အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ငလျင်လှုပ် အဆောက်အဦတချို့ ပျက်စီး

1.2K
ပြင်းအား ရစ်ချ်တာ စကေး ၆ ဒသမ ၈ ရှိတဲ့ ငလျင်တခု အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလုခုပြည်နယ်မှာ စက်တင်ဘာ ၂၆ ရက်က လှုပ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် အဆောက်အဦတချို့ ပျက်စီးပြီး ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မယ့် ဘေးတော့ မရှိဘူးလို့ အင်ဒိုနီးရှား ဘူမိရူပအေဂျင်စီက ပြောပါတယ်။
အမ်ဘွန်မြို့က ကျောင်းတကျောင်းနားမှာတော့ ကွန်ကရစ် အမှိုက်သရိုက်တွေ ပြန့်ကျဲနေကာ ငလျင်အပြီး မြေပြင်တုန်ခါမှုတွေ ဆက်ရှိနေပေမယ့် ငလျင်ကြောင့် ဒဏ်ရာရသူ တယောက်မှမရှိဘူးလို့ ကျောင်းကဝန်ထမ်းတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာပြတ်ရွေ့ကြီးတွေဆုံရာ ပစိဖိတ် မီးကွင်းကြီးပေါ်မှာ တည်ရှိနေလို့ ငလျင်တွေ ဆူနာမီ ရေလှိုင်းကြီးတွေကို မကြာခဏ ခံရလေ့ ရှိပါတယ်။
၂၀၀၄ ခရစ်စမတ် အကြိုနေ့က အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းရဲ့ ကမ်းလွန်မှာလှုပ်ခဲ့တဲ့ ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဆူနာမီ ရေလှိုင်းတွေ ပေါ်ပေါက်ခဲ့ပြီး အင်ဒိုနီးရှားက လူ ၁၂၀၀၀၀ ကျော် သေဆုံးပါတယ်။
၂၀၁၈ ခုနှစ်ကလည်း ဆူလာဝေစီကျွန်းမှာ လှုပ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လို့ လူအယောက် ၄၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
====================
အင္ဒိုနီးရွားအေရွ႕ပိုင္းတြင္ ငလ်င္လႈပ္ အေဆာက္အဦတခ်ိဳ႕ ပ်က္စီး
DVB
ျပင္းအား ရစ္ခ်္တာ စေကး ၆ ဒသမ ၈ ရွိတဲ့ ငလ်င္တခု အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္း မာလုခုျပည္နယ္မွာ စက္တင္ဘာ ၂၆ ရက္က လႈပ္ခတ္ခဲ့ပါတယ္။
ဒါေၾကာင့္ အေဆာက္အဦတခ်ိဳ႕ ပ်က္စီးၿပီး ဆူနာမီေရလႈိင္းေတြ ႐ိုက္ခတ္မယ့္ ေဘးေတာ့ မရွိဘူးလို႔ အင္ဒိုနီးရွား ဘူမိ႐ူပေအဂ်င္စီက ေျပာပါတယ္။
အမ္ဘြန္ၿမိဳ႕က ေက်ာင္းတေက်ာင္းနားမွာေတာ့ ကြန္ကရစ္ အမႈိက္သ႐ိုက္ေတြ ျပန႔္က်ဲေနကာ ငလ်င္အၿပီး ေျမျပင္တုန္ခါမႈေတြ ဆက္ရွိေနေပမယ့္ ငလ်င္ေၾကာင့္ ဒဏ္ရာရသူ တေယာက္မွမရွိဘူးလို႔ ေက်ာင္းကဝန္ထမ္းတေယာက္က ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။
အင္ဒိုနီးရွား ႏိုင္ငံဟာ ကမာၻ႔ေက်ာက္လႊာျပတ္ေ႐ြ႕ႀကီးေတြဆုံရာ ပစိဖိတ္ မီးကြင္းႀကီးေပၚမွာ တည္ရွိေနလို႔ ငလ်င္ေတြ ဆူနာမီ ေရလႈိင္းႀကီးေတြကို မၾကာခဏ ခံရေလ့ ရွိပါတယ္။
၂၀၀၄ ခရစ္စမတ္ အႀကိဳေန႔က အင္ဒိုနီးရွားႏိုင္ငံ စူမားၾတားကြၽန္းရဲ႕ ကမ္းလြန္မွာလႈပ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အိႏၵိယသမုဒၵရာအတြင္း ဆူနာမီ ေရလႈိင္းေတြ ေပၚေပါက္ခဲ့ၿပီး အင္ဒိုနီးရွားက လူ ၁၂၀၀၀၀ ေက်ာ္ ေသဆုံးပါတယ္။
၂၀၁၈ ခုႏွစ္ကလည္း ဆူလာေဝစီကြၽန္းမွာ လႈပ္ခဲ့တဲ့ ရစ္ခ်္တာ စေကး ၇ ဒသမ ၅ ရွိတဲ့ ငလ်င္ေၾကာင့္ ဆူနာမီ ေရလႈိင္းေတြ ႐ိုက္ခတ္လို႔ လူအေယာက္ ၄၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။