ရေခဲပြင်တွင် ပိတ်မိနေသည့် ပိုလန် သိပ္ပံပညာရှင် ၃ ဦးကို ချီလီလေတပ် ကယ်တင်

အန္တာတစ် ပင်လယ်အော်အတွင်း ရေခဲပြင်ပေါ်မှာ ပိတ်မိနေတဲ့ ပိုလန်နိုင်ငံသား သိပ္ပံပညာရှင် ၃ ယောက်ကို ချီလီလေတပ်က သွားရောက် ကယ်ဆယ်ခဲ့ရပါတယ်။
ရေခဲနေတဲ့ ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ သူတို့ရဲ့ လေမှုတ်လှေပေါ်က မော်တာက အလုပ်မလုပ်တော့လို့ ခုလို ဖြစ်တာပါ။
သူတို့ရဲ့ အကူအညီတောင်းသံကို ချီလီလေတပ်ကကြားပြီး တနာရီအတွင်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့ကို လွှတ်ရင်း ရဟတ်ယာဉ်နဲ့ ဘေးကင်းရာ ကယ်ထုတ်ခဲ့ပါတယ်။
ခုတော့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ သုတေသန အခြေစိုက်စခန်းကို ဘေးကင်းကင်း ပြန်ရောက်ပြီလို့ ချီလီ လေတပ်အရာရှိတဦးက ပြောပါတယ်။
ဟင်နရစ် အက်ခ်တော့ခ်စကီ ပိုလန်သုတေသန အခြေစိုက်စခန်းဟာ အန္တာတစ်ကျွန်းဆွယ် ကမ်းလွန်မှာရှိတဲ့ King George ကျွန်းပေါ်မှာ ရှိပါတယ်။
=================
ေရခဲျပင္တြင္ ပိတ္မိေနသည့္ ပိုလန္ သိပၸံပညာရွင္ ၃ ဦးကို ခ်ီလီေလတပ္ ကယ္တင္
DVB
အႏၲာတစ္ ပင္လယ္ေအာ္အတြင္း ေရခဲျပင္ေပၚမွာ ပိတ္မိေနတဲ့ ပိုလန္ႏိုင္ငံသား သိပၸံပညာရွင္ ၃ ေယာက္ကို ခ်ီလီေလတပ္က သြားေရာက္ ကယ္ဆယ္ခဲ့ရပါတယ္။
ေရခဲေနတဲ့ ကမ္း႐ိုးတန္း ကမ္းလြန္ပင္လယ္ျပင္မွာ သူတို႔ရဲ႕ ေလမႈတ္ေလွေပၚက ေမာ္တာက အလုပ္မလုပ္ေတာ့လို႔ ခုလို ျဖစ္တာပါ။
သူတို႔ရဲ႕ အကူအညီေတာင္းသံကို ခ်ီလီေလတပ္ကၾကားၿပီး တနာရီအတြင္းမွာပဲ ကယ္ဆယ္ေရးအဖြဲ႕ကို လႊတ္ရင္း ရဟတ္ယာဥ္နဲ႔ ေဘးကင္းရာ ကယ္ထုတ္ခဲ့ပါတယ္။
ခုေတာ့ သိပၸံပညာရွင္ေတြဟာ သူတို႔ရဲ႕ သုေတသန အေျခစိုက္စခန္းကို ေဘးကင္းကင္း ျပန္ေရာက္ၿပီလို႔ ခ်ီလီ ေလတပ္အရာရွိတဦးက ေျပာပါတယ္။
ဟင္နရစ္ အက္ခ္ေတာ့ခ္စကီ ပိုလန္သုေတသန အေျခစိုက္စခန္းဟာ အႏၲာတစ္ကြၽန္းဆြယ္ ကမ္းလြန္မွာရွိတဲ့ King George ကြၽန္းေပၚမွာ ရွိပါတယ္။