အစ္စတန်ဘူမြို့လယ် အဆောက်အဦနံရံပေါ်က ဒေါက်မြင့်ဖိနပ်အရန် ၄၄၀

အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး အသိပညာပေးတဲ့အနေနဲ့ တူရကီနိုင်ငံ အစ္စတန်ဘူမြို့လယ်က အဆောက်အဦတလုံးရဲ့ နံရံတွေပေါ်မှာ ဒေါက်မြင့်ဖိနပ် အရံ ၄၄၀ ကို ချိတ်ဆွဲထားပါတယ်။
၂၀၁၈ ခုနှစ်မှာ တူရကီနိုင်ငံအတွင်း အသတ်ခံရတဲ့ အမျိုးသမီးအယောက် ၄၄၀ ကို ဂါရဝပြုတဲ့အနေနဲ့ တူရကီ အနုပညာရှင် ဗာဟစ်ထ် ကျူနာက ဖန်တီးထားတာ ဖြစ်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုမှာ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အသိအမြင် မြှင့်တင်ရေး ရည်မှန်းထားတဲ့ အနုပညာရှင်က ဒီတင်ဆက်မှုက လူတွေအပေါ် သက်ရောက်မှု ရှိတယ်၊ အတွေးတွေကို ပေးတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဖိနပ်တွေကို ဝင်ပေါက်တံခါး အပြင်ဘက်မှာ ထားတဲ့ ဓလေ့ထုံးတမ်းတရပ် တူရကီနိုင်ငံထဲမှာ ရှိပါတယ်။
တူရကီနိုင်ငံတလွှား အမျိုးသမီးတွေ အသတ်ခံရမှုကို မှတ်တမ်းတင်ပြီး အမျိုးသမီးတွေ အသတ်ခံရမှု ရပ်တန့်ရေး လှုပ်ရှားနေတဲ့အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ၂၀၁၈ ခုနှစ်မှာ တူရကီနိုင်ငံအတွင်း အမျိုးသမီး အယောက် ၄၄၀ အသတ်ခံရပါတယေ။
၂၀၁၉ သြဂုတ် တလတည်းမှာတင် အမျိုးသားတွေသတ်လို့ အမျိုးသမီး ၄၉ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံထားပါတယ်။
=====================
အစၥတန္ဘူၿမိဳ႕လယ္ အေဆာက္အဦနံရံေပၚက ေဒါက္ျမင့္ဖိနပ္အရန္ ၄၄၀
DVB
အိမ္တြင္းအၾကမ္းဖက္မႈ ဆန႔္က်င္ေရး အသိပညာေပးတဲ့အေနနဲ႔ တူရကီႏိုင္ငံ အစၥတန္ဘူၿမိဳ႕လယ္က အေဆာက္အဦတလုံးရဲ႕ နံရံေတြေပၚမွာ ေဒါက္ျမင့္ဖိနပ္ အရံ ၄၄၀ ကို ခ်ိတ္ဆြဲထားပါတယ္။
၂၀၁၈ ခုႏွစ္မွာ တူရကီႏိုင္ငံအတြင္း အသတ္ခံရတဲ့ အမ်ိဳးသမီးအေယာက္ ၄၄၀ ကို ဂါရဝျပဳတဲ့အေနနဲ႔ တူရကီ အႏုပညာရွင္ ဗာဟစ္ထ္ က်ဴနာက ဖန္တီးထားတာ ျဖစ္ပါတယ္။
အိမ္တြင္းအၾကမ္းဖက္မႈမွာ ေသဆုံးခဲ့တဲ့ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီး အသိအျမင္ ျမႇင့္တင္ေရး ရည္မွန္းထားတဲ့ အႏုပညာရွင္က ဒီတင္ဆက္မႈက လူေတြအေပၚ သက္ေရာက္မႈ ရွိတယ္၊ အေတြးေတြကို ေပးတယ္လို႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
ေသဆုံးသူေတြရဲ႕ ဖိနပ္ေတြကို ဝင္ေပါက္တံခါး အျပင္ဘက္မွာ ထားတဲ့ ဓေလ့ထုံးတမ္းတရပ္ တူရကီႏိုင္ငံထဲမွာ ရွိပါတယ္။
တူရကီႏိုင္ငံတလႊား အမ်ိဳးသမီးေတြ အသတ္ခံရမႈကို မွတ္တမ္းတင္ၿပီး အမ်ိဳးသမီးေတြ အသတ္ခံရမႈ ရပ္တန႔္ေရး လႈပ္ရွားေနတဲ့အဖြဲ႕က ထုတ္ျပန္တဲ့ အစီရင္ခံစာ အရ ၂၀၁၈ ခုႏွစ္မွာ တူရကီႏိုင္ငံအတြင္း အမ်ိဳးသမီး အေယာက္ ၄၄၀ အသတ္ခံရပါတယေ။
၂၀၁၉ ၾသဂုတ္ တလတည္းမွာတင္ အမ်ိဳးသားေတြသတ္လို႔ အမ်ိဳးသမီး ၄၉ ေယာက္ ေသဆုံးခဲ့တယ္လို႔ အစီရင္ခံထားပါတယ္။