Home
မြန်မာသတင်း
နေထိုင်ခွင့်သက်တမ်းကုန်တော့မည့် ထိုင်းရောက်အလုပ်သမားများ ကြိုတင်စာရင်းသွင်းရမည်
နန်းမြနဒီ
·
September 28, 2019
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေထဲက စက်တင်ဘာနဲ့ နိုဝင်ဘာလကုန်တွေမှာ နေထိုင်ခွင့်သက်တမ်း ကုန်မယ့်သူတွေ ပတ်စ်ပို့ပြောင်းကိုင်ပြီး နေထိုင်ခွင့်သက်တမ်းတိုးဖို့  သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံးတွေမှာ ကြိုတင်အမည်စာရင်းသွင်းဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။ အစိမ်းရောင်စီအိုင်ကတ်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဒီတခေါက် သက်တမ်းကုန်ရင် စာအုပ်ကြီး (ပတ်စပို့အနီရောင်ကို) အားလုံး ကူးပြောင်းကြရမှာဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ် အဆင်ပြေအောင် နှစ်နိုင်ငံအစိုးရက ထိုင်းနိုင်ငံရှိ ခရိုင်တိုင်းမှာ One Stop Service Center ဖွင့်လှစ်ဆောင်ရွက်ပေးဖို့ ကနဦး သဘောတူထားကြပေမယ့် အခုချိန်ထိ မဖွင့်လှစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးချိန်အမီ သက်တမ်းတိုးနိုင်ဖို့အတွက် ဒီလဆန်းပိုင်း စက်တင်ဘာ ၂ ရက်နေ့ကစပြီး  အလုပ်သမားရုံးမှာ အမည်စာရင်းတင်သွင်းထားဖို့ သက်ဆိုင်ရာက ကြေညာထားတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။  “စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေကနေပြီး မိမိစက်ရုံမှာရှိတဲ့ သက်တမ်းတိုးရမယ့် လုပ်သားဦးရေ  အရေအတွက်၊ ကိုယ်ရေးရာဇဝင် စာရင်းဇယားတွေကို သက်ဆိုင်ရာ အလုပ်သမားရုံးမှာ သွားတင်ရပါမယ်၊ ပြီးတော့မှ ဆေးရုံမှာ ကျန်းမာရေး ဆေးစစ်တာတွေ လုပ်ရမယ်၊ ပြီးတော့မှ One Stop Service Center ကို သွားရမယ်လို့ ဌာနဆိုင်ရာနဲ့ အလုပ်ရှင်များ အစည်းအဝေးမှာ ပြောထားပါတယ်။ အလုပ်သမားဘက်က ကြုံရတဲ့ အခက်အခဲကတော့ အမြဲကြားနေကျ အစိုးရ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဖြစ်မလာတာ၊ ရှေ့နောက် မညီညွတ်တာ၊ လူတအားများတော့ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရတာ၊ ကုန်ကျငွေတွေထက် ပိုကုန်တာတွေတော့ ရှိတာပေါ့ ခင်ဗျာ၊ ထုံးစံလို ဖြစ်နေတာ။” မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိရာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာလည်း အထောက်အထား ပြည့်စုံတဲ့ အလုပ်သမားတွေအနေနဲ့ ခရိုင်အလုပ်သမား ရှာဖွေရေးရုံးမှာ သွားရောက် စာရင်းသွင်းနိုင်ပြီး တိုကင်နံပါတ်တွေ ရယူနိုင်ပြီဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာမှတ်ပုံတင် မရှိတဲ့သူတွေအတွက်တော့ အခက်အခဲ ရှိနေဆဲပဲလို့ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ HRDF လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တာဝန်ခံ စိုင်းပိုင်းက ပြောပါတယ်။  “စာအုပ်ကြီး ပြောင်းကြရတော့မယ်ဆိုတော့ နိုင်ငံသားမှတ်ပုံတင် လိုတယ်လေ။ ဒါပေမဲ့ တချို့က ကျေးလက်တောရွာတွေကနေ လာကြတာ၊ သူတို့မှာ မြန်မာမှတ်ပုံတင်တွေ၊ အိမ်ထောင်စုဇယားတွေ မရှိဘူး။ ပြန်လုပ်ဖို့ကလည်း တချို့က တိုက်ပွဲဖြစ်လို့ ရွာပျက်ပြီး ရောက်လာတာ၊ ရွာမှာ အိမ်လည်း မရှိတော့ဘူး။ ဒီထိုင်းမှာ လာမွေးတဲ့သူတွေလည်း မြန်မာမှတ်ပုံတင်လည်း မရှိ၊ ထိုင်းမှတ်ပုံတင်လည်း မရှိတော့ အစိမ်းရောင်စာအုပ် သက်တမ်းကုန်ရင် ဘယ်လို ဆက်နေကြမလဲဆိုပြီး စိတ်ပူနေတာတွေရှိတယ်။” သူ့အနေနဲ့တော့ မိမိနေထိုင်ခဲ့တဲ့ ကျေးရွာအုပ်စုတွေ၊ သူကြီးတွေနဲ့ ဆက်သွယ်ပြီး မြန်မာပြည်က အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေ ကြိုးစားပြီး ပြန်လုပ်ဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။ နေထိုင်ခွင့်သက်တမ်း ကုန်သူတွေအနေနဲ့ မိမိမူရင်းနိုင်ငံ ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲကနေ စာအုပ်ကြီးကို ပြောင်းနိုင်ဖို့၊ ခရိုင်တိုင်းမှာ One Stop Service Center တွေ လာရောက်ဖွင့်လှစ်နိုင်ဖို့ လက်ရှိ နှစ်နိုင်ငံတာဝန်ရှိသူတွေ ကြိုးပမ်းနေတယ်လို့ ဘန်ကောက်ရှိ ထိုင်းမြန်မာသံရုံးမှ မြန်မာအလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ဒီဗွီဘီကို  ပြောပါတယ်။ “One Stop Service Center လုပ်ငန်းစဉ်က ၁၂ လပိုင်း ၁၅ ရက်နေ့လောက်မှာမှ စမှာဖြစ်တယ်။ ဒီကြားထဲ ကျနော်တို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းနေပါတယ်။ လာမယ့် နိုဝင်ဘာလထဲမှာ အစည်းအဝေးရှိဦးမယ်၊ ဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင် စီစဉ်နေတာပါ ခင်ဗျ။” ထိုင်းနိုင်ငံရှိ ခရိုင်တိုင်းမှာ OSSC စင်တာ မဖွင့်နိုင်သေးပေမယ့်လည်း ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်ရှိ အလုပ်သမားစင်တာမှာတော့ ဖွင့်လှစ်ထားတာ ကြာပြီမို့ မစောင့်ဆိုင်းနိုင်သူတွေအနေနဲ့ ဘယ်ခရိုင်ကပဲဖြစ်ဖြစ် မဟာချိုင်မှာ လာရောက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာ အလုပ်သမားရဲ့ အထောက်အထား (အစိမ်းရောင်စီအိုင်စာအုပ်/ ခရမ်းရောင် ယာယီပတ်စပို့)၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား (မူရင်း)နဲ့ အိမ်ထောင်စုဇယား/သန်းခေါင်စာရင်း (မိတ္တူတွေ) ယူဆောင်လာရမယ်လို့ အလုပ်သမား သံအရာရှိက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနထိုင္ခြင့္သက္တမ္းကုန္ေတာ့မည့္ ထိုင္းေရာက္အလုပ္သမားမ်ား ႀကိဳတင္စာရင္းသြင္းရမည္ ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြထဲက စက္တင္ဘာနဲ႔ ႏိုဝင္ဘာလကုန္ေတြမွာ ေနထိုင္ခြင့္သက္တမ္း ကုန္မယ့္သူေတြ ပတ္စ္ပို႔ေျပာင္းကိုင္ၿပီး ေနထိုင္ခြင့္သက္တမ္းတိုးဖို႔  သက္ဆိုင္ရာ ခ႐ိုင္အလုပ္သမား႐ုံးေတြမွာ ႀကိဳတင္အမည္စာရင္းသြင္းဖို႔ သက္ဆိုင္ရာက ေၾကညာထားပါတယ္။ အစိမ္းေရာင္စီအိုင္ကတ္နဲ႔ ခရမ္းေရာင္ ယာယီႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူေတြဟာ ဒီတေခါက္ သက္တမ္းကုန္ရင္ စာအုပ္ႀကီး (ပတ္စပို႔အနီေရာင္ကို) အားလုံး ကူးေျပာင္းၾကရမွာျဖစ္ၿပီး အဆိုပါလုပ္ငန္းစဥ္ အဆင္ေျပေအာင္ ႏွစ္ႏိုင္ငံအစိုးရက ထိုင္းႏိုင္ငံရွိ ခ႐ိုင္တိုင္းမွာ One Stop Service Center ဖြင့္လွစ္ေဆာင္႐ြက္ေပးဖို႔ ကနဦး သေဘာတူထားၾကေပမယ့္ အခုခ်ိန္ထိ မဖြင့္လွစ္ႏိုင္ေသးပါဘူး။ ဒါေပမဲ့ အလုပ္သမားေတြရဲ႕ ေနထိုင္ခြင့္သက္တမ္း ကုန္ဆုံးခ်ိန္အမီ သက္တမ္းတိုးႏိုင္ဖို႔အတြက္ ဒီလဆန္းပိုင္း စက္တင္ဘာ ၂ ရက္ေန႔ကစၿပီး  အလုပ္သမား႐ုံးမွာ အမည္စာရင္းတင္သြင္းထားဖို႔ သက္ဆိုင္ရာက ေၾကညာထားတယ္လို႔ မဟာခ်ိဳင္အေျခစိုက္ ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္အေရး ကြန္ရက္အဖြဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။ “စက္႐ုံ အလုပ္႐ုံ ပိုင္ရွင္ေတြကေနၿပီး မိမိစက္႐ုံမွာရွိတဲ့ သက္တမ္းတိုးရမယ့္ လုပ္သားဦးေရ  အေရအတြက္၊ ကိုယ္ေရးရာဇဝင္ စာရင္းဇယားေတြကို သက္ဆိုင္ရာ အလုပ္သမား႐ုံးမွာ သြားတင္ရပါမယ္၊ ၿပီးေတာ့မွ ေဆး႐ုံမွာ က်န္းမာေရး ေဆးစစ္တာေတြ လုပ္ရမယ္၊ ၿပီးေတာ့မွ One Stop Service Center ကို သြားရမယ္လို႔ ဌာနဆိုင္ရာနဲ႔ အလုပ္ရွင္မ်ား အစည္းအေဝးမွာ ေျပာထားပါတယ္။ အလုပ္သမားဘက္က ႀကဳံရတဲ့ အခက္အခဲကေတာ့ အၿမဲၾကားေနက် အစိုးရ သတ္မွတ္ထားတဲ့ လုပ္ငန္းစဥ္အတိုင္း ျဖစ္မလာတာ၊ ေရွ႕ေနာက္ မညီၫြတ္တာ၊ လူတအားမ်ားေတာ့ အခ်ိန္အၾကာႀကီး တန္းစီေစာင့္ဆိုင္းရတာ၊ ကုန္က်ေငြေတြထက္ ပိုကုန္တာေတြေတာ့ ရွိတာေပါ့ ခင္ဗ်ာ၊ ထုံးစံလို ျဖစ္ေနတာ။” ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား အမ်ားစုရွိရာ ထိုင္းေျမာက္ပိုင္း ခ်င္းမိုင္ခ႐ိုင္မွာလည္း အေထာက္အထား ျပည့္စုံတဲ့ အလုပ္သမားေတြအေနနဲ႔ ခ႐ိုင္အလုပ္သမား ရွာေဖြေရး႐ုံးမွာ သြားေရာက္ စာရင္းသြင္းႏိုင္ၿပီး တိုကင္နံပါတ္ေတြ ရယူႏိုင္ၿပီျဖစ္ေၾကာင္း၊ ဒါေပမဲ့ ျမန္မာမွတ္ပုံတင္ မရွိတဲ့သူေတြအတြက္ေတာ့ အခက္အခဲ ရွိေနဆဲပဲလို႔ ခ်င္းမိုင္အေျခစိုက္ အလုပ္သမားအေရး ေဆာင္႐ြက္ေနတဲ့ HRDF လူ႔အခြင့္အေရးနဲ႔ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္း တာဝန္ခံ စိုင္းပိုင္းက ေျပာပါတယ္။ “စာအုပ္ႀကီး ေျပာင္းၾကရေတာ့မယ္ဆိုေတာ့ ႏိုင္ငံသားမွတ္ပုံတင္ လိုတယ္ေလ။ ဒါေပမဲ့ တခ်ိဳ႕က ေက်းလက္ေတာ႐ြာေတြကေန လာၾကတာ၊ သူတို႔မွာ ျမန္မာမွတ္ပုံတင္ေတြ၊ အိမ္ေထာင္စုဇယားေတြ မရွိဘူး။ ျပန္လုပ္ဖို႔ကလည္း တခ်ိဳ႕က တိုက္ပြဲျဖစ္လို႔ ႐ြာပ်က္ၿပီး ေရာက္လာတာ၊ ႐ြာမွာ အိမ္လည္း မရွိေတာ့ဘူး။ ဒီထိုင္းမွာ လာေမြးတဲ့သူေတြလည္း ျမန္မာမွတ္ပုံတင္လည္း မရွိ၊ ထိုင္းမွတ္ပုံတင္လည္း မရွိေတာ့ အစိမ္းေရာင္စာအုပ္ သက္တမ္းကုန္ရင္ ဘယ္လို ဆက္ေနၾကမလဲဆိုၿပီး စိတ္ပူေနတာေတြရွိတယ္။” သူ႔အေနနဲ႔ေတာ့ မိမိေနထိုင္ခဲ့တဲ့ ေက်း႐ြာအုပ္စုေတြ၊ သူႀကီးေတြနဲ႔ ဆက္သြယ္ၿပီး ျမန္မာျပည္က အိမ္ေထာင္စုဇယားနဲ႔ မွတ္ပုံတင္ေတြ ႀကိဳးစားၿပီး ျပန္လုပ္ဖို႔ တိုက္တြန္းထားတယ္လို႔ ေျပာပါတယ္။ ေနထိုင္ခြင့္သက္တမ္း ကုန္သူေတြအေနနဲ႔ မိမိမူရင္းႏိုင္ငံ ျပန္စရာမလိုဘဲ ထိုင္းႏိုင္ငံထဲကေန စာအုပ္ႀကီးကို ေျပာင္းႏိုင္ဖို႔၊ ခ႐ိုင္တိုင္းမွာ One Stop Service Center ေတြ လာေရာက္ဖြင့္လွစ္ႏိုင္ဖို႔ လက္ရွိ ႏွစ္ႏိုင္ငံတာဝန္ရွိသူေတြ ႀကိဳးပမ္းေနတယ္လို႔ ဘန္ေကာက္ရွိ ထိုင္းျမန္မာသံ႐ုံးမွ ျမန္မာအလုပ္သမားသံအရာရွိ ဦးရဲရန္ေအာင္က ဒီဗြီဘီကို  ေျပာပါတယ္။ “One Stop Service Center လုပ္ငန္းစဥ္က ၁၂ လပိုင္း ၁၅ ရက္ေန႔ေလာက္မွာမွ စမွာျဖစ္တယ္။ ဒီၾကားထဲ က်ေနာ္တို႔ ႏွစ္ႏိုင္ငံ တာဝန္ရွိသူေတြၾကား ညႇိႏႈိင္းေနပါတယ္။ လာမယ့္ ႏိုဝင္ဘာလထဲမွာ အစည္းအေဝးရွိဦးမယ္၊ ဝန္ေဆာင္မႈ အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ေနတာပါ ခင္ဗ်။” ထိုင္းႏိုင္ငံရွိ ခ႐ိုင္တိုင္းမွာ OSSC စင္တာ မဖြင့္ႏိုင္ေသးေပမယ့္လည္း ဆမြတ္ဆာခြန္ခ႐ိုင္ မဟာခ်ိဳင္ရွိ အလုပ္သမားစင္တာမွာေတာ့ ဖြင့္လွစ္ထားတာ ၾကာၿပီမို႔ မေစာင့္ဆိုင္းႏိုင္သူေတြအေနနဲ႔ ဘယ္ခ႐ိုင္ကပဲျဖစ္ျဖစ္ မဟာခ်ိဳင္မွာ လာေရာက္ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ သက္ဆိုင္ရာ အလုပ္သမားရဲ႕ အေထာက္အထား (အစိမ္းေရာင္စီအိုင္စာအုပ္/ ခရမ္းေရာင္ ယာယီပတ္စပို႔)၊ အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား (မူရင္း)နဲ႔ အိမ္ေထာင္စုဇယား/သန္းေခါင္စာရင္း (မိတၱဴေတြ) ယူေဆာင္လာရမယ္လို႔ အလုပ္သမား သံအရာရွိက ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ တရားဝင္အေနနဲ႔ေရာ တရားမဝင္အေနနဲ႔ပါ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမား စုစုေပါင္း ၃ သန္းေက်ာ္ရွိတယ္လို႔ ျမန္မာအလုပ္သမား ၫႊန္ၾကားေရးဦးစီးဌာနက ခန႔္မွန္းထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024