A d v e r t i s e m e n t With Us

တန် ၄၀၀ အလေးချိန်ရှိသည့် သမိုင်းဝင်အိမ်ကြီးကို ဇက်ရေယာဉ်ဖြင့် ပြောင်းရွှေ့

သမိုင်းဝင် အိမ်ကြီးတလုံးကို ဇက်ရေယာဉ်ပေါ်တင်ပြီး ပြောင်းရွှေ့နေတာကို မြင်ဖူးပါသလား။     စက်တင်ဘာ ၂၅ ရက်က အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ ၁၇၆၀ ခုနှစ်ဝန်းကျင်က ဆောက်ထားတဲ့ အိမ်ကြီးတလုံးကို ဖောင်ပေါ်တင်ပြီး ရွှေ့ပြောင်းနေပါတယ်။  အုတ်နဲ့တည်ဆောက်ပြီး တန် ၄၀၀ အလေးချိန်ရှိတဲ့  အဲဒီအိမ်ကြီးကို အီစတန်မြို့ကနေ ကွင်းစ်တောင်းကို ရွှေ့ပြောင်းနေတာပါ။     အဲဒီလို  ရွှေ့ပြောင်းရာမှာ    ကုန်းလမ်းက ပြောင်းမယ်ဆိုရင် မိုင် ၂၀ လောက်သာဝေးပေမယ့်   အိမ်ရဲ့အရွယ်အစားကြောင့် ကုန်းလမ်းက သယ်လို့ အဆင်မပြေပါဘူး။  ဒါကြောင့်မို့ မိုင် ၅၀ ဝေးတဲ့ ရေလမ်းခရီးနဲ့ အိမ်ကြီးကို ဇက်ရေယာဉ်ပေါ်တင်ပြီး  နေရာသစ်ဆီ ရွှေ့ပြောင်းရတာပါ။   "Galloway house," လို့  နာမည်ပေးထားတဲ့ အဲဒီ အိမ်ကြီးကို  ပိုင်ရှင်က ဝယ်ယူပြီး ကမ်းနားအနီးမှာ  ထားလိုတာကြောင့် အခုလို အိမ်အလုံးလိုက်   ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  အဲဒီအိမ်ပြောင်းစရိတ်ဟာ ခန့်မှန်း  အမေရိကန်ဒေါ်လာ တသန်းနီးပါး ကုန်ကျတယ်လို့  Baltimore Sun သတင်းစာက ဖော်ပြပါတယ်။ =========================== တန္ ၄၀၀ အေလးခ်ိန္ရွိသည့္ သမိုင္းဝင္အိမ္ႀကီးကို ဇက္ေရယာဥ္ျဖင့္ ေျပာင္းေ႐ႊ႕ DVB သမိုင္းဝင္ အိမ္ႀကီးတလုံးကို ဇက္ေရယာဥ္ေပၚတင္ၿပီး ေျပာင္းေ႐ႊ႕ေနတာကို ျမင္ဖူးပါသလား။     စက္တင္ဘာ ၂၅ ရက္က အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္မွာ ၁၇၆၀ ခုႏွစ္ဝန္းက်င္က ေဆာက္ထားတဲ့ အိမ္ႀကီးတလုံးကို ေဖာင္ေပၚတင္ၿပီး ေ႐ႊ႕ေျပာင္းေနပါတယ္။ အုတ္နဲ႔တည္ေဆာက္ၿပီး တန္ ၄၀၀ အေလးခ်ိန္ရွိတဲ့  အဲဒီအိမ္ႀကီးကို အီစတန္ၿမိဳ႕ကေန ကြင္းစ္ေတာင္းကို ေ႐ႊ႕ေျပာင္းေနတာပါ။ အဲဒီလို  ေ႐ႊ႕ေျပာင္းရာမွာ    ကုန္းလမ္းက ေျပာင္းမယ္ဆိုရင္ မိုင္ ၂၀ ေလာက္သာေဝးေပမယ့္   အိမ္ရဲ႕အ႐ြယ္အစားေၾကာင့္ ကုန္းလမ္းက သယ္လို႔ အဆင္မေျပပါဘူး။ ဒါေၾကာင့္မို႔ မိုင္ ၅၀ ေဝးတဲ့ ေရလမ္းခရီးနဲ႔ အိမ္ႀကီးကို ဇက္ေရယာဥ္ေပၚတင္ၿပီး  ေနရာသစ္ဆီ ေ႐ႊ႕ေျပာင္းရတာပါ။ "Galloway house," လို႔  နာမည္ေပးထားတဲ့ အဲဒီ အိမ္ႀကီးကို  ပိုင္ရွင္က ဝယ္ယူၿပီး ကမ္းနားအနီးမွာ  ထားလိုတာေၾကာင့္ အခုလို အိမ္အလုံးလိုက္   ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ အဲဒီအိမ္ေျပာင္းစရိတ္ဟာ ခန႔္မွန္း  အေမရိကန္ေဒၚလာ တသန္းနီးပါး ကုန္က်တယ္လို႔  Baltimore Sun သတင္းစာက ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up