ကျုံပျော်မြို့တွင် ဓားကိုင်ရမ်းကားသူအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
September 27, 2019
ဧရာ၀တီတိုင်း ကျုံပျော်မြို့မှာ ဓားကိုင်ရမ်းကားသူတဦးအား ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ပင်လုံရပ်ကွက် နဂါးဘုရားဝင်းအတွင်းမှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အမျိုးသား ၁ ဦး ဓားကိုင်ပြီး မူးယစ်ရမ်းကားနေကြောင်း သတင်းအရ ကျုံပျော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
သွားရောက် ဖမ်းဆီးစဉ် ကျော်ဦး (၄၂) နှစ်မှာ နဂါးဘုရားဝင်းအတွင်းရှိ နတ်စင်မှာ ထားရှိတဲ့ အရှည် ၂ ပေ ခွဲခန့် ငှက်ကြီးတောင် ဓား ၂ ချောင်းအား ကိုင်ဆောင်ထားတာ တွေ့ရှိရလို့ ဓားချဖို့ ပြောဆိုပေမဲ့ လိုက်နာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့လိုက်ခုတ်တာကြောင့် ၁၂ ဗို့သေနတ်နဲ့ ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ဝဲဘက်ရင်အုံအပါအ၀င် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒီနောက် ကျော်ဦးမှာ နတ်ကွန်းအတွင်း ပြေးဝင်သွားပြီး မိမိကိုယ်ကိုဓားနဲ့ လှီးဖြတ်ခဲ့တာကြောင့် လည်ပင်း၊ ယာလက်မပြတ်ရှဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့လို့ ကျုံပျော်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
ကျော်ဦးအား ကျုံပျော် မြို့မရဲစခန်းက (ပ)၇၇၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၉ (တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု၊ မိမိကိုယ်ကို သတ်ရန်အားထုတ်မှု)၊ (ပ)၇၇၈/ ၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
က်ဳံေပ်ာ္ၿမိဳ႕တြင္ ဓားကိုင္ရမ္းကားသူအား ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး DVB ဧရာ၀တီတိုင္း က်ဳံေပ်ာ္ၿမိဳ႕မွာ ဓားကိုင္ရမ္းကားသူတဦးအား ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ ပုသိမ္ခ႐ိုင္၊ က်ဳံေပ်ာ္ၿမိဳ႕၊ ပင္လုံရပ္ကြက္ နဂါးဘုရားဝင္းအတြင္းမွာ စက္တင္ဘာလ ၂၅ ရက္ေန႔ ညေနပိုင္းက အမ်ိဳးသား ၁ ဦး ဓားကိုင္ၿပီး မူးယစ္ရမ္းကားေနေၾကာင္း သတင္းအရ က်ဳံေပ်ာ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။ သြားေရာက္ ဖမ္းဆီးစဥ္ ေက်ာ္ဦး (၄၂) ႏွစ္မွာ နဂါးဘုရားဝင္းအတြင္းရွိ နတ္စင္မွာ ထားရွိတဲ့ အရွည္ ၂ ေပ ခြဲခန႔္ ငွက္ႀကီးေတာင္ ဓား ၂ ေခ်ာင္းအား ကိုင္ေဆာင္ထားတာ ေတြ႕ရွိရလို႔ ဓားခ်ဖို႔ ေျပာဆိုေပမဲ့ လိုက္နာျခင္းမရွိဘဲ ရဲတပ္ဖြဲ႕ဝင္ေတြကို ဓားနဲ႔လိုက္ခုတ္တာေၾကာင့္ ၁၂ ဗို႔ေသနတ္နဲ႔ ၁ ခ်က္ သတိေပးပစ္ခတ္ခဲ့ရာ ဝဲဘက္ရင္အုံအပါအ၀င္ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ဒီေနာက္ ေက်ာ္ဦးမွာ နတ္ကြန္းအတြင္း ေျပးဝင္သြားၿပီး မိမိကိုယ္ကိုဓားနဲ႔ လွီးျဖတ္ခဲ့တာေၾကာင့္ လည္ပင္း၊ ယာလက္မျပတ္ရွဒဏ္ရာေတြ (စိုးရိမ္ရ) ရရွိခဲ့လို႔ က်ဳံေပ်ာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ရတယ္လို႔ ဆိုပါတယ္။ ေက်ာ္ဦးအား က်ဳံေပ်ာ္ ၿမိဳ႕မရဲစခန္းက (ပ)၇၇၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၃၀၉ (တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအား ဟန႔္တားရန္ လက္ေရာက္မႈ၊ မိမိကိုယ္ကို သတ္ရန္အားထုတ္မႈ)၊ (ပ)၇၇၈/ ၂၀၁၉၊ လက္နက္ဥပေဒပုဒ္မ ၁၉(င) တို႔နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။