မြောက်ကိုရီးယားပြည်သူ ၆ သန်းခန့်  ပြည်တွင်းဖြစ် စမတ်ဖုန်းများအသုံးပြုနေ

မြောက်ကိုရီးယားနိုင်ငံမှာ ပြည်သူ စုစုပေါင်းရဲ့ လေးပုံတပုံ ဖြစ်တဲ့ လူ ၆သန်းလောက်ဟာ စမတ်ဖုန်းတွေကို သုံးနေပြီလို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။  မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုတွေခံနေရလို့ ပြည်ပက စမတ်ဖုန်းတွေ သုံးခွင့်မရပေမယ့်  ပြည်တွင်းထုတ် စမတ်ဖုန်းဈေးကွက်ပိုမို တိုးချဲ့လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ စမတ်ဖုန်းတွေထုတ်လုပ်ဖို့ ကုန်ကျစရိတ်နည်းတဲ့ ကုန်ကြမ်းတွေကို ပြည်ပက တင်သွင်း အသုံးပြုခဲ့တာလို့ ဘက်ပြောင်းလာသူတွေ ပညာရှင်တွေနဲ့ မြောက်ကိုရီးယားလုပ် ဖုန်းတွေကို အကဲခတ်သူတွေက ပြောပါတယ်။  မြောက်ကိုရီးယားမှာ အခုဆိုရင် စမတ်ဖုန်းတွေဟာ တရားဝင်မဟုတ်တဲ့ ဈေးကွက်စီးပွားရေးမှာ ပါဝင်နေတဲ့ အရေးကြီးတဲ့ ဆက်သွယ်ရေးပစ္စည်း ဖြစ်သလို လူအများအပြားအတွက် အဓိက ဝင်ငွေရင်းမြစ်လည်း ဖြစ်တာပါ။ မြောက်ကိုရီးယားလုပ် စမတ်ဖုန်းအများအပြားကို တရုတ်လုပ် ဘက်ထရီ၊ ထိုင်ဝမ်လုပ် ချစ်ပ်စ်ပြားတွေနဲ့ ဂူဂယ်ရဲ့ အန်းဒရိုက်စနစ်ကိုသုံးပြီး မြောက်ကိုရီးယား နိုင်ငံထဲမှာတင် ထုတ်လုပ်ထားတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံထဲကို လက်ကိုင်ဖုန်း ထုတ်လုပ်တဲ့ ပစ္စည်းကိရိယာတွေ တင်သွင်းမှုကို တားမြစ်ပိတ်ပင် ထားပါတယ်။ ================================= ေျမာက္ကိုရီးယားျပည္သူ ၆ သန္းခန႔္  ျပည္တြင္းျဖစ္ စမတ္ဖုန္းမ်ားအသုံးျပဳေန DVB ေျမာက္ကိုရီးယားႏိုင္ငံမွာ ျပည္သူ စုစုေပါင္းရဲ႕ ေလးပုံတပုံ ျဖစ္တဲ့ လူ ၆သန္းေလာက္ဟာ စမတ္ဖုန္းေတြကို သုံးေနၿပီလို႔ စီးပြားေရး ပညာရွင္ေတြက ခန႔္မွန္းထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ကုလသမဂၢရဲ႕ ဒဏ္ခတ္မႈေတြခံေနရလို႔ ျပည္ပက စမတ္ဖုန္းေတြ သုံးခြင့္မရေပမယ့္  ျပည္တြင္းထုတ္ စမတ္ဖုန္းေဈးကြက္ပိုမို တိုးခ်ဲ႕လုပ္ေဆာင္လာေနတာ ျဖစ္ပါတယ္။ ႏိုင္ငံတြင္းမွာ စမတ္ဖုန္းေတြထုတ္လုပ္ဖို႔ ကုန္က်စရိတ္နည္းတဲ့ ကုန္ၾကမ္းေတြကို ျပည္ပက တင္သြင္း အသုံးျပဳခဲ့တာလို႔ ဘက္ေျပာင္းလာသူေတြ ပညာရွင္ေတြနဲ႔ ေျမာက္ကိုရီးယားလုပ္ ဖုန္းေတြကို အကဲခတ္သူေတြက ေျပာပါတယ္။ ေျမာက္ကိုရီးယားမွာ အခုဆိုရင္ စမတ္ဖုန္းေတြဟာ တရားဝင္မဟုတ္တဲ့ ေဈးကြက္စီးပြားေရးမွာ ပါဝင္ေနတဲ့ အေရးႀကီးတဲ့ ဆက္သြယ္ေရးပစၥည္း ျဖစ္သလို လူအမ်ားအျပားအတြက္ အဓိက ဝင္ေငြရင္းျမစ္လည္း ျဖစ္တာပါ။ ေျမာက္ကိုရီးယားလုပ္ စမတ္ဖုန္းအမ်ားအျပားကို တ႐ုတ္လုပ္ ဘက္ထရီ၊ ထိုင္ဝမ္လုပ္ ခ်စ္ပ္စ္ျပားေတြနဲ႔ ဂူဂယ္ရဲ႕ အန္းဒ႐ိုက္စနစ္ကိုသုံးၿပီး ေျမာက္ကိုရီးယား ႏိုင္ငံထဲမွာတင္ ထုတ္လုပ္ထားတယ္လို႔ ႐ိုက္တာသတင္းဌာနက သုံးသပ္ထားပါတယ္။ ေျမာက္ကိုရီးယား ႏိုင္ငံထဲကို လက္ကိုင္ဖုန္း ထုတ္လုပ္တဲ့ ပစၥည္းကိရိယာေတြ တင္သြင္းမႈကို တားျမစ္ပိတ္ပင္ ထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up