Home
မြန်မာသတင်း
ရေး-မော်လမြိုင်ပြေးဆွဲနေသည့် ခရီးသည်ယာဉ် မီးလောင်မှုဖြစ်ပွား
DVB
·
September 27, 2019
72039886_250072385953769_4523472681567256576_n
71825235_250072355953772_3424735256006098944_n
70904957_250072429287098_3233350607058239488_n
70858106_250072465953761_4183870266012598272_n

မွန်ပြည်နယ် ရေးမြို့မှ မော်လမြိုင်မြို့ကို ပြေးဆွဲနေတဲ့ ငြိမ်းချမ်း ၂ ခရီးသည်ယာဉ် ၁ စီး စက်တင်ဘာ ၂၆ ရက်နေ့ ညက ကားဝါယာရှော့ကနေ မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

မီးလောင်မှု ဖြစ်ပွးခဲ့တဲ့ ကိုရီးယားနိုင်ငံထုတ် KIA အံစာတုန်းကားအမျိုးအစား ခရီးသည်တင်ယာဉ်မှာ ခရီးသည်လိုက်ပါလာခြင်းမရှိဘဲ ယာဉ်မောင်း ၁ ဦးပဲပါရှိတာပါ။

တပ္ပလင်နှစ်ဆူဘုရားကားဂိတ်နေရာ အရောက်မှာ မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင် ပြေးထွက်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်ယာဉ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ကား ၃ စီးနဲ့အတူ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး ယာဉ်မောင်း ဦးချစ်ဇော်ကို ရေးမြို့မရဲစန်းက မီးလောင်မှု ပေါ့ဆမီးနဲ့ ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားလိုက်တယ်လို့ ဆိုပါတယ်။

နေမျိုးထွဋ် 

-----------------------------------------

ေရး-ေမာ္လၿမိဳင္ေျပးဆြဲေနသည့္ ခရီးသည္ယာဥ္ မီးေလာင္မႈျဖစ္ပြား DVB

မြန္ျပည္နယ္ ေရးၿမိဳ႕မွ ေမာ္လၿမိဳင္ၿမိဳ႕ကို ေျပးဆြဲေနတဲ့ ၿငိမ္းခ်မ္း ၂ ခရီးသည္ယာဥ္ ၁ စီး စက္တင္ဘာ ၂၆ ရက္ေန႔ ညက ကားဝါယာေရွာ့ကေန မီးေလာင္ကြၽမ္းခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနမွ သိရပါတယ္။ မီးေလာင္မႈ ျဖစ္ပြးခဲ့တဲ့ ကိုရီးယားႏိုင္ငံထုတ္ KIA အံစာတုန္းကားအမ်ိဳးအစား ခရီးသည္တင္ယာဥ္မွာ ခရီးသည္လိုက္ပါလာျခင္းမရွိဘဲ ယာဥ္ေမာင္း ၁ ဦးပဲပါရွိတာပါ။ တပၸလင္ႏွစ္ဆူဘုရားကားဂိတ္ေနရာ အေရာက္မွာ မီးေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္ ေျပးထြက္ႏိုင္ခဲ့လို႔ ထိခိုက္ဒဏ္ရာမရခဲ့ဘူးလို႔ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။ မီးေလာင္ယာဥ္ကို မီးသတ္တပ္ဖြဲ႕ဝင္ေတြက မီးသတ္ကား ၃ စီးနဲ႔အတူ ဝိုင္းဝန္းျငႇိမ္းသတ္ႏိုင္ခဲ့ၿပီး ယာဥ္ေမာင္း ဦးခ်စ္ေဇာ္ကို ေရးၿမိဳ႕မရဲစန္းက မီးေလာင္မႈ ေပါ့ဆမီးနဲ႔ ပုဒ္မ ၂၈၅ အရ အမႈဖြင့္အေရးယူထားလိုက္တယ္လို႔ ဆိုပါတယ္။ ေနမ်ိဳးထြဋ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024