Homeမြန်မာသတင်း
နိုင်ငံခေါင်းဆောင် လေဆာမီးဖြင့်အထိုးခံရသည့်ကိစ္စ လုံခြုံရေးကျိုးပေါက်မှုအဖြစ် ရှုမြင်

စိုးမိုးအောင်
·
September 27, 2019
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးခြင်း အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာကို လေဆာမီးအထိုးခံရတာဟာ လုံခြုံရေးကျိုးပေါက်မှု ဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်ပါတယ်။
“ဒီနေ့ခေတ်ရဲ့နည်းပညာတွေအရ ကျနော်တို့ပုဂ္ဂိုလ်တဦးကို ဘယ်လောက်ပဲ လုံခြုံမှု ပေးထားပါစေ သူ့ကိုအသက်အန္တရာယ်ပြုဖို့က အလွန်လွယ်သွားပါပြီ။ အဲဒီတော့ ဒီဟာကို ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာ မသိခင်အခိုက်မှာတော့ ကျနော်တို့မပြောချင်ပါဘူး။ သို့သော်လုံခြုံရေး ကျိုးပေါက်မှု ဖြစ်ခဲ့တယ်ဆိုတာကတော့ ကျနော်တို့သဘောပေါက်ပါတယ်”လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
အောင်ဆန်းရုပ်ရှင်ရိုက်ကူးတဲ့အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကနေ တိုက်ရိုက်ထုတ်လွှင့်မှုကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးခေါင်းကို လေဆာမီးအနီနဲ့ အထိုးခံခဲ့ရတာပါ။
အဲဒီအပေါ် ပြည်သူအကြားမှာ အမျိုးမျိုးဝေဖန်မှုတွေဖြစ်ပေါ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မှုတွေလည်း ပြည်သူအကြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က ဒီမနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၃၁ နှစ်ပြည့်အခမ်းအနားအပြီးမှာ ပြန်လည်ဖြေကြားလိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မြန်မာပြည်သူလူထုအပေါ်ထားတဲ့ စိတ်စေတနာကောင်း ကနေ နိုင်ငံခေါင်းဆောင်ကို ဆက်လက်ကာကွယ်စောင့်ရှောက်နေမယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ဖြည့်စွက်ပြောပါတယ်။
ႏိုင္ငံေခါင္းေဆာင္ ေလဆာမီးျဖင့္အထိုးခံရသည့္ကိစၥ လုံၿခဳံေရးက်ိဳးေပါက္မႈအျဖစ္ ရႈျမင္ စိုးမိုးေအာင္ ေအာင္ဆန္း႐ုပ္ရွင္စတင္႐ိုက္ကူးျခင္း အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕မ်က္ႏွာကို ေလဆာမီးအထိုးခံရတာဟာ လုံၿခဳံေရးက်ိဳးေပါက္မႈ ျဖစ္တယ္လို႔ အန္အယ္လ္ဒီပါတီ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးၫြန႔္က ေျပာဆိုလိုက္ပါတယ္။ “ဒီေန႔ေခတ္ရဲ႕နည္းပညာေတြအရ က်ေနာ္တို႔ပုဂၢိဳလ္တဦးကို ဘယ္ေလာက္ပဲ လုံၿခဳံမႈ ေပးထားပါေစ သူ႔ကိုအသက္အႏၲရာယ္ျပဳဖို႔က အလြန္လြယ္သြားပါၿပီ။ အဲဒီေတာ့ ဒီဟာကို ဘယ္လိုေၾကာင့္ ျဖစ္တယ္ဆိုတာ မသိခင္အခိုက္မွာေတာ့ က်ေနာ္တို႔မေျပာခ်င္ပါဘူး။ သို႔ေသာ္လုံၿခဳံေရး က်ိဳးေပါက္မႈ ျဖစ္ခဲ့တယ္ဆိုတာကေတာ့ က်ေနာ္တို႔သေဘာေပါက္ပါတယ္”လို႔ ေဒါက္တာမ်ိဳးၫြန႔္က ဆိုပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္႐ိုက္ကူးတဲ့အခမ္းအနားကို စက္တင္ဘာ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပခဲ့ၿပီး အဲဒီအခမ္းအနားကေန တိုက္႐ိုက္ထုတ္လႊင့္မႈကေန ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ဦးေခါင္းကို ေလဆာမီးအနီနဲ႔ အထိုးခံခဲ့ရတာပါ။ အဲဒီအေပၚ ျပည္သူအၾကားမွာ အမ်ိဳးမ်ိဳးေဝဖန္မႈေတြျဖစ္ေပၚခဲ့သလို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္မႈေတြလည္း ျပည္သူအၾကားမွာ ျဖစ္ေပၚခဲ့ပါတယ္။ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကို ေဒါက္တာမ်ိဳးၫြန႔္က ဒီမနက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တည္ေထာင္ျခင္း ၃၁ ႏွစ္ျပည့္အခမ္းအနားအၿပီးမွာ ျပန္လည္ေျဖၾကားလိုက္တာပါ။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ျမန္မာျပည္သူလူထုအေပၚထားတဲ့ စိတ္ေစတနာေကာင္း ကေန ႏိုင္ငံေခါင္းေဆာင္ကို ဆက္လက္ကာကြယ္ေစာင့္ေရွာက္ေနမယ္လို႔လည္း ေဒါက္တာ မ်ိဳးၫြန႔္က ျဖည့္စြက္ေျပာပါတယ္။