အိန္ဒိယ ရေကြီးမှုကြောင့် ၁၁ ဦးသေ၊ ၆ ဦး ပျောက်ဆုံး

909
အိန္ဒိယနိုင်ငံ အနောက်ပိုင်းက ပူနေးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ စက်တင်ဘာ ၂၅ ရက်က မိုးသည်းသည်းမည်းမည်းရွာပြီး ရုတ်တရက် ရေကြီးတာတွေကြောင့် သေဆုံးသူ ၁၁ ယောက် ရှိပြီဖြစ်ပြီး ၆ ယောက် ပျောက်ဆုံးနေပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံ ၂၈၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး နောက်ထပ်မိုးရွာနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဒေသခံ အရာရှိတယောက်က ပြောပါတယ်။
မွန်ဘိုင်းမြိုေ အနောက်တောင်ဘက်ရဲ့ ၁၂၄ မိုင်အကွာမှာ တည်ရှိတဲ့ ပူနေးမြို့ဟာ အခုနှစ် မုတ်သုံရာသီအတွင်း ခန့်မှန်းထားတဲ့ ပမာဏထက် မိုးများခဲ့ပါတယ်။
သေဆုံးသူ ၅ ယောက်ကတော့ အုတ်တံတိုင်းပြိုပြီး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မုတ်သုံရာသီဟာ ဇွန်လကနေ စက်တင်ဘာလအထိ ဖြစ်ပြီး တနှစ်ပတ်လုံး မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရွာသွန်းပါတယ်။
ဒါ့ကြောင့် မုတ်သုံရာသီဟာ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်နေတဲ့ အိန္ဒိယရဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေး တိုးတက်မှုအတွက်လည်း အရေးပါပါတယ်။
ဒါပေမဲ့ မိုးများတဲ့ ရာသီဥတုအခြေအနေကြောင့် ခိုင်ခံ့မှုအားနည်းတဲ့ အဆောက်အအုံတွေ ပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။
============================
အိႏၵိယ ေရႀကီးမႈေၾကာင့္ ၁၁ ဦးေသ၊ ၆ ဦး ေပ်ာက္ဆုံး
DVB
အိႏၵိယႏိုင္ငံ အေနာက္ပိုင္းက ပူေနးၿမိဳ႕နဲ႔ ပတ္ဝန္းက်င္ေဒသေတြမွာ စက္တင္ဘာ ၂၅ ရက္က မိုးသည္းသည္းမည္းမည္း႐ြာၿပီး ႐ုတ္တရက္ ေရႀကီးတာေတြေၾကာင့္ ေသဆုံးသူ ၁၁ ေယာက္ ရွိၿပီျဖစ္ၿပီး ၆ ေယာက္ ေပ်ာက္ဆုံးေနပါတယ္။
ေရႀကီးေရလွ်ံတာေတြေၾကာင့္ ေျမနိမ့္ပိုင္းမွာ ေနထိုင္တဲ့ ေဒသခံ ၂၈၀၀၀ ေက်ာ္ေလာက္ဟာ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ေနာက္ထပ္မိုး႐ြာႏိုင္တဲ့ သတိေပးခ်က္ေတြ ထုတ္ျပန္ထားတယ္လို႔ ေဒသခံ အရာရွိတေယာက္က ေျပာပါတယ္။
မြန္ဘိုင္းၿမိဳေ အေနာက္ေတာင္ဘက္ရဲ႕ ၁၂၄ မိုင္အကြာမွာ တည္ရွိတဲ့ ပူေနးၿမိဳ႕ဟာ အခုႏွစ္ မုတ္သုံရာသီအတြင္း ခန႔္မွန္းထားတဲ့ ပမာဏထက္ မိုးမ်ားခဲ့ပါတယ္။
ေသဆုံးသူ ၅ ေယာက္ကေတာ့ အုတ္တံတိုင္းၿပိဳၿပီး ေသဆုံးခဲ့တယ္လို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။
အိႏၵိယႏိုင္ငံရဲ႕ မုတ္သုံရာသီဟာ ဇြန္လကေန စက္တင္ဘာလအထိ ျဖစ္ၿပီး တႏွစ္ပတ္လုံး မိုးေရခ်ိန္ရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ ႐ြာသြန္းပါတယ္။
ဒါ့ေၾကာင့္ မုတ္သုံရာသီဟာ စိုက္ပ်ိဳးေရးလုပ္ငန္းကို အားထားလုပ္ကိုင္ေနတဲ့ အိႏၵိယရဲ႕ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ စီးပြားေရး တိုးတက္မႈအတြက္လည္း အေရးပါပါတယ္။
ဒါေပမဲ့ မိုးမ်ားတဲ့ ရာသီဥတုအေျခအေနေၾကာင့္ ခိုင္ခံ့မႈအားနည္းတဲ့ အေဆာက္အအုံေတြ ၿပိဳက်ၿပီး လူေသဆုံးမႈေတြ မၾကာခဏ ျဖစ္ေပၚေလ့ရွိပါတယ္။