မန်ယူအသင်း ဆုဖလားရရန် ၃ နှစ် စီမံကိန်းချမှတ် လုပ်ဆောင်မည်

910
မန်ယူအသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ ဂလေဇာမိသားစုဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူ နိုင်ဖို့အတွက် ၃ နှစ် စီမံကိန်းချပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဆုဖလားနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ လာမယ့် ၃ နှစ်အထိ ချန်ပီယံ ဆုဖလားကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်မထားဘဲ ၃ နှစ်စီမံကိန်းတခုချမှတ်ပြီး အဲဒီနောက်ပိုင်းမှ ချန်ပီယံဆုဖလားရဖို့ ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း ESPN ကဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ လက်ရှိအသင်းရဲ့ အနေအထားကို သဘောပေါက် နားလည်ထားပြီး ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေကို လိုက်မီဖို့ မလွယ်တော့တာကြောင့် ၃ နှစ်ကြာမှသာ ချန်ပီယံဆုဖလား ပြန်လည်ရယူနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အပြီးမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့်တစ်နေရာက လီဗာပူးအသင်းနဲ့လည်း ၁၀ မှတ် အထိ ကွာဟနေပါတယ်။
=================================
မန္ယူအသင္း ဆုဖလားရရန္ ၃ ႏွစ္ စီမံကိန္းခ်မွတ္ လုပ္ေဆာင္မည္
DVB
မန္ယူအသင္းပိုင္ရွင္ေတြျဖစ္ၾကတဲ့ ဂေလဇာမိသားစုဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္ရယူ ႏိုင္ဖို႔အတြက္ ၃ ႏွစ္ စီမံကိန္းခ်ၿပီး လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
မန္ယူအသင္းဟာ ၂၀၁၂-၂၀၁၃ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဆုဖလားနဲ႔ ေဝးကြာေနတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းပိုင္ရွင္ေတြဟာ လာမယ့္ ၃ ႏွစ္အထိ ခ်န္ပီယံ ဆုဖလားကို စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္မထားဘဲ ၃ ႏွစ္စီမံကိန္းတခုခ်မွတ္ၿပီး အဲဒီေနာက္ပိုင္းမွ ခ်န္ပီယံဆုဖလားရဖို႔ ပစ္မွတ္ထားလုပ္ေဆာင္ေနေၾကာင္း ESPN ကေဖာ္ျပခဲ့ပါတယ္။
ယူႏိုက္တက္အသင္းပိုင္ရွင္ေတြဟာ လက္ရွိအသင္းရဲ႕ အေနအထားကို သေဘာေပါက္ နားလည္ထားၿပီး ၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးအသင္းေတြကို လိုက္မီဖို႔ မလြယ္ေတာ့တာေၾကာင့္ ၃ ႏွစ္ၾကာမွသာ ခ်န္ပီယံဆုဖလား ျပန္လည္ရယူႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။
မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ အၿပီးမွာ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္တစ္ေနရာက လီဗာပူးအသင္းနဲ႔လည္း ၁၀ မွတ္ အထိ ကြာဟေနပါတယ္။