အကြမ်းဖက်ဆန္ဒပြသူများကို ဟေတီရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နှင့် ကျည်အစစ်သုံး လူစုခွဲ

ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်စ်ပရင့်မှာ အကြမ်းဖက် ဆန္ဒပြသူတွေကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ကျည်အစစ်သုံးပြီး လူစုခွဲခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ ရက်က ဆန္ဒပြပွဲဟာ အကြီးမားဆုံးနဲ့ အကြမ်းဖက်ဆုံး ဖြစ်တယ်လို့ မျက်မြင်တွေက ဆိုပြိး အဲဒီဆန္ဒပြပွဲမှာ ဟေတီရဲတပ်ဖွဲ့ရဲ့ အထူးအဖွဲ့တစ်ခုဆီကနေ လက်နက်တွေ လုယူကာ ရဲကားတစ်စီးကို မီးရှို့ခဲ့ပါတယ်။
ကြွယ်ဝချမ်းသာတဲ့ ဒယ်မာစ်နဲ့ ပတ်သီယွန်ဗီးလ် ရပ်ကွက်တွေမှာ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးက ဈေးဆိုင်တွေ၊ ဘဏ်တွေ၊ ငွေလွှဲနေရာတွေ၊ အေတီအမ် စက်တွေနဲ့ ဆေးဆိုင်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ဟာ အဆောက်အအုံ တလုံးကို မီးရှို့ခဲ့ပါကြပါတယ်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှု နဲ့ နိုင်ငံရေးပြသနာတွေကို မဖြေရှင်းနိုင်တဲ့အတွက် သမ္မတ ဟိုဗယ်နယ်နွိုက်စ်ကို ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူအတော်များများက တောင်းဆိုနေပါတယ်။
သမ္မတ ဟာဗယ်နယ်မွိုက်စ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ့် အစီအစဉ်ကို ဖျက်ခဲ့ရပြီး နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဟေတီနိုင်ငံမှာ မကြာသေးခင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
==========================
အၾကမ္းဖက္ဆႏၵျပသူမ်ားကို ေဟတီရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕ႏွင့္ က်ည္အစစ္သုံး လူစုခြဲ
DVB
ေဟတီႏိုင္ငံ ၿမိဳ႕ေတာ္ ပို႔စ္ေအာ္စ္ပရင့္မွာ အၾကမ္းဖက္ ဆႏၵျပသူေတြကို စက္တင္ဘာ ၂၇ ရက္ေန႔မွာ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕နဲ႔ က်ည္အစစ္သုံးၿပီး လူစုခြဲခဲ့ပါတယ္။
စက္တင္ဘာလ ၂၇ ရက္က ဆႏၵျပပြဲဟာ အႀကီးမားဆုံးနဲ႔ အၾကမ္းဖက္ဆုံး ျဖစ္တယ္လို႔ မ်က္ျမင္ေတြက ဆိုၿပိး အဲဒီဆႏၵျပပြဲမွာ ေဟတီရဲတပ္ဖြဲ႕ရဲ႕ အထူးအဖြဲ႕တစ္ခုဆီကေန လက္နက္ေတြ လုယူကာ ရဲကားတစ္စီးကို မီးရႈိ႕ခဲ့ပါတယ္။
ႂကြယ္ဝခ်မ္းသာတဲ့ ဒယ္မာစ္နဲ႔ ပတ္သီယြန္ဗီးလ္ ရပ္ကြက္ေတြမွာ ေဒါသျဖစ္ေနတဲ့ လူအုပ္ႀကီးက ေဈးဆိုင္ေတြ၊ ဘဏ္ေတြ၊ ေငြလႊဲေနရာေတြ၊ ေအတီအမ္ စက္ေတြနဲ႔ ေဆးဆိုင္ေတြကို ဖ်က္ဆီးပစ္ခဲ့ပါတယ္။
ဒါ့အျပင္ သူတို႔ဟာ အေဆာက္အအုံ တလုံးကို မီးရႈိ႕ခဲ့ပါၾကပါတယ္။ ႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ စီးပြားေရးက်ဆင္းမႈ နဲ႔ ႏိုင္ငံေရးျပသနာေတြကို မေျဖရွင္းႏိုင္တဲ့အတြက္ သမၼတ ဟိုဗယ္နယ္ႏြိဳက္စ္ကို ရာထူးက ႏုတ္ထြက္ေပးဖို႔ ဆႏၵျပသူအေတာ္မ်ားမ်ားက ေတာင္းဆိုေနပါတယ္။
သမၼတ ဟာဗယ္နယ္မြိဳက္စ္ဟာ ကုလသမဂၢ အေထြေထြညီလာခံမွာ မိန႔္ခြန္းေျပာမယ့္ အစီအစဥ္ကို ဖ်က္ခဲ့ရၿပီး ႏိုင္ငံကို မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။
ေဟတီႏိုင္ငံမွာ မၾကာေသးခင္ျဖစ္ခဲ့တဲ့ ပဋိပကၡေတြအတြင္း လူ ၄ ေယာက္ ေသဆုံးခဲ့ပါတယ္။