဘာသာေရးေက်ာင္းဖြင့္လွစ္ထားတဲ့ အေဆာက္အဦအတြင္း ကယ္တင္ခဲ့တာပါ။
ရဲတပ္ဖြဲ႕စီးနင္းမႈအတြင္း ဘာသာေရးဆရာလို႔ ထင္ရတဲ့ လူ ၇ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
အေဆာက္အဦအတြင္း အဲဒီကေလးငယ္ေတြ ဘယ္ေလာက္ၾကာၾကာရွိခဲ့လည္း ဆိုတာက မသဲကြဲပါဘူး။
ရဲမင္းႀကီးျဖစ္သူက အဲဒီေနရာဟာ ျပန္ထူေထာင္ေရးစခန္းနဲ႔ ဘာသာေရးေက်ာင္း မဟုတ္ဘူးလို႔ ဆိုပါတယ္။
ကေလးငယ္ေတြဟာ ဘာကီနာဖာဆို၊ မာလီ၊ ဂါနာနဲ႔ တျခားႏိုင္ငံေတြက ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။
ေဒသမီဒီယာကေတာ့ ဖမ္းဆီးခံရသူေတြဟာ ႏွိပ္စက္ခံရတာေတြ၊ အစာငတ္ခံရတာေတြနဲ႔ လိင္ပိုင္းႏွိပ္စက္ခံရတာေတြ ေတြ႕ရွိတယ္လို႔ ဆိုပါတယ္။
ကေလးငယ္တဦးေက်ာေပၚမွာ ႀကိမ္ဒဏ္လို ဒဏ္ရာေတြ အမ်ာႀကီးေတြ႕ေပမယ္လည္း ႐ိုက္တာအေနနဲ႔ ေဒသမီဒီယာေဖာ္ျပခ်က္ကို ခ်က္ခ်င္း အတည္မျပဳႏိုင္ေသးဘူးလို႔ သိရပါတယ္။