A d v e r t i s e m e n t With Us

ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန်ရေနံသင်္ဘောကို အီရန် ပြန်လွှတ်

အီရန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပြီး ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းကနေ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထွက်ခွာလာပြီလို့ ရီဖစ်နစ်တစ် သင်္ဘောလမ်းကြောင်းကြည့် ဒေတာတွေက ဆိုပါတယ်။   စတီနာအင်ပါရိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဟော်ဇ်မုခ်ရေလက်ကြားအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိန်းသိမ်းတာ ခံခဲ့ရတာပါ။  ဂျီဘရော်တာရေလက်ကြားအတွင်း ဗြိတိန်က အီရန်ရေနံတင်သင်္ဘောကို ဖမ်းဆီးပြီး  သီတင်းနှစ်ပတ်အကြာမှာ အီရန်က လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။   ဗြိတိန်ဖမ်းဆီးခဲ့တဲ့ အီရန်သင်္ဘောကို သြဂုတ်လမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။  ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ဗြိတိန် ရေနံတင် သင်္ဘော စတီနာအင်ပါရိုကို အစောပိုင်းမှာ နိုင်ငံတကာ ပင်လယ်ရေကြောင်းစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့  ဖမ်းဆီးခဲ့တာလို့ ရိုက်တာ သတင်းအရ သိရပါတယ်။ ===================================== ဖမ္းဆီးထိန္းသိမ္းထားသည့္ ၿဗိတိန္ေရနံသေဘၤာကို အီရန္ ျပန္လႊတ္ DVB အီရန္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ၿဗိတိန္ေရနံတင္သေဘၤာကို ျပန္လႊတ္ေပးလိုက္ၿပီး ဘန္ဒါအာဘတ္စ္ ဆိပ္ကမ္းကေန စက္တင္ဘာ ၂၇ ရက္ေန႔မွာ ထြက္ခြာလာၿပီလို႔ ရီဖစ္နစ္တစ္ သေဘၤာလမ္းေၾကာင္းၾကည့္ ေဒတာေတြက ဆိုပါတယ္။ စတီနာအင္ပါ႐ိုဟာ ၿပီးခဲ့တဲ့ ဇူလိုင္လက ေဟာ္ဇ္မုခ္ေရလက္ၾကားအတြင္း အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ရဲ႕ ထိန္းသိမ္းတာ ခံခဲ့ရတာပါ။ ဂ်ီဘေရာ္တာေရလက္ၾကားအတြင္း ၿဗိတိန္က အီရန္ေရနံတင္သေဘၤာကို ဖမ္းဆီးၿပီး  သီတင္းႏွစ္ပတ္အၾကာမွာ အီရန္က လက္တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ၿဗိတိန္ဖမ္းဆီးခဲ့တဲ့ အီရန္သေဘၤာကို ၾသဂုတ္လမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။  ဘန္ဒါအာဘတ္စ္ ဆိပ္ကမ္းကေန ထြက္ခြာလာတဲ့ ၿဗိတိန္ ေရနံတင္ သေဘၤာ စတီနာအင္ပါ႐ိုကို အေစာပိုင္းမွာ ႏိုင္ငံတကာ ပင္လယ္ေရေၾကာင္းစည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈနဲ႔  ဖမ္းဆီးခဲ့တာလို႔ ႐ိုက္တာ သတင္းအရ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up