ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်၏ ဆွေးနွေးပွဲကို လမ်းပိတ်ဆို့ ဆန္ဒပြ

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်နဲ့ လူထု ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို  စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲပြုလုပ်တဲ့ နေရာအနီးမှာ ဆန္ဒပြသူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။  ကွင်းအဲလိဇဘတ် အားကစားကွင်းအတွင်း  အစောပိုင်းမှာ ဒေသခံတွေက ကယ်ရီလမ်ဟာ ဟောင်ကောင်ပြည်သူတွေကို လျစ်လျူရှုပြီး ပြီးဆုံးဖွယ်မမြင်တဲ့ပြဿနာကို ပိုဆိုးအောင် လုပ်နေတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။  ဆန္ဒပြသူတယောက်က ကယ်ရီလမ်ဟာ ဟောင်ကောင်ပြည်သူတွေ ပြောစကားကို နားထောင်ချင်ယောင်ဆောင်ပြီး ဟန်ပြလာတာလို့ ပြောပါတယ်။   “ဟောင်ကောင်ဆန္ဒပြပွဲတွေ ဖြစ်နေတာ လချီနေပေမယ့်  ကယ်ရီလမ်က နားမထောင်ဘူး၊ ဒီတော့ အခုချိန် လူ ၁၅၀ လောက်ပြောစကားကို ကယ်ရီလမ် နားထောင်တာ အပိုပါပဲ” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။   လာမယ့်  အောက်တိုဘာ ၁ ရက်ဟာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့  နှစ် ၇၀ ပြည့်ဖြစ်ပါတယ်။     ဒါကြောင့်မို ဟောင်ကောင် အာဏာပိုင်တွေဟာ တရုတ်အစိုးရ အရှက်ရစေမယ့်  အခြေအနေတွေကို ရှောင်ရှားချင်နေကြပါတယ်။   ဒါပေမဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက  အဲဒီနေ့မှာ ဟောင်ကောင်အနှံ့ ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ ============== ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလမ္၏ ေဆြးေႏြးပြဲကို လမ္းပိတ္ဆို႔ ဆႏၵျပ DVB ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလမ္နဲ႔ လူထု ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြးပြဲကို  စက္တင္ဘာ ၂၆ ရက္က ျပဳလုပ္ခဲ့ၿပီး ေဆြးေႏြးပြဲျပဳလုပ္တဲ့ ေနရာအနီးမွာ ဆႏၵျပသူေတြက လမ္းပိတ္ဆို႔ ဆႏၵျပခဲ့ပါတယ္။ ကြင္းအဲလိဇဘတ္ အားကစားကြင္းအတြင္း  အေစာပိုင္းမွာ ေဒသခံေတြက ကယ္ရီလမ္ဟာ ေဟာင္ေကာင္ျပည္သူေတြကို လ်စ္လ်ဴရႈၿပီး ၿပီးဆုံးဖြယ္မျမင္တဲ့ျပႆနာကို ပိုဆိုးေအာင္ လုပ္ေနတယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ဆႏၵျပသူတေယာက္က ကယ္ရီလမ္ဟာ ေဟာင္ေကာင္ျပည္သူေတြ ေျပာစကားကို နားေထာင္ခ်င္ေယာင္ေဆာင္ၿပီး ဟန္ျပလာတာလို႔ ေျပာပါတယ္။ “ေဟာင္ေကာင္ဆႏၵျပပြဲေတြ ျဖစ္ေနတာ လခ်ီေနေပမယ့္  ကယ္ရီလမ္က နားမေထာင္ဘူး၊ ဒီေတာ့ အခုခ်ိန္ လူ ၁၅၀ ေလာက္ေျပာစကားကို ကယ္ရီလမ္ နားေထာင္တာ အပိုပါပဲ” လို႔ ဆႏၵျပသူတဦးက ေျပာပါတယ္။ လာမယ့္  ေအာက္တိုဘာ ၁ ရက္ဟာ  တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ထူေထာင္တဲ့  ႏွစ္ ၇၀ ျပည့္ျဖစ္ပါတယ္။ ဒါေၾကာင့္မို ေဟာင္ေကာင္ အာဏာပိုင္ေတြဟာ တ႐ုတ္အစိုးရ အရွက္ရေစမယ့္  အေျခအေနေတြကို ေရွာင္ရွားခ်င္ေနၾကပါတယ္။ ဒါေပမဲ့ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြက  အဲဒီေန႔မွာ ေဟာင္ေကာင္အႏွံ႔ ဆႏၵျပပြဲေတြလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up