မိတ်ကပ်မကြိုက်သည့် အဆိုတော် ဝေလ၏ တေးအယ်လ်ဘမ်သစ် ‘စာရိတ္တ’ ထွက်မည်(ရုပ်သံ)

နာမည်ကြီး အမျိုးသားတေးသံရှင် ဝေလရဲ့ တေးအယ်လ်ဘမ်သစ်တချပ်ကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ထွက်ရှိဖို့ ရှိနေပါတယ်။
မိတ်ကပ်မကြိုက်သော သီချင်းများ တေးအယ်လ်ဘမ်နဲ့ ပရိသတ်တွေကို သိမ်း ကျုံးဆွဲဝင်ထားနိုင်ခဲ့တဲ့ တေးသံရှင် ဝေလရဲ့ အခုအသစ်ထွက်ရှိလာတဲ့ တေးအယ်လ် ဘမ်ကို Bo Bo Music Production ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ဝေလရဲ့ ပထမဆုံးတကိုယ် တော် တေးအယ်လ်ဘမ် ၁၉၈၂ ကို ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကြား အောင်မြင်မှုမရရှိခဲ့ပါဘူး။
ဒါပေမယ့် ဒုတိယမြောက် တေးအယ်လ်ဘမ် မိတ်ကပ်မကြိုက်သော သီချင်းများ ကတော့ အားလုံးကို ဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပြီး ဂီတလောကမှာ နေရာတ နေရာ ရရှိထားခဲ့ပါတယ်။
အဲဒီနောက်မှာ ထွက်ရှိလာခဲ့တဲ့ အဓိပတိဖွား တေးအယ်လ်ဘမ်ဟာလည်း ပရိ သတ်လက်ခံအားပေးမှုနဲ့ ရေပန်းစားအောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး အတုများတဲ့ မြို့ဆိုလိုအယ်လ်ဘမ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။
မနှစ်ကတော့ သူ့ရဲ့ တကိုယ်တော် One Man Show ကို အောင်အောင်မြင်မြင်နဲ့ တင်ဆက်နိုင်ခဲ့ပါတယ်။
အသစ်ထွက် စာရိတ္တတေးအယ်လ်ဘမ်ထဲမှာတော့ Runner တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ တေးရေးတွေဖြစ်ကြတဲ့ ဒဲရစ်မေလာ ၊ စောခူဆဲ၊ ဝေလ၊ ကိုထက်နဲ့ ရှမ်းလေးတို့က ရေးဖွဲ့ပေးထားတဲ့ သီချင်းသစ် ၁၂ ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။
ဝေလရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတွေထဲက တပုဒ်ဖြစ်တဲ့ Good Night အမည်ရတဲ့ သီချင်းတပိုင်းတစကို မျှေ၀ ထားခဲ့ပါတယ်။
သီချင်းထဲမှာတော့ သူတို့ မိသားစုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့အတူ ပရိ သတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ဝေလရဲ့ အမှတ်တရ လက်မှတ်နဲ့ ဒီတေးအယ်လ်ဘမ်ကို လိုချင်သူတွေအတွက် စက်တင်ဘာ ၂၈ ရက် နေ့မှ စတင်ပြီး Pre Order တင်နိုင်မှာဖြစ်တယ်လို့ Bo Bo Music Production က ကြေငြာထားပါတယ်။
မိတ္ကပ္မႀကိဳက္သည့္ အဆိုေတာ္ ေဝလ၏ ေတးအယ္လ္ဘမ္သစ္ ‘စာရိတၱ’ ထြက္မည္(႐ုပ္သံ)
DVB
နာမည္ႀကီး အမ်ိဳးသားေတးသံရွင္ ေဝလရဲ႕ ေတးအယ္လ္ဘမ္သစ္တခ်ပ္ကို လာမယ့္ ေအာက္တိုဘာလ ၃ ရက္ေန႔မွာ ထြက္ရွိဖို႔ ရွိေနပါတယ္။
မိတ္ကပ္မႀကိဳက္ေသာ သီခ်င္းမ်ား ေတးအယ္လ္ဘမ္နဲ႔ ပရိသတ္ေတြကို သိမ္း က်ဳံးဆြဲဝင္ထားႏိုင္ခဲ့တဲ့ ေတးသံရွင္ ေဝလရဲ႕ အခုအသစ္ထြက္ရွိလာတဲ့ ေတးအယ္လ္ ဘမ္ကို Bo Bo Music Production ကေန ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ေတးသံရွင္ ေဝလရဲ႕ ပထမဆုံးတကိုယ္ ေတာ္ ေတးအယ္လ္ဘမ္ ၁၉၈၂ ကို ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့ေပမယ့္ ပရိသတ္ေတြၾကား ေအာင္ျမင္မႈမရရွိခဲ့ပါဘူး။
ဒါေပမယ့္ ဒုတိယေျမာက္ ေတးအယ္လ္ဘမ္ မိတ္ကပ္မႀကိဳက္ေသာ သီခ်င္းမ်ား ကေတာ့ အားလုံးကို ဆန္းသစ္တဲ့ ပုံစံတမ်ိဳးနဲ႔ ဖမ္းစားႏိုင္ခဲ့ၿပီး ဂီတေလာကမွာ ေနရာတ ေနရာ ရရွိထားခဲ့ပါတယ္။
အဲဒီေနာက္မွာ ထြက္ရွိလာခဲ့တဲ့ အဓိပတိဖြား ေတးအယ္လ္ဘမ္ဟာလည္း ပရိ သတ္လက္ခံအားေပးမႈနဲ႔ ေရပန္းစားေအာင္ျမင္မႈေတြ ဆက္တိုက္ရရွိခဲ့ၿပီး အတုမ်ားတဲ့ ၿမိဳ႕ဆိုလိုအယ္လ္ဘမ္ဟာလည္း လူႀကိဳက္မ်ားခဲ့ပါတယ္။
မႏွစ္ကေတာ့ သူ႔ရဲ႕ တကိုယ္ေတာ္ One Man Show ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ တင္ဆက္ႏိုင္ခဲ့ပါတယ္။
အသစ္ထြက္ စာရိတၱေတးအယ္လ္ဘမ္ထဲမွာေတာ့ Runner ေတးဂီတအဖြဲ႕ရဲ႕ တီးခတ္မႈနဲ႔အတူ ေတးေရးေတြျဖစ္ၾကတဲ့ ဒဲရစ္ေမလာ ၊ ေစာခူဆဲ၊ ေဝလ၊ ကိုထက္နဲ႔ ရွမ္းေလးတို႔က ေရးဖြဲ႕ေပးထားတဲ့ သီခ်င္းသစ္ ၁၂ ပုဒ္ပါဝင္မွာ ျဖစ္ပါတယ္။
ေဝလရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာေတာ့ ဒီေတးအယ္လ္ဘမ္ထဲမွာ ပါဝင္တဲ့ သီခ်င္းေတြထဲက တပုဒ္ျဖစ္တဲ့ Good Night အမည္ရတဲ့ သီခ်င္းတပိုင္းတစကို ေမွ်၀ ထားခဲ့ပါတယ္။
သီခ်င္းထဲမွာေတာ့ သူတို႔ မိသားစုရဲ႕ ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေတြနဲ႔အတူ ပရိ သတ္ေတြက ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။
ေဝလရဲ႕ အမွတ္တရ လက္မွတ္နဲ႔ ဒီေတးအယ္လ္ဘမ္ကို လိုခ်င္သူေတြအတြက္ စက္တင္ဘာ ၂၈ ရက္ ေန႔မွ စတင္ၿပီး Pre Order တင္ႏိုင္မွာျဖစ္တယ္လို႔ Bo Bo Music Production က ေၾကျငာထားပါတယ္။