A d v e r t i s e m e n t With Us

မန္တလေးမြို့ လူစည်ကားရာနေရာများတွင် မိုင်းရှင်းလင်းရေးနှင့်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်(ဓာတ်ပုံ)

အမေရိကန် သံရုံး၏ လုံခြုံရေး သတိပေးချက် ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့ မဟာမုနိဘုရားကြီး၊ မနော်ရမ္မံကစားကွင်း၊ Ocean၊ Central Point စတဲ့ လူစည်ကားရာနေရာတွေမှာ စက်တင်ဘာ ၂၆ ရက်နေ့က မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး မြို့ဝင်မြို့ထွက်တွေမှာ ပိတ်ဆို့ရှာဖွေနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဟာမုနိဘုရားကြီးဝင်းအတွင်း နေရာအနှံ့အပြားနဲ့ အပြင် ပန်းခြံဘက်တွေမှာ ရှာဖွေရေးတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလိုဆောင်ရွက်တာဟာ အမေရိကန် သံရုံးရဲ့ထုတ်ပြန်ချက်ကြောင့် ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အမေရိကန်သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာတော့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးဖော်ပြထားတာပါ။ ဒါကြောင့်မို့ ကိုယ့်ရဲ့လုံခြုံမှုအတွက် ပြင်ဆင်ထားကြဖို့၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရရုံးတွေနဲ့ ဆက်ဆံရာမှာ  လုံခြုံရေးသတိရှိဖို့၊ ဒေသတွင်းသတင်းမီဒီယာတွေပေါ် နောက်ဆုံးရ သတင်းအချက်အလက်တွေကို နားစွင့်ဖို့၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိပေးထားဖို့ စတဲ့ အချက်အလက်တွေကို အလေးထား လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။ ဒီအတောအတွင်း နိုင်ငံတော် သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုနယ်မြေအတွင်း လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်  ညွန်ကြားစာတစောင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့အဆိုပါညွန်ကြားစာမှာ ဩဂုတ် ၃၀ရက်က  ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အနီး မယ်လဒုက္ခသည်စခန်းနားမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တချို့ ပါဝင်တဲ့ အစည်းအဝေးကနေ စက်တင်ဘာ ၁၆ ရက် (သို့) ၂၆ ရက်နဲ့  အောက်တိုဘာ ၁၆ ရက် (သို့) ၂၆ ရက်နေ့ နေပြည်တော်မှာ ဖောက်ခွဲမှုတခုပြုလုပ်ဖို့ ရက်သတ်မှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ညွန်ကြားစာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကတော့ မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပုံမှန်လုံခြုံရေးဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။ Photo - Kaung Zaw Hein / MPA ============================== မႏၲေလးၿမိဳ႕ လူစည္ကားရာေနရာမ်ားတြင္ မိုင္းရွင္းလင္းေရးႏွင့္ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္(ဓာတ္ပုံ) DVB အေမရိကန္ သံ႐ုံး၏ လုံၿခဳံေရး သတိေပးခ်က္ ထြက္ေပၚလာၿပီးေနာက္ မႏၲေလးၿမိဳ႕ မဟာမုနိဘုရားႀကီး၊ မေနာ္ရမၼံကစားကြင္း၊ Ocean၊ Central Point စတဲ့ လူစည္ကားရာေနရာေတြမွာ စက္တင္ဘာ ၂၆ ရက္ေန႔က မိုင္းရွင္းလင္းေရး လုပ္ေဆာင္ခဲ့ၿပီး ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြမွာ ပိတ္ဆို႔ရွာေဖြေနပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ မဟာမုနိဘုရားႀကီးဝင္းအတြင္း ေနရာအႏွံ႔အျပားနဲ႔ အျပင္ ပန္းၿခံဘက္ေတြမွာ ရွာေဖြေရးေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီလိုေဆာင္႐ြက္တာဟာ အေမရိကန္ သံ႐ုံးရဲ႕ထုတ္ျပန္ခ်က္ေၾကာင့္ ျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။ အေမရိကန္သံ႐ုံးရဲ႕ တရားဝင္ဝက္ဘ္ဆိုဒ္စာမ်က္ႏွာေပၚမွာေတာ့ ျမန္မာႏိုင္ငံလုံၿခဳံေရးတပ္ဖြဲ႕ ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ စက္တင္ဘာလ ၂၆ ရက္၊ ေအာက္တိုဘာလ ၁၆ ရက္နဲ႔ ၂၆ ရက္ေတြမွာ တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပးေဖာ္ျပထားတာပါ။ ဒါေၾကာင့္မို႔ ကိုယ့္ရဲ႕လုံၿခဳံမႈအတြက္ ျပင္ဆင္ထားၾကဖို႔၊ အထူးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ အစိုးရ႐ုံးေတြနဲ႔ ဆက္ဆံရာမွာ  လုံၿခဳံေရးသတိရွိဖို႔၊ ေဒသတြင္းသတင္းမီဒီယာေတြေပၚ ေနာက္ဆုံးရ သတင္းအခ်က္အလက္ေတြကို နားစြင့္ဖို႔၊ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကို သတိေပးထားဖို႔ စတဲ့ အခ်က္အလက္ေတြကို အေလးထား လုပ္ေဆာင္ဖို႔ ႏႈိးေဆာ္ထားပါတယ္။ ဒီအေတာအတြင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးဌာနႀကီးက ထုတ္ျပန္ထားတဲ့ ျပည္ေထာင္စုနယ္ေျမအတြင္း လုံၿခဳံေရးအထူးဂ႐ုျပဳေဆာင္႐ြက္ရန္  ၫြန္ၾကားစာတေစာင္လည္း အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ စက္တင္ဘာ ၁၆ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့အဆိုပါၫြန္ၾကားစာမွာ ဩဂုတ္ ၃၀ရက္က  ထိုင္းႏိုင္ငံ မဲေဟာင္ေဆာင္ခ႐ိုင္အနီး မယ္လဒုကၡသည္စခန္းနားမွာ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ပါဝင္တဲ့ အစည္းအေဝးကေန စက္တင္ဘာ ၁၆ ရက္ (သို႔) ၂၆ ရက္နဲ႔  ေအာက္တိုဘာ ၁၆ ရက္ (သို႔) ၂၆ ရက္ေန႔ ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈတခုျပဳလုပ္ဖို႔ ရက္သတ္မွတ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အဆိုပါ ၫြန္ၾကားစာနဲ႔ ပတ္သက္ၿပီး ဒီဗြီဘီက သီးျခားအတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး မ်ိဳးသူစိုးကေတာ့ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီး ၃ ၿမိဳ႕မွာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပမယ့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ပုံမွန္လုံၿခဳံေရးေဆာင္႐ြက္ေနတယ္လို႔ ေျပာၾကားထားပါတယ္။ Photo - Kaung Zaw Hein / MPA

A d v e r t i s e m e n t With Us

More News
Up