ငါးခိုးဖမ်းသည့် မြောက်ကိုရီးယား ရေယာဉ် ၃ စီးနှင့် အမှုထမ်း ၂၆၂ ဦးကို ရုရှား ထိန်းသိမ်း

971
ရုရှား အထူးစီးပွားရေးဇုံဆိုပြီး ယူဆထားတဲ့ ရေပိုင်နက်ထဲ ငါးခိုးဖမ်းမှုနဲ့ မြောက်ကိုရီးယား ငါးဖမ်းရေယာဉ် ၃ စီးနဲ့ အမှုထမ်း ၂၆၂ ယောက်ကို ရုရှားနယ်စပ်လုံခြုံရေးတွေက စက်တင်ဘာ ၂၇ ရက်မှာ ထိန်းသိမ်းလိုက်ပါတယ်။
အဲဒီ မြောက်ကိုရီးယားငါးဖမ်းရေယာဉ်တွေနဲ့ အမှုထမ်းတွေကို ရုရှားအရှေ့ဖျား နီခေါ့ခါ ဆိပ်ကမ်းဆီ ခေါ်ဆောင်သွားပြီး ရုရှားလုံခြုံရေးတွေက တရားမဝင် ငါးဖမ်းပစ္စည်းတွေနဲ့ ပြည်ကြီးငါး ကောင်ရေ ၃၀,၀၀၀ ကို သိမ်းဆည်းရမိတယ်လို့ လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ ယခုလအတွင်း မြောက်ကိုရီးယားငါးဖမ်းရေယာဉ်တွေကို ဒုတိယမြောက် ဖမ်းမိတာဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း ဂျပန်ပင်လယ်ထဲက ရုရှားရေပိုင်နက်ထဲမှာ မြောက်ကိုရီး ယားလှေနှစ်စီးကို ရုရှားက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲက လှေတစီးဟာ ရုရှာကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်အတွက် ရုရှားအစိုးရက မြောက်ကိုရီးယား သံတမန်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ အတိတ်ကာလတုန်းကလည်း ငါးဖမ်းတာနဲ့ ပတ်သက်လို့ အငြင်းပွားတာတွေ ရှိတယ်လို့ ရိုက်တာ သတင်း မှာဖော်ပြထားပါတယ်။
================================
ငါးခိုးဖမ္းသည့္ ေျမာက္ကိုရီးယား ေရယာဥ္ ၃ စီးႏွင့္ အမႈထမ္း ၂၆၂ ဦးကို ႐ုရွား ထိန္းသိမ္း
DVB
႐ုရွား အထူးစီးပြားေရးဇုံဆိုၿပီး ယူဆထားတဲ့ ေရပိုင္နက္ထဲ ငါးခိုးဖမ္းမႈနဲ႔ ေျမာက္ကိုရီးယား ငါးဖမ္းေရယာဥ္ ၃ စီးနဲ႔ အမႈထမ္း ၂၆၂ ေယာက္ကို ႐ုရွားနယ္စပ္လုံၿခဳံေရးေတြက စက္တင္ဘာ ၂၇ ရက္မွာ ထိန္းသိမ္းလိုက္ပါတယ္။
အဲဒီ ေျမာက္ကိုရီးယားငါးဖမ္းေရယာဥ္ေတြနဲ႔ အမႈထမ္းေတြကို ႐ုရွားအေရွ႕ဖ်ား နီေခါ့ခါ ဆိပ္ကမ္းဆီ ေခၚေဆာင္သြားၿပီး ႐ုရွားလုံၿခဳံေရးေတြက တရားမဝင္ ငါးဖမ္းပစၥည္းေတြနဲ႔ ျပည္ႀကီးငါး ေကာင္ေရ ၃၀,၀၀၀ ကို သိမ္းဆည္းရမိတယ္လို႔ လုံၿခဳံေရးအဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။
ဒါဟာ ယခုလအတြင္း ေျမာက္ကိုရီးယားငါးဖမ္းေရယာဥ္ေတြကို ဒုတိယေျမာက္ ဖမ္းမိတာျဖစ္ပါတယ္။
စက္တင္ဘာ ၁၇ ရက္ကလည္း ဂ်ပန္ပင္လယ္ထဲက ႐ုရွားေရပိုင္နက္ထဲမွာ ေျမာက္ကိုရီး ယားေလွႏွစ္စီးကို ႐ုရွားက ဖမ္းဆီးခဲ့ပါတယ္။
အဲဒီထဲက ေလွတစီးဟာ ႐ုရွာကင္းလွည့္အဖြဲ႕ကို တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီ ျဖစ္ရပ္အတြက္ ႐ုရွားအစိုးရက ေျမာက္ကိုရီးယား သံတမန္ကို ဆင့္ေခၚခဲ့ပါတယ္။
႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔ဟာ အတိတ္ကာလတုန္းကလည္း ငါးဖမ္းတာနဲ႔ ပတ္သက္လို႔ အျငင္းပြားတာေတြ ရွိတယ္လို႔ ႐ိုက္တာ သတင္း မွာေဖာ္ျပထားပါတယ္။