မက်ဆီ ဒဏ်ရာကြောင့် ပွဲစဉ် ၃ ပွဲကို လွဲချော်မည်

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၃ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။  မက်ဆီဟာ ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အင်တာမီလန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင်  လာမယ့်အပတ် ကစားမယ့် ဂီတာဖေးနဲ့ပွဲကိုလည်း လွဲချော်မယ်လို့ သိရပါတယ်။  နောက်တပတ်မှာ ဆက်ကစားမယ့် ဆီဗီလာနဲ့ပွဲမှာလည်း ပါဝင်ဖို့ မသေချာတဲ့ အခြေအနေမှာရှိနေပြီး အသင်းရဲ့ ပွဲစဉ် ၃ ပွဲကို လွဲချော်ဖို့ရှိနေတာပါ။  မက်ဆီဟာ ခြေသလုံးဒဏ်ရာကြောင့် ရာသီအစပွဲစဉ် ၄ ပွဲကိုလွဲချော်ခဲ့ပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်ကစားခဲ့ပေမယ့်လည်း ပေါင်ဒဏ်ရာရခဲ့လို့ ပထမပိုင်းပဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ================ မက္ဆီ ဒဏ္ရာေၾကာင့္ ပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္မည္ DVB ဘာစီလိုနာတိုက္စစ္မႉး မက္ဆီဟာ ဒဏ္ရာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။ မက္ဆီဟာ ဗီလာရီးရဲလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ေပါင္ဒဏ္ရာ ရခဲ့တာျဖစ္ၿပီး အင္တာမီလန္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အပါအဝင္  လာမယ့္အပတ္ ကစားမယ့္ ဂီတာေဖးနဲ႔ပြဲကိုလည္း လြဲေခ်ာ္မယ္လို႔ သိရပါတယ္။ ေနာက္တပတ္မွာ ဆက္ကစားမယ့္ ဆီဗီလာနဲ႔ပြဲမွာလည္း ပါဝင္ဖို႔ မေသခ်ာတဲ့ အေျခအေနမွာရွိေနၿပီး အသင္းရဲ႕ ပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတာပါ။ မက္ဆီဟာ ေျခသလုံးဒဏ္ရာေၾကာင့္ ရာသီအစပြဲစဥ္ ၄ ပြဲကိုလြဲေခ်ာ္ခဲ့ၿပီး ဗီလာရီးရဲလ္နဲ႔ပြဲမွာ ပထမဆုံးအႀကိမ္ ပြဲထြက္ ၁၁ ဦးစာရင္းမွာ ပါဝင္ကစားခဲ့ေပမယ့္လည္း ေပါင္ဒဏ္ရာရခဲ့လို႔ ပထမပိုင္းပဲ ကစားခဲ့ရတာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up