လက်ဝှေ့သမားလေးနှင့် အပျော်မယ်ကောင်မလေးကြားမှ လျှို့ဝှက်အချစ်ဒရာမာဇာတ်လမ်း ရုပ်ရှင်- First Love(နမူနာ)

လူရွယ်လက်ဝှေ့သမားကောင်လေးတယောက်နဲ့ အပျော်မယ်ကောင်မလေးတ ယောက်ကြားမှ အချစ်ဇာတ်လမ်းကို လျှို့ဝှက်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ First Love ရုပ်ရှင်ကို စက်တင်ဘာ ၂၇ ရက်နေ့ ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။
ရာဇဝတ်ပြစ်မှုဆိုင်ရာ အချစ်ဒရာမာအမျိုးအစား ဒီရုပ်ရှင်ကားကိုတော့ ဝါရင့်ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Takashi Miike က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး OLM, Inc. ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက တင်ဆက်လိုက်တာပါ။
လူငယ် လက်ဝှေ့သမားတယောက်ဖြစ်တဲ့ Leo ဟာ မမျှော်လင့်ဘဲ Monica ဆိုတဲ့ အပျော်မယ်ကောင်မလေးတယောက်နဲ့ ဆုံပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ အဲဒီနောက် သူတို့ ၂ ယောက်ဟာ မူးယစ်ဆေးဝါးမှောင်ခိုအမှုတခုထဲမှာ ပါဝင်ပတ်သက်မိသွားခဲ့တဲ့အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ တညမှာတော့ သူတို့နောက်ကို အကျင့်ပျက်ရဲတယောက်၊ ယာကူဇာဂိုဏ်းသားတယောက်နဲ့ ကြေးစားလူသတ်သမားတယောက်တို့က လိုက်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဂျပန်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Becky၊ Sakurako Konishi၊ Masataka Kubota၊ Jun Murakami နဲ့ Nao Ohmori စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.3 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလက နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival ရဲ့ Directors' Fortnight section မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။
===========================
လက္ေဝွ႔သမားေလးႏွင့္ အေပ်ာ္မယ္ေကာင္မေလးၾကားမွ လွ်ိဳ႕ဝွက္အခ်စ္ဒရာမာဇာတ္လမ္း ႐ုပ္ရွင္- First Love(နမူနာ)
DVB
လူ႐ြယ္လက္ေဝွ႔သမားေကာင္ေလးတေယာက္နဲ႔ အေပ်ာ္မယ္ေကာင္မေလးတ ေယာက္ၾကားမွ အခ်စ္ဇာတ္လမ္းကို လွ်ိဳ႕ဝွက္ဒရာမာဇာတ္လမ္းတပုဒ္အေနနဲ႔ ႐ိုက္ကူး ပုံေဖာ္ထားတဲ့ First Love ႐ုပ္ရွင္ကို စက္တင္ဘာ ၂၇ ရက္ေန႔ ႐ုံတင္ျပသေတာ့ မွာ ျဖစ္ပါတယ္။
ရာဇဝတ္ျပစ္မႈဆိုင္ရာ အခ်စ္ဒရာမာအမ်ိဳးအစား ဒီ႐ုပ္ရွင္ကားကိုေတာ့ ဝါရင့္ဂ်ပန္လူမ်ိဳး ႐ုပ္ရွင္ဒါ႐ိုက္တာ Takashi Miike က ႐ိုက္ကူးပုံေဖာ္ေပးထားတာျဖစ္ၿပီး OLM, Inc. ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီက တင္ဆက္လိုက္တာပါ။
လူငယ္ လက္ေဝွ႔သမားတေယာက္ျဖစ္တဲ့ Leo ဟာ မေမွ်ာ္လင့္ဘဲ Monica ဆိုတဲ့ အေပ်ာ္မယ္ေကာင္မေလးတေယာက္နဲ႔ ဆုံၿပီး ခ်စ္ႀကိဳက္မိသြားခဲ့ပါတယ္။ အဲဒီေနာက္ သူတို႔ ၂ ေယာက္ဟာ မူးယစ္ေဆးဝါးေမွာင္ခိုအမႈတခုထဲမွာ ပါဝင္ပတ္သက္မိသြားခဲ့တဲ့အခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ။ တညမွာေတာ့ သူတို႔ေနာက္ကို အက်င့္ပ်က္ရဲတေယာက္၊ ယာကူဇာဂိုဏ္းသားတေယာက္နဲ႔ ေၾကးစားလူသတ္သမားတေယာက္တို႔က လိုက္လာခ်ိန္မွာေတာ့ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ဒီကားထဲမွာ ရင္တထိတ္ထိတ္နဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ ဂ်ပန္သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ Becky၊ Sakurako Konishi၊ Masataka Kubota၊ Jun Murakami နဲ႔ Nao Ohmori စတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ၾကာျမင့္ခ်ိန္ ၁၀၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားဟာ IMDb မွာေတာ့ Rating 7.3 အထိ ရရွိထားတဲ့ ဇာတ္ကားေကာင္းတကား ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားကို ၿပီးခဲ့တဲ့ ေမလက နာမည္ႀကီး႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Cannes Film Festival ရဲ႕ Directors' Fortnight section မွာ ကနဦးျပသခဲ့တာ ျဖစ္ပါတယ္။