ရှားပါးအရေပြားရောဂါ ခံစားနေရသည့် ၆ လသမီးလေး ခွဲစိတ်ကုသမှု ခံယူတော့မည်

1.6K
ရှားပါးအရေပြားရောဂါတမျိုး ခံစားနေရတဲ့ ၆ လသမီးလေးဟာ ခွဲစိတ်ကုသမှု ခံယူဖို့အတွက် မိခင်ဖြစ်သူနဲ့အတူ စက်တင်ဘာ ၂၅ ရက်က ရုရှားနိုင်ငံကို ရောက်ရှိနေပါတယ်။
လူနာလို့ အမည်ရတဲ့ အဲဒီကလေးမလေးဟာ မျက်နှာမှာ ပုံမှန်မဟုတ်တဲ့ အနက်ရောင် အကွက်တွေ ပေါ်ထွက်စေတဲ့ အရေပြားရောဂါဆန်းကို ခံစားနေရပြီး အဲဒီရောဂါဟာ အရေပြား ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်လည်း များပါတယ်။
မိခင်ဖြစ်သူ ကာရိုးလ်က သူတို့ဟာ ဒီရောဂါကို အမေရိကမှာရှိတဲ့ ဆေးခန်းတွေဆီ သွားပြခဲ့ရာ ကုသစရိတ် ဒေါ်လာ ၄ သိန်း နီးပါး ကုန်ကျမှာဖြစ်ပြီး သူတို့လုပ်ထားတဲ့ အာမခံနဲ့ မလောက်ငဘူးလို့ ဆိုပါတယ်။
အဲဒီနောက် ရုရှားနိုင်ငံ ခရက်စ်နိုဒါဒေသက ဆရာဝန်တယောက်ကနေ သူတို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားအရေပြား အထူးကုဆရာဝန် ပါဗယ်ပေါ့ဗော့ ပြောကြားချက်အရ သူရဲ့ ကုထုံးတွေက အချိန်မကြာမြင့်ဘဲ ကလေးငယ်ရဲ့ ထိရှလွယ်အသားအရေကို ထိခိုက်တာ မဖြစ်ဘူးလို့ သိရပါတယ်။
ဒါကြောင့်မို့ မိခင်ကာရိုးလ်ဟာ သမီးဖြစ်သူ ရောဂါအတွက် ကီလိုမီတာ ထောင်ချီခရီးကို လေယာဉ်နဲ့ လာရောက်ခဲ့တာပါ။
ထူးဆန်းအရေပြားရောဂါခံစားနေသူ လူနာဟာ ခွဲစိတ်မှု ၆ ကြိမ်ကနေ ၈ ကြိမ်အထိ ပြုလုပ်ခံရဖွယ်ရှိပြီး ခွဲစိတ်မှုတကြိမ်ကို ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။
နောက်ပြီး ခန့်မှန်းကုသကြာမြင့်ချိန်ဟာ ၁၈ လအထိ ကြာနိုင်တယ်လို့ ရုရှားဆရာဝန်ကပြောပါတယ်။
ကာရိုးလ်နဲ့ ခင်ပွန်းသည်တို့ဟာ သမီးဖြစ်သူ ရောဂါအတွက် လအတော်ကြာ ရန်ပုံငွေ တရပ်ထူထောင်ခဲ့ပြီး အခုအခါ အမေရိကန် ဒေါ်လာ ၄ သောင်းဝန်းကျင် ရထားပါတယ်။
လာမယ့် အောက်တိုဘာ ၁ ရက်မှာ အဆိုပါ ဆရာဝန်က ကလေးငယ်ကို ပထမဆုံးအကြိမ် စစ်ဆေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
=======================
ရွားပါးအေရျပားေရာဂါ ခံစားေနရသည့္ ၆ လသမီးေလး ခြဲစိတ္ကုသမႈ ခံယူေတာ့မည္
DVB
ရွားပါးအေရျပားေရာဂါတမ်ိဳး ခံစားေနရတဲ့ ၆ လသမီးေလးဟာ ခြဲစိတ္ကုသမႈ ခံယူဖို႔အတြက္ မိခင္ျဖစ္သူနဲ႔အတူ စက္တင္ဘာ ၂၅ ရက္က ႐ုရွားႏိုင္ငံကို ေရာက္ရွိေနပါတယ္။
လူနာလို႔ အမည္ရတဲ့ အဲဒီကေလးမေလးဟာ မ်က္ႏွာမွာ ပုံမွန္မဟုတ္တဲ့ အနက္ေရာင္ အကြက္ေတြ ေပၚထြက္ေစတဲ့ အေရျပားေရာဂါဆန္းကို ခံစားေနရၿပီး အဲဒီေရာဂါဟာ အေရျပား ကင္ဆာ ျဖစ္ႏိုင္ေျခရွိတဲ့ အႏၲရာယ္လည္း မ်ားပါတယ္။
မိခင္ျဖစ္သူ ကာ႐ိုးလ္က သူတို႔ဟာ ဒီေရာဂါကို အေမရိကမွာရွိတဲ့ ေဆးခန္းေတြဆီ သြားျပခဲ့ရာ ကုသစရိတ္ ေဒၚလာ ၄ သိန္း နီးပါး ကုန္က်မွာျဖစ္ၿပီး သူတို႔လုပ္ထားတဲ့ အာမခံနဲ႔ မေလာက္ငဘူးလို႔ ဆိုပါတယ္။
အဲဒီေနာက္ ႐ုရွားႏိုင္ငံ ခရက္စ္ႏိုဒါေဒသက ဆရာဝန္တေယာက္ကေန သူတို႔ကို ဖုန္းနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ ေျပာပါတယ္။
႐ုရွားအေရျပား အထူးကုဆရာဝန္ ပါဗယ္ေပါ့ေဗာ့ ေျပာၾကားခ်က္အရ သူရဲ႕ ကုထုံးေတြက အခ်ိန္မၾကာျမင့္ဘဲ ကေလးငယ္ရဲ႕ ထိရွလြယ္အသားအေရကို ထိခိုက္တာ မျဖစ္ဘူးလို႔ သိရပါတယ္။
ဒါေၾကာင့္မို႔ မိခင္ကာ႐ိုးလ္ဟာ သမီးျဖစ္သူ ေရာဂါအတြက္ ကီလိုမီတာ ေထာင္ခ်ီခရီးကို ေလယာဥ္နဲ႔ လာေရာက္ခဲ့တာပါ။
ထူးဆန္းအေရျပားေရာဂါခံစားေနသူ လူနာဟာ ခြဲစိတ္မႈ ၆ ႀကိမ္ကေန ၈ ႀကိမ္အထိ ျပဳလုပ္ခံရဖြယ္ရွိၿပီး ခြဲစိတ္မႈတႀကိမ္ကို ေဒၚလာ ၂၅,၀၀၀ ဝန္းက်င္ ကုန္က်မွာ ျဖစ္ပါတယ္။
ေနာက္ၿပီး ခန္႔မွန္းကုသၾကာျမင့္ခ်ိန္ဟာ ၁၈ လအထိ ၾကာႏိုင္တယ္လို႔ ႐ုရွားဆရာဝန္ကေျပာပါတယ္။
ကာ႐ိုးလ္နဲ႔ ခင္ပြန္းသည္တို႔ဟာ သမီးျဖစ္သူ ေရာဂါအတြက္ လအေတာ္ၾကာ ရန္ပုံေငြ တရပ္ထူေထာင္ခဲ့ၿပီး အခုအခါ အေမရိကန္ ေဒၚလာ ၄ ေသာင္းဝန္းက်င္ ရထားပါတယ္။
လာမယ့္ ေအာက္တိုဘာ ၁ ရက္မွာ အဆိုပါ ဆရာဝန္က ကေလးငယ္ကို ပထမဆုံးအႀကိမ္ စစ္ေဆးသြားမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။