Live
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါဒုတိယဆုရှင် ဘီလီလမင်းအေးနှင့် ချမ်းမြေ့မောင်ချိုတို့ Mini Concert ကျင်းပမည်
DVB
·
September 27, 2019
နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှတဆင့် ပ ရိသတ်အားပေးမှုတွေ ရရှိခဲ့သူတွေဖြစ်တဲ့ ဘီလီလမင်းအေးနဲ့ ချမ်းမြေ့မောင်ချိုတို့ ၂ ဦး ပူးပေါင်းဖျော်ဖြေမယ့် Mini Concert ဂီတဖျော်ဖြေပွဲ ကျင်းပဖို့ ရှိနေပါတယ်။ EAT MEET SWEET လို့ အမည်ပေးထားတဲ့ ဒီပွဲကိုတော့ ရန်ကုန်မြို့၊ ထိုင်း သံရုံးအနီးက Burbrit Taproom မှာ စက်တင်ဘာ လ ၂၈ ရက်နေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘီလီလမင်းအေးနဲ့ ချမ်းမြေ့မောင်ချိုတို့ဟာ မြန်မာအိုင်ဒေါ Season 2 နဲ့ Season 3 ရဲ့ နောက်ဆုံးဖိုင်နယ် အဆင့်ထိရောက်ရှိခဲ့ကြသူတွေဖြစ်ပြီး First Runner Up ဆုကို ရရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season ၃ ခုလုံးမှာ အမျိုးသား ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ စောလားထော်ဝါး၊ သားငယ်နဲ့ ဖြိုးမြတ်အောင်တို့က Winner ဆု ရှင်တွေ ဖြစ်ခဲ့ကြပြီး အမျိုးသမီး Winner ဆုရှင် တယောက်မှ ထွက်ပေါ်လာခြင်းမရှိ သေးပါဘူး။ လတ်တလောမှာတော့ ဘီလီလမင်းအေးနဲ့ ချမ်းမြေ့မောင်ချိုတို့ ၂ ယောက်အနေ နဲ့ ပထမဆုံး ပူးပေါင်းဖျော်ဖြေမယ့် ဒီပွဲမှာတော့ The Firends Music Band ရဲ့ တီး ခတ်မှုနဲ့အတူ ပရိသတ်တွေက ရှုစားနားဆင်ကြရမှာဖြစ် ပြီး လက်မှတ်ခဈေးနှုန်းတွေကို VIP Table တဝိုင်းကို ၂ သိန်းနဲ့ Stand Table တဝိုင်း ကို ၈ သောင်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
ျမန္မာအိုင္ေဒါဒုတိယဆုရွင္ ဘီလီလမင္းေအးႏွင့္ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ Mini Concert က်င္းပမည္ DVB နာမည္ႀကီး သီခ်င္းဆိုၿပိဳင္ပြဲတခုျဖစ္တဲ့ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ ပ ရိသတ္အားေပးမႈေတြ ရရွိခဲ့သူေတြျဖစ္တဲ့ ဘီလီလမင္းေအးနဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ ၂ ဦး ပူးေပါင္းေဖ်ာ္ေျဖမယ့္ Mini Concert ဂီတေဖ်ာ္ေျဖပြဲ က်င္းပဖို႔ ရွိေနပါတယ္။ EAT MEET SWEET လို႔ အမည္ေပးထားတဲ့ ဒီပြဲကိုေတာ့ ရန္ကုန္ၿမိဳ႕၊ ထိုင္း သံ႐ုံးအနီးက Burbrit Taproom မွာ စက္တင္ဘာ လ ၂၈ ရက္ေန႔ ညေန ၆ နာရီကေန ၉ နာရီအထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဘီလီလမင္းေအးနဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ဟာ ျမန္မာအိုင္ေဒါ Season 2 နဲ႔ Season 3 ရဲ႕ ေနာက္ဆုံးဖိုင္နယ္ အဆင့္ထိေရာက္ရွိခဲ့ၾကသူေတြျဖစ္ၿပီး First Runner Up ဆုကို ရရွိခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ က်င္းပၿပီးစီးခဲ့တဲ့ ျမန္မာအိုင္ေဒါ Season ၃ ခုလုံးမွာ အမ်ိဳးသား ၿပိဳင္ပြဲဝင္ေတြျဖစ္ၾကတဲ့ ေစာလားေထာ္ဝါး၊ သားငယ္နဲ႔ ၿဖိဳးျမတ္ေအာင္တို႔က Winner ဆု ရွင္ေတြ ျဖစ္ခဲ့ၾကၿပီး အမ်ိဳးသမီး Winner ဆုရွင္ တေယာက္မွ ထြက္ေပၚလာျခင္းမရွိ ေသးပါဘူး။ လတ္တေလာမွာေတာ့ ဘီလီလမင္းေအးနဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ ၂ ေယာက္အေန နဲ႔ ပထမဆုံး ပူးေပါင္းေဖ်ာ္ေျဖမယ့္ ဒီပြဲမွာေတာ့ The Firends Music Band ရဲ႕ တီး ခတ္မႈနဲ႔အတူ ပရိသတ္ေတြက ရႈစားနားဆင္ၾကရမွာျဖစ္ ၿပီး လက္မွတ္ခေဈးႏႈန္းေတြကို VIP Table တဝိုင္းကို ၂ သိန္းနဲ႔ Stand Table တဝိုင္း ကို ၈ ေသာင္းနဲ႔ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024