ကျောင်းသား ၄၃ ဦးပျောက်ဆုံးခဲ့မှု ၅ နှစ်ပြည့် မက္ကဆီကိုတွင် ဆန္ဒပြ

824
မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ စက်တင်ဘာ ၂၆ ရက်နေ့က ထောင်ချီတဲ့လူတွေ စုဝေးလာပြီး ကျောင်းသား ၄၃ ယောက်ပျောက်ဆုံးခဲ့တဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ လမ်းဘေးက အဆောက်အအုံတွေအား ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ညက ဂူရယ်ရိုပြည်နယ် အီဂွါနာမြို့မှာ ပညာရေး ကောလိပ်ကျောင်းသား ၄၃ ယောက် ပြန်ပေးဆွဲခံပြီး ပျောက်သွားခဲ့တာပါ။
သူတို့အားလုံးဟာ အစုလိုက်သတ်ဖြတ်ခံရပုံရပြီး ဒါဟာ ရာဇဝတ်မူးယစ်ဂိုဏ်းအဖွဲ့တဖွဲ့နဲ့ ပူးပေါင်းနေတဲ့ အကျင့်ပျက်ရဲတွေရဲ့ လက်ချက်ကြောင့်လို့ အများစုက ယုံကြည်ထားကြပါတယ်။
အဲဒီပြဿနာကြောင့် မက္ကဆီကိုသမ္မတဟောင်း ပင်ညာနဲတိုးဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပျောက်သွားတဲ့ ကျောင်းသားတွေကိစ္စကို ဖော်ထုတ်ပေးဖို့ ကတိပြုခဲ့တဲ့ လက်ရှိသမ္မတ လိုပက်ဇ်အိုဘရာဒိုဟာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့ကြောင့် မက္ကဆီကိုအာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က ပျောက်သွားတဲ့ အဲဒီကျောင်းသားတွေရဲ့ ရုပ်အလောင်းတွေကို စတင်ရှာဖွေနေကြပါတယ်။
ကျောင်းသားတွေကိုသတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုပြိး ပြစ်တင်ခံရတဲ့ ဂိုဏ်းခေါင်းဆောင်တယောက်အား မက္ကဆီကို တရားရုံးတခုက ဒီလအစောပိုင်းမှာ လွှတ်ပေးခဲ့တာကြောင့် ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။
======================
ေက်ာင္းသား ၄၃ ဦးေပ်ာက္ဆုံးခဲ့မႈ ၅ ႏွစ္ျပည့္ မကၠဆီကိုတြင္ ဆႏၵျပ
DVB
မကၠဆီကိုႏိုင္ငံ ၿမိဳ႕ေတာ္ မကၠဆီကိုစီးတီးမွာ စက္တင္ဘာ ၂၆ ရက္ေန႔က ေထာင္ခ်ီတဲ့လူေတြ စုေဝးလာၿပီး ေက်ာင္းသား ၄၃ ေယာက္ေပ်ာက္ဆုံးခဲ့တဲ့ ငါးႏွစ္ျပည့္အထိမ္းအမွတ္ ခ်ီတက္ဆႏၵျပခဲ့ပါတယ္။
ေဒါသထြက္ေနတဲ့ ဆႏၵျပသူေတြဟာ လမ္းေဘးက အေဆာက္အအုံေတြအား ဖ်က္ဆီးေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၂၆ ရက္ေန႔ညက ဂူရယ္႐ိုျပည္နယ္ အီဂြါနာၿမိဳ႕မွာ ပညာေရး ေကာလိပ္ေက်ာင္းသား ၄၃ ေယာက္ ျပန္ေပးဆြဲခံၿပီး ေပ်ာက္သြားခဲ့တာပါ။
သူတို႔အားလုံးဟာ အစုလိုက္သတ္ျဖတ္ခံရပုံရၿပီး ဒါဟာ ရာဇဝတ္မူးယစ္ဂိုဏ္းအဖြဲ႕တဖြဲ႕နဲ႔ ပူးေပါင္းေနတဲ့ အက်င့္ပ်က္ရဲေတြရဲ႕ လက္ခ်က္ေၾကာင့္လို႔ အမ်ားစုက ယုံၾကည္ထားၾကပါတယ္။
အဲဒီျပႆနာေၾကာင့္ မကၠဆီကိုသမၼတေဟာင္း ပင္ညာနဲတိုးဟာ ႏိုင္ငံတကာရဲ႕ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ေပ်ာက္သြားတဲ့ ေက်ာင္းသားေတြကိစၥကို ေဖာ္ထုတ္ေပးဖို႔ ကတိျပဳခဲ့တဲ့ လက္ရွိသမၼတ လိုပက္ဇ္အိုဘရာဒိုဟာလည္း ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ဒါ့ေၾကာင့္ မကၠဆီကိုအာဏာပိုင္ေတြဟာ လြန္ခဲ့တဲ့ ငါးႏွစ္က ေပ်ာက္သြားတဲ့ အဲဒီေက်ာင္းသားေတြရဲ႕ ႐ုပ္အေလာင္းေတြကို စတင္ရွာေဖြေနၾကပါတယ္။
ေက်ာင္းသားေတြကိုသတ္ဖို႔ အမိန႔္ေပးခဲ့တယ္ဆိုၿပိး ျပစ္တင္ခံရတဲ့ ဂိုဏ္းေခါင္းေဆာင္တေယာက္အား မကၠဆီကို တရား႐ုံးတခုက ဒီလအေစာပိုင္းမွာ လႊတ္ေပးခဲ့တာေၾကာင့္ ျပည္သူေတြက ေဒါသထြက္ခဲ့ၾကပါတယ္။