A d v e r t i s e m e n t With Us

မန္တလေးကိုယ်ပိုင်ကျောင်းတွင်ဖြစ်ပွားခဲ့သည့် ဆရာနှင့် ကျောင်းသားမိဘပြဿနာ ကျေအေး

မန္တလေးမြို့က ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆရာနဲ့ ကျောင်းသားမိဘ အကြားပြဿနာနဲ့ပတ်သက်ပြီး ဆရာဖြစ်သူ ဦးညီညီထွေးက စက်တင်ဘာ ၂၆ ရက်က မန္တလေးမြို့မှာ မီဒီယာတွေကို တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။   နှစ်ဖက်ကျေအေးပြီးဖြစ်တာကြောင့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အများအမြင် ရှင်းစေချင်တာ ကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်ပြီး တဖက်က စွပ်စွဲခဲ့သလို ပြုမူခဲ့တာမရှိဘူးလို့ ဆရာဦးညီညီထွေးက ပြောပါတယ်။ “ဖြစ်စဉ် ဖြစ်ပွားတဲ့နေ့ရက်ကတော့ ၁၂ရက် ၉လ ၂၀၁၉ဖြစ်ပါတယ်။ အဲ့နေ့မှာ ကျနော်က ဆုကိုယ်ပိုင်ကျောင်း ဆယ်တန်း စီ အခန်းမှာ စာသင်ပါတယ်၊ Trigonometry  လက်ရှိ သင်ခန်းစာ သင်နေပါတယ်။ အဲ့မှာ ကျနော်က ကျောင်းသားကျောင်းသူတွေကို တယောက်ချင်း ပုံသေနည်းတွေ မေးပါတယ်။ အဲ့မှာ ခု လက်ရှိ ဖြစ်နေတဲ့ ကျောင်းသူလည်း ဆရာက မေးပါတယ်၊ မေးတော့ သူက မဖြေနိုင်ပါဘူး။ မဖြေနိုင်တဲ့အတွက် ဆရာက သူ့ကိုရိုက်ဖို့ လက်ကို သူ့ကုပ်ကို ကိုင်ဖို့ လှမ်းလိုက်ပါ တယ်။ ပြီးတော့ စီစီတီဗွီထဲမှာ အကုန်လုံး အစုံအလင်ရှိပါတယ်။ နောက်မှာလည်း ဆရာမ နှစ်ဦး ရှိပါတယ်။ ပြီးတော့လည်း မျက်မြင်သက်သေ ကျောင်းသားကျောင်းသူတွေလည်း ရှိပါတယ်ခင်ဗျ၊ အဲ့မှာ ရိုက်မယ် လုပ်လိုက်တော့ ကျောင်းသူက ထိုင်လိုက်ပါတယ်၊ ထိုင်လိုက်တော့ ကျနော်လည်း မရိုက်ဖြစ်ပါဘူး။” ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်သေဆရာကြီး၊ ဆရာမကြီးတွေနဲ့အတူ စက်တင်ဘာ ၂၄ ရက်က သဘောတူညီချက်အချို့နဲ့ ကျေအေးပြီးဖြစ်ပေမယ့် ဆရာဦးညီညီထွေးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အပြုအမူ၊ အပြောအဆိုမျိုးတွေ ထပ်ရှိလာမယ်ဆိုရင်တော့ ဥပဒေအရ ဆောင်ရွက်မယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက “ဒီက ရှေ့လျှောက်ကို ဆရာဦးညီညီထွေး ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်လုံခြုံရေး နှောင့်ယှက်တာမျိုးလုပ်ရင်တော့ ဒါ ကျနော် ရှေ့နေ တယောက်အနေနဲ့ ၂၀၁၇ခုနှစ် ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးဥပဒေ ရာဇဝတ်ဥပဒေ၊ တရားမဥပဒေတွေနဲ့ အရေးယူဆောင်ရွက်ရပါလိမ့်မယ်။”လို့ ပြောပါတယ်။ ဒါ့အပြင် ကျောင်းသူရဲ့ မိသားစုက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စွပ်စွဲရေးသားထားတဲ့ အကြောင်းအရာတွေကိုလည်း ပြန်ဖြုတ်ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က “နောက်ဆုံး သဘောတူညီချက်ကတော့ ကျနော်တို့ ရောက်တဲ့အရပ်က ပြန်ဆုတ်ဖို့ပဲ ဆိုတဲ့အနေအထားမှာပေါ့နော်။ ပထမတော့ သူတို့ ဘက်ကလည်း နို့တစ်စာပေးထားတာရှိပါတယ်၊ တောင်းပန်ရမယ်ပေါ့နော်။ ကျနော်တို့ဘက်က လည်း တောင်းပန်စေချင်တယ်။ ဒါပေမယ့် ဘယ်ဘက်ကမှတောင်းပန်တဲ့ အဆင့်ထိမရောက်ပဲ အဲဒီ အနေအထားမှာ ဒါ ဆရာ ဆရာမကြီးများရဲ့ ညှိနှိုင်းမှုကြောင့် ကျေအေးတာဖြစ်တယ်။ အဲ့တော့ အဲ့ဒီ အပိုင်းပြီးသွားပြီ၊ ဒီကရှေ့လျှောက် ကျနော်တို့က မေးစရာခံစရာတွေရှိတယ်။ ဆရာနဲ့ ပတ်သက်ပြီးတော့ တဘက်က တင်ထားတဲ့ post ကို ရုပ်သိမ်းဖို့လိုပါတယ်။ ကျနော်တို့ နှုတ်နဲ့ မေတ္တာရပ်ခံလို့ ပြီးပါပြီ၊ နှုတ်နဲ့ မေတ္တာရပ်ခံလို့မရရင် ကျနော်တို့ နို့တစ်စာလာပါမယ်၊ နို့တစ်စာနဲ့ မရရင်တော့ ကျနော်တို့ ဥပဒေ နဲ့ ဆက်သွားမယ်ပေါ့နော်'' ဒီအငြင်းပွားမှုဟာ မန္တလေးမြို့က ကိုယ်ပိုင်ကျောင်းတကျောင်းမှာ စက်တင်ဘာ ၁၂ရက်က ဖြစ်ပွားခဲ့တာပါ။ ဆရာဦးညီညီထွေးဟာ အသက် ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူလေးကို စာသင်ခန်းအတွင်း လည်ကုပ်ကို ပွတ်တာ၊ ရင်သားကို ထိမိဖို့ ကြံစည်တာ စတာတွေကို ကျောင်းသူရဲ့ မိဘတွေက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဆရာဦးညီညီထွေး(ရာပြည့်သင်္ချာ)ဟာ စာသင်နှစ် ၂၈ နှစ် ရှိပြီဖြစ်ပြီး မန္တလေးမြို့မှာ အများစုလေးစားတဲ့ ဆရာတဦးဖြစ်တယ်လို့လည်း သိရပါတယ်။  ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို သူ့ရဲ့ တပည့်ဟောင်းတွေနဲ့ ကျောင်းသားမိဘ အများအပြား လာရောက်ဝန်းရံခဲ့ကြပါတယ်။ သတင်း- ထိန်ထိန်လင်း
မႏၲေလးကိုယ္ပိုင္ေက်ာင္းတြင္ျဖစ္ပြားခဲ့သည့္ ဆရာႏွင့္ ေက်ာင္းသားမိဘျပႆနာ ေက်ေအး ထိန္ထိန္လင္း မႏၲေလးၿမိဳ႕က ကိုယ္ပိုင္ေက်ာင္းတေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ ဆရာနဲ႔ ေက်ာင္းသားမိဘ အၾကားျပႆနာနဲ႔ပတ္သက္ၿပီး ဆရာျဖစ္သူ ဦးညီညီေထြးက စက္တင္ဘာ ၂၆ ရက္က မႏၲေလးၿမိဳ႕မွာ မီဒီယာေတြကို ေတြ႕ဆုံရွင္းလင္းခဲ့ပါတယ္။ ႏွစ္ဖက္ေက်ေအးၿပီးျဖစ္တာေၾကာင့္ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အမ်ားအျမင္ ရွင္းေစခ်င္တာ ေၾကာင့္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရတာျဖစ္ၿပီး တဖက္က စြပ္စြဲခဲ့သလို ျပဳမူခဲ့တာမရွိဘူးလို႔ ဆရာဦးညီညီေထြးက ေျပာပါတယ္။ “ျဖစ္စဥ္ ျဖစ္ပြားတဲ့ေန႔ရက္ကေတာ့ ၁၂ရက္ ၉လ ၂၀၁၉ျဖစ္ပါတယ္။ အဲ့ေန႔မွာ က်ေနာ္က ဆုကိုယ္ပိုင္ေက်ာင္း ဆယ္တန္း စီ အခန္းမွာ စာသင္ပါတယ္၊ Trigonometry လက္ရွိ သင္ခန္းစာ သင္ေနပါတယ္။ အဲ့မွာ က်ေနာ္က ေက်ာင္းသားေက်ာင္းသူေတြကို တေယာက္ခ်င္း ပုံေသနည္းေတြ ေမးပါတယ္။ အဲ့မွာ ခု လက္ရွိ ျဖစ္ေနတဲ့ ေက်ာင္းသူလည္း ဆရာက ေမးပါတယ္၊ ေမးေတာ့ သူက မေျဖႏိုင္ပါဘူး။ မေျဖႏိုင္တဲ့အတြက္ ဆရာက သူ႔ကို႐ိုက္ဖို႔ လက္ကို သူ႔ကုပ္ကို ကိုင္ဖို႔ လွမ္းလိုက္ပါ တယ္။ ၿပီးေတာ့ စီစီတီဗြီထဲမွာ အကုန္လုံး အစုံအလင္ရွိပါတယ္။ ေနာက္မွာလည္း ဆရာမ ႏွစ္ဦး ရွိပါတယ္။ ၿပီးေတာ့လည္း မ်က္ျမင္သက္ေသ ေက်ာင္းသားေက်ာင္းသူေတြလည္း ရွိပါတယ္ခင္ဗ်၊ အဲ့မွာ ႐ိုက္မယ္ လုပ္လိုက္ေတာ့ ေက်ာင္းသူက ထိုင္လိုက္ပါတယ္၊ ထိုင္လိုက္ေတာ့ က်ေနာ္လည္း မ႐ိုက္ျဖစ္ပါဘူး။” ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သက္ေသဆရာႀကီး၊ ဆရာမႀကီးေတြနဲ႔အတူ စက္တင္ဘာ ၂၄ ရက္က သေဘာတူညီခ်က္အခ်ိဳ႕နဲ႔ ေက်ေအးၿပီးျဖစ္ေပမယ့္ ဆရာဦးညီညီေထြးရဲ႕ ဂုဏ္သိကၡာနဲ႔ လုံၿခဳံေရးကို ထိခိုက္ေစတဲ့ အျပဳအမူ၊ အေျပာအဆိုမ်ိဳးေတြ ထပ္ရွိလာမယ္ဆိုရင္ေတာ့ ဥပေဒအရ ေဆာင္႐ြက္မယ္လို႔ သူ႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။ တရားလႊတ္ေတာ္ ေရွ႕ေန ဦးသိန္းသန္းဦးက “ဒီက ေရွ႕ေလွ်ာက္ကို ဆရာဦးညီညီေထြး ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေအာင္လုံၿခဳံေရး ေႏွာင့္ယွက္တာမ်ိဳးလုပ္ရင္ေတာ့ ဒါ က်ေနာ္ ေရွ႕ေန တေယာက္အေနနဲ႔ ၂၀၁၇ခုႏွစ္ ပုဂၢိဳလ္ေရးဆိုင္ရာလြတ္လပ္ခြင့္နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာလုံၿခဳံေရးဥပေဒ ရာဇဝတ္ဥပေဒ၊ တရားမဥပေဒေတြနဲ႔ အေရးယူေဆာင္႐ြက္ရပါလိမ့္မယ္။”လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေက်ာင္းသူရဲ႕ မိသားစုက လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ စြပ္စြဲေရးသားထားတဲ့ အေၾကာင္းအရာေတြကိုလည္း ျပန္ျဖဳတ္ေပးဖို႔လည္းေတာင္းဆိုလိုက္ပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦး က “ေနာက္ဆုံး သေဘာတူညီခ်က္ကေတာ့ က်ေနာ္တို႔ ေရာက္တဲ့အရပ္က ျပန္ဆုတ္ဖို႔ပဲ ဆိုတဲ့အေနအထားမွာေပါ့ေနာ္။ ပထမေတာ့ သူတို႔ ဘက္ကလည္း ႏို႔တစ္စာေပးထားတာရွိပါတယ္၊ ေတာင္းပန္ရမယ္ေပါ့ေနာ္။ က်ေနာ္တို႔ဘက္က လည္း ေတာင္းပန္ေစခ်င္တယ္။ ဒါေပမယ့္ ဘယ္ဘက္ကမွေတာင္းပန္တဲ့ အဆင့္ထိမေရာက္ပဲ အဲဒီ အေနအထားမွာ ဒါ ဆရာ ဆရာမႀကီးမ်ားရဲ႕ ညႇိႏႈိင္းမႈေၾကာင့္ ေက်ေအးတာျဖစ္တယ္။ အဲ့ေတာ့ အဲ့ဒီ အပိုင္းၿပီးသြားၿပီ၊ ဒီကေရွ႕ေလွ်ာက္ က်ေနာ္တို႔က ေမးစရာခံစရာေတြရွိတယ္။ ဆရာနဲ႔ ပတ္သက္ၿပီးေတာ့ တဘက္က တင္ထားတဲ့ post ကို ႐ုပ္သိမ္းဖို႔လိုပါတယ္။ က်ေနာ္တို႔ ႏႈတ္နဲ႔ ေမတၱာရပ္ခံလို႔ ၿပီးပါၿပီ၊ ႏႈတ္နဲ႔ ေမတၱာရပ္ခံလို႔မရရင္ က်ေနာ္တို႔ ႏို႔တစ္စာလာပါမယ္၊ ႏို႔တစ္စာနဲ႔ မရရင္ေတာ့ က်ေနာ္တို႔ ဥပေဒ နဲ႔ ဆက္သြားမယ္ေပါ့ေနာ္'' ဒီအျငင္းပြားမႈဟာ မႏၲေလးၿမိဳ႕က ကိုယ္ပိုင္ေက်ာင္းတေက်ာင္းမွာ စက္တင္ဘာ ၁၂ရက္က ျဖစ္ပြားခဲ့တာပါ။ ဆရာဦးညီညီေထြးဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ တကၠသိုလ္ဝင္တန္း ေက်ာင္းသူေလးကို စာသင္ခန္းအတြင္း လည္ကုပ္ကို ပြတ္တာ၊ ရင္သားကို ထိမိဖို႔ ႀကံစည္တာ စတာေတြကို ေက်ာင္းသူရဲ႕ မိဘေတြက စြပ္စြဲခဲ့တာ ျဖစ္ပါတယ္။ ဆရာဦးညီညီေထြး(ရာျပည့္သခ်ၤာ)ဟာ စာသင္ႏွစ္ ၂၈ ႏွစ္ ရွိၿပီျဖစ္ၿပီး မႏၲေလးၿမိဳ႕မွာ အမ်ားစုေလးစားတဲ့ ဆရာတဦးျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကို သူ႔ရဲ႕ တပည့္ေဟာင္းေတြနဲ႔ ေက်ာင္းသားမိဘ အမ်ားအျပား လာေရာက္ဝန္းရံခဲ့ၾကပါတယ္။ သတင္း- ထိန္ထိန္လင္း

A d v e r t i s e m e n t With Us

More News
Up