A d v e r t i s e m e n t With Us

Nike ကုမ္ပဏီနှင့် စာချုပ်ရန် လီဗာပူး ပြင်ဆင်

အသင်းဂျာဆီတွေ ကမ္ဘာအနှံ့မှာ ရောင်းအားကောင်းနိုင်ဖို့ လက်ရှိ New Balance နဲ့ လမ်းခွဲပြီး Nike ကုမ္ပဏီနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ လီဗာပူးတို့ ပြင်ဆင်နေပါတယ်။  မာဆေးဆိုက်ဒ်ကလပ် လီဗာပူးအနေနဲ့ လက်ရှိဂျာဆီစပွန်ဆာ NB ဆီကနေ တနှစ်ကို ပေါင် ၄၅ သန်း ရရှိနေပေမယ့် အမေရိကန်နာမည်ကြီး Nike ရဲ့ နာမည်ကျော်ကြားမှုကို အမှီပြုပြီး ဂျာဆီတွေေ ရာင်းအားတက်လာဖို့ ပြင်‌ဆင်နေတာဖြစ်ပါတယ်။ တနှစ်ကို ‌ပေါင်သန်း ၃၀ တန်ကြေးရှိပေမယ့် လက်ရှိ NB ရဲ့စပွန်ဆာကြေးထက် ၁၅ သန်း နည်းနေသလို ပြင်သစ်ကလပ်ပီအက်စ်ဂျီနဲ့ Nike ရဲ့ စာချုပ်ထက် ပေါင်သန်း ၄၀ ကျော်နည်းနေပါတယ်။  လက်တလော  Nike ကတော့ ကမ္ဘာပေါ်မှာ ဈေးကွက်နေရာ ၆၀၀၀ လောက်ရရှိထားပြီး NB ကတော့ Nike ရဲ့ ဈေးကွက်‌ဝေစု ထက်ဝက်လောက်ပဲ ရောင်းအားရှိပါတယ်။ ===================== Nike ကုမၸဏီႏွင့္ စာခ်ဳပ္ရန္ လီဗာပူး ျပင္ဆင္ DVB အသင္းဂ်ာဆီေတြ ကမာၻအႏွံ႔မွာ ေရာင္းအားေကာင္းႏိုင္ဖို႔ လက္ရွိ New Balance နဲ႔ လမ္းခြဲၿပီး Nike ကုမၸဏီနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လီဗာပူးတို႔ ျပင္ဆင္ေနပါတယ္။ မာေဆးဆိုက္ဒ္ကလပ္ လီဗာပူးအေနနဲ႔ လက္ရွိဂ်ာဆီစပြန္ဆာ NB ဆီကေန တႏွစ္ကို ေပါင္ ၄၅ သန္း ရရွိေနေပမယ့္ အေမရိကန္နာမည္ႀကီး Nike ရဲ႕ နာမည္ေက်ာ္ၾကားမႈကို အမွီျပဳၿပီး ဂ်ာဆီေတြေ ရာင္းအားတက္လာဖို႔ ျပင္‌ဆင္ေနတာျဖစ္ပါတယ္။ တႏွစ္ကို ‌ေပါင္သန္း ၃၀ တန္ေၾကးရွိေပမယ့္ လက္ရွိ NB ရဲ႕စပြန္ဆာေၾကးထက္ ၁၅ သန္း နည္းေနသလို ျပင္သစ္ကလပ္ပီအက္စ္ဂ်ီနဲ႔ Nike ရဲ႕ စာခ်ဳပ္ထက္ ေပါင္သန္း ၄၀ ေက်ာ္နည္းေနပါတယ္။ လက္တေလာ  Nike ကေတာ့ ကမာၻေပၚမွာ ေဈးကြက္ေနရာ ၆၀၀၀ ေလာက္ရရွိထားၿပီး NB ကေတာ့ Nike ရဲ႕ ေဈးကြက္‌ေဝစု ထက္ဝက္ေလာက္ပဲ ေရာင္းအားရွိပါတယ္။

A d v e r t i s e m e n t With Us

More News
Up