ပြင်သစ် ဓာတုပစ္စည်းထုတ်စက်ရုံ မီးလောင်

ပြင်သစ်နိုင်ငံ မြောက်ပိုင်းက ရိုဟွန်ဆိပ်ကမ်းမြို့မှာ ဓာတုပစ္စည်းတွေထုတ်တဲ့ စက်ရုံတရုံ စက်တင်ဘာ ၂၆ ရက်က အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
လူဘရီဇော ကုမ္ပဏီပိုင် စက်ရုံမှာ ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရဲတွေက ပြောပါတယ်။
လုံခြုံရေး အရံအတားတွေ ချထားပြီး မီးသတ်သမား အယောက် ၁၃၀ လောက်က မီးကို ငြှိမ်းသတ်ခဲ့ပါတယ်။
မီးခိုးတွေက မီးလောင်ရာမြို့သာမက အနားဝန်းကျင်က မြို့တွေဆီကိုပါ ပျံ့နှံ့ကုန်လို့ မီးလောင်ရာမြို့နဲ့ အနားဝန်းကျင် တခြားမြို့ ၁၂ မြို့က ကျောင်းတွေနဲ့ နေ့ကလေးထိန်း ဌာနတွေကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။
ဒါ့အပြင် စက်ရုံနဲ့ မီတာ ၅၀၀ အကွာမှာ နေကြတဲ့ ဒေသခံတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ကို အကြံပြုထားပါတယ်။
=====================
ျပင္သစ္ ဓာတုပစၥည္းထုတ္စက္႐ုံ မီးေလာင္
DVB
ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက ႐ိုဟြန္ဆိပ္ကမ္းၿမိဳ႕မွာ ဓာတုပစၥည္းေတြထုတ္တဲ့ စက္႐ုံတ႐ုံ စက္တင္ဘာ ၂၆ ရက္က အႀကီးအက်ယ္ မီးေလာင္ခဲ့တယ္လို႔ ေဒသခံအာဏာပိုင္ေတြက ေျပာပါတယ္။
လူဘရီေဇာ ကုမၸဏီပိုင္ စက္႐ုံမွာ ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီေလာက္မွာ မီးစတင္ ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ေသဆုံးဒဏ္ရာရသူ မရွိဘူးလို႔ ရဲေတြက ေျပာပါတယ္။
လုံၿခဳံေရး အရံအတားေတြ ခ်ထားၿပီး မီးသတ္သမား အေယာက္ ၁၃၀ ေလာက္က မီးကို ျငႇိမ္းသတ္ခဲ့ပါတယ္။
မီးခိုးေတြက မီးေလာင္ရာၿမိဳ႕သာမက အနားဝန္းက်င္က ၿမိဳ႕ေတြဆီကိုပါ ပ်ံ႕ႏွံ႔ကုန္လို႔ မီးေလာင္ရာၿမိဳ႕နဲ႔ အနားဝန္းက်င္ တျခားၿမိဳ႕ ၁၂ ၿမိဳ႕က ေက်ာင္းေတြနဲ႔ ေန႔ကေလးထိန္း ဌာနေတြကို အာဏာပိုင္ေတြက ပိတ္ထားခဲ့ပါတယ္။
ဒါ့အျပင္ စက္႐ုံနဲ႔ မီတာ ၅၀၀ အကြာမွာ ေနၾကတဲ့ ေဒသခံေတြကိုလည္း အိမ္ထဲမွာပဲ ေနၾကဖို႔ကို အႀကံျပဳထားပါတယ္။