A d v e r t i s e m e n t With Us

မိုးခေါင်ပြီးစိုက်ပျိုး‌ရေရှားနေသဖြင့် ဝက်လက်မြို့သားများ မိုးခေါ်လွန်ဆွဲ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းမှာ အခုနှစ် စိုက်ပျိုးရာသီအစမှ စက်တင်ဘာလကုန်ခါနီးအထိ မိုးရွာသွန်းမှုနည်းပါးတာကြောင့် ဒေသခံတွေ စိုက်ပျိုးရေအခက်‌တွေ့နေပါတယ်။ ပျိုးထောင်စဉ်ကလည်း မူးမြစ်ရေးကို မျှမျှတတဖြစ်‌အောင် တောင်သူတွေဟာ ကိုယ့် အစီအစဉ်နဲ့ကိုယ် အလှည့်ကျစက်မောင်းပြီးရေတင်နေကြရတာဖြစ်ပြီး အခုစိုက်ပျိုးပြီးချိန်မှာလည်း စက်မောင်းနေရဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျေးရွာလယ်သမားတွေရဲ့အခက်အခဲကို ကိုယ်ချင်းစာတဲ့အနေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ မြို့သူမြို့သားများ စုစည်းပြီး မိုးခေါ်လွန်ဆွဲပွဲ လုပ်ကြတာလည်း ဖြစ်ပါတယ်။ “ကျနော်တို့မြို့က စိုက်ပျိုးရေးကို အဓိကအားထားရတဲ့မြို့ပါ၊ မိုး‌လေဝသ‌ကောင်းပြီး တောင်သူလယ်သမားတွေ စိုက်ပျိုးမှုအဆင်ပြေမှ ကျနော်တို့မြို့ပေါ်က ဈေးသည်တွေ၊ဈေးဆိုင်တွေ ကအစ အားလုံးအဆင်‌ပြေကြမှာပါ။ ဒါကြောင့်မို့ မြို့သူမြို့သားအားလုံးစုပေါင်းပြီး မိုးခေါ်လွန်ဆွဲပွဲလုပ်ကြတာပါ” လို့ မြို့ခံတဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် ၂၅ ရက် ကလည်းဌာနဆိုင်ရာများနဲ့ မြို့သူမြို့သားများ ပူးပေါင်းပြီး၊ မြို့ပေါ်မှ ဆရာ‌တော်များကိုပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်နှင့် ငါးရံ့မင်းပရိတ်များ လှည့်လည်ရွတ်ဖတ်ခဲ့ကြပါတယ်။ ယခုနှစ်မှာတင် မြို့ပေါ်မှာလွန်ဆွဲပွဲ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး၊ အလားတူပဲ ကျေးရွာအချို့မှာလဲ မိုးခေါင်လွန်းတဲ့ အတွက် မိုးခေါ်လွန်ဆွဲပွဲတွေပြုလုပ်နေကြတာ ဖြစ်ပါတယ်။  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ စက်တင်ဘာ ၂၇ ရက်‌မွန်းတည့်ချိန်အထိစစ်ကိုင်းတိုင်းဒေသကြီးမှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သတင်း- အောင်စံလင်း
မိုးေခါင္ၿပီးစိုက္ပ်ိဳး‌ေရရွားေနသျဖင့္ ဝက္လက္ၿမိဳ႕သားမ်ား မိုးေခၚလြန္ဆြဲ ဒီဗြီဘီ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္အတြင္းမွာ အခုႏွစ္ စိုက္ပ်ိဳးရာသီအစမွ စက္တင္ဘာလကုန္ခါနီးအထိ မိုး႐ြာသြန္းမႈနည္းပါးတာေၾကာင့္ ေဒသခံေတြ စိုက္ပ်ိဳးေရအခက္‌ေတြ႕ေနပါတယ္။ ပ်ိဳးေထာင္စဥ္ကလည္း မူးျမစ္ေရးကို မွ်မွ်တတျဖစ္‌ေအာင္ ေတာင္သူေတြဟာ ကိုယ့္ အစီအစဥ္နဲ႔ကိုယ္ အလွည့္က်စက္ေမာင္းၿပီးေရတင္ေနၾကရတာျဖစ္ၿပီး အခုစိုက္ပ်ိဳးၿပီးခ်ိန္မွာလည္း စက္ေမာင္းေနရဆဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေက်း႐ြာလယ္သမားေတြရဲ႕အခက္အခဲကို ကိုယ္ခ်င္းစာတဲ့အေနနဲ႔ စက္တင္ဘာ ၂၆ ရက္ေန႔မွာ ၿမိဳ႕သူၿမိဳ႕သားမ်ား စုစည္းၿပီး မိုးေခၚလြန္ဆြဲပြဲ လုပ္ၾကတာလည္း ျဖစ္ပါတယ္။ “က်ေနာ္တို႔ၿမိဳ႕က စိုက္ပ်ိဳးေရးကို အဓိကအားထားရတဲ့ၿမိဳ႕ပါ၊ မိုး‌ေလဝသ‌ေကာင္းၿပီး ေတာင္သူလယ္သမားေတြ စိုက္ပ်ိဳးမႈအဆင္ေျပမွ က်ေနာ္တို႔ၿမိဳ႕ေပၚက ေဈးသည္ေတြ၊ေဈးဆိုင္ေတြ ကအစ အားလုံးအဆင္‌ေျပၾကမွာပါ။ ဒါေၾကာင့္မို႔ ၿမိဳ႕သူၿမိဳ႕သားအားလုံးစုေပါင္းၿပီး မိုးေခၚလြန္ဆြဲပြဲလုပ္ၾကတာပါ” လို႔ ၿမိဳ႕ခံတဦးက ဆိုပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၄ ရက္ ၂၅ ရက္ ကလည္းဌာနဆိုင္ရာမ်ားနဲ႔ ၿမိဳ႕သူၿမိဳ႕သားမ်ား ပူးေပါင္းၿပီး၊ ၿမိဳ႕ေပၚမွ ဆရာ‌ေတာ္မ်ားကိုပင့္ဖိတ္ကာ အႏၲရာယ္ကင္း ပရိတ္ႏွင့္ ငါးရံ႕မင္းပရိတ္မ်ား လွည့္လည္႐ြတ္ဖတ္ခဲ့ၾကပါတယ္။ ယခုႏွစ္မွာတင္ ၿမိဳ႕ေပၚမွာလြန္ဆြဲပြဲ ၃ ႀကိမ္ျပဳလုပ္ခဲ့ၿပီး၊ အလားတူပဲ ေက်း႐ြာအခ်ိဳ႕မွာလဲ မိုးေခါင္လြန္းတဲ့ အတြက္ မိုးေခၚလြန္ဆြဲပြဲေတြျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကေတာ့ စက္တင္ဘာ ၂၇ ရက္‌မြန္းတည့္ခ်ိန္အထိစစ္ကိုင္းတိုင္းေဒသႀကီးမွာ ေနရာက်ဲက်ဲ မိုး႐ြာသြန္းႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ သတင္း- ေအာင္စံလင္း

A d v e r t i s e m e n t With Us

More News
Up