မက္ကဆီကိုနိုင်ငံ အော့ဆာကာပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကြမ်း အတည်ပြု

975
ရိုမန်ကတ်သလစ် မက္ကဆီကိုနိုင်ငံ အော့ဆာကာပြည်နယ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။
ဒါဟာ မက္ကဆီကိုစီးတီးမှာ ကိုယ်ဝန်ဖျက်ချတာကို တရားဝင်ခွင့်ပြုပြီးနောက်ပိုင်း ဒုတိယ မြောက် ခွင့်ပြုတာလည်း ဖြစ်ပါတယ်။
သန္ဓေသား ၁၂ ပတ် ကာလအတွင်း ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကြမ်းကို ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနဲ့ ဒေသလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။
အဲဒီလွှတ်တော်ဟာ သမ္မတ လိုပက်ဇ်အော်ဘရေဒိုရဲ့ လက်ဝဲပါတီ ကြီးစိုးရာနေရာဖြစ်ပြီး ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်လို့ သမ္မတ အော်ပရေဒိုက ရပ်တည်ချက် ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိပါဘူး။
သမ္မတ အော်ဘရေဒိုက ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို ထောင်ဒဏ် ကင်းလွတ်ခွင့်ပေးမယ့် ဥပဒေကြမ်းကို ဖက်ဒရယ်လွှတ်တော်ဆီပေးပို့ပြိး ရက်ပိုင်းအကြာမှာ ဥပဒေကြမ်းကို အတည်ပြုခဲ့တာပါ။
ကိုယ်ဝန်ဖျက်ချခွင့်ထောက်ခံသူ အမျိုးသမီးတဦးက “ဒီလို အတည်ပြုလိုက်ဟာ အော့ဆာကာပြည်နယ်အတွက်တင် အောင်ပွဲမဟုတ်ဘဲ ဥပဒေမှာလည်း အောင်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ တရားဝင်ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်တဲ့ အမျိုးသမီးတွေကို အပြစ်ပေးတဲ့ တခြားပြည်နယ်တွေအတွက် မျှော်လင့်ချက် ဖြစ်တယ်” လို့ ပြောပါတယ်။
=======================
DVB