ယူကရိန်းသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ သီးသန့်တွေ့ဆုံ

660
ယူကရိန်းသမ္မတ ဇေလန်စကီနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်တို့ဟာ စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
သမ္မတ ဇေလန်စကီဟာ ဇူလိုင်လက အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုမှုအတွင်း ဥရောပခေါင်းဆောင်တွေကို ဝေဖန်ခဲ့တာနဲ့ ပတ်သက်လို့ ယူကရိန်းနိုင်ငံရဲ့ ပုံရိပ်ထိခိုက်မှာကို စိုးရိမ်တယ်လို့ ဇေလန်စကီရဲ့ အတိုက်အခံတွေက စက်တင်ဘာ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
ဇေလန်စကီဟာ ဟာသသရုပ်ဆောင်ဘဝကနေ ဧပြီလရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့တာပါ။
ဇူလိုင် ၂၅ ရက်က ဇေလန်စကီနဲ့ ထရမ့်တို့ ဖုန်းပြောဆိုမှုမှတ်တမ်းကို အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဇေလန်စကီဟာ အမေရိကန် ပြည်တွင်းနိုင်ငံရေး မုန်တိုင်းထဲ ကြားညပ်ခဲ့ပါတယ်။
ဖုန်းပြောဆိုမှုအတွင်း နိုင်ငံရေးအတိုက်အခံတယောက်ကို အသရေဖျက်ရာမှာ ကူညီဖို့ ထရမ့်က ဇေလန်စကီကို ဖိအားပေးခဲ့တယ်လို့ ဒီမိုကရက်တွေက ပြောခဲ့ပါတယ်။ ထရမ့်ကတော့ သူ့အနေနဲ့ အမှားမလုပ်ထားဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
===================
ယူကရိန္းသမၼတႏွင့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္တို႔ သီးသန႔္ေတြ႕ဆုံ
DVB
ယူကရိန္းသမၼတ ေဇလန္စကီနဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ဂူတာရက္စ္တို႔ဟာ စက္တင္ဘာ ၂၆ ရက္က နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္ၿပီး သီးသန႔္ေတြ႕ဆုံခဲ့ၾကပါတယ္။
သမၼတ ေဇလန္စကီဟာ ဇူလိုင္လက အေမရိကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ ဖုန္းေျပာဆိုမႈအတြင္း ဥေရာပေခါင္းေဆာင္ေတြကို ေဝဖန္ခဲ့တာနဲ႔ ပတ္သက္လို႔ ယူကရိန္းႏိုင္ငံရဲ႕ ပုံရိပ္ထိခိုက္မွာကို စိုးရိမ္တယ္လို႔ ေဇလန္စကီရဲ႕ အတိုက္အခံေတြက စက္တင္ဘာ ၂၆ ရက္မွာ ေျပာခဲ့ပါတယ္။
ေဇလန္စကီဟာ ဟာသသ႐ုပ္ေဆာင္ဘဝကေန ဧၿပီလေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီး သမၼတ ျဖစ္လာခဲ့တာပါ။
ဇူလိုင္ ၂၅ ရက္က ေဇလန္စကီနဲ႔ ထရမ့္တို႔ ဖုန္းေျပာဆိုမႈမွတ္တမ္းကို အိမ္ျဖဴေတာ္က ထုတ္ျပန္လိုက္ၿပီးတဲ့ေနာက္ ေဇလန္စကီဟာ အေမရိကန္ ျပည္တြင္းႏိုင္ငံေရး မုန္တိုင္းထဲ ၾကားညပ္ခဲ့ပါတယ္။
ဖုန္းေျပာဆိုမႈအတြင္း ႏိုင္ငံေရးအတိုက္အခံတေယာက္ကို အသေရဖ်က္ရာမွာ ကူညီဖို႔ ထရမ့္က ေဇလန္စကီကို ဖိအားေပးခဲ့တယ္လို႔ ဒီမိုကရက္ေတြက ေျပာခဲ့ပါတယ္။ ထရမ့္ကေတာ့ သူ႔အေနနဲ႔ အမွားမလုပ္ထားဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။