Home
မြန်မာသတင်း
နှင်းဆီလှေအငြိမ့် ရန်ကုန်နှင့် မန္တလေးတွင် ဖျော်ဖြေမည်(ရုပ်သံ)
DVB
·
September 26, 2019
70498470_3087256891284483_8821554185339142144_n
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)စီစဉ်တဲ့ နာမည်ကြီး နှင်းဆီလှေအငြိမ့် ရန်ပုံငွေဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ရန် ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းက သဘာဝဘေးဒဏ်ခံစားနေရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက် ကျင်းပတဲ့ ဒီအငြိမ့်ဖျော်ဖြေပွဲမှာတော့ ထုံးစံအတိုင်း လူရွှင်တော်တွေအဖြစ် နှင်းဆီအဖွဲ့သားတွေဖြစ်ကြတဲ့ အကယ်ဒမီနေတိုး၊ အကယ်ဒမီမင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ အကယ်ဒမီ ထွန်းထွန်း၊ ရဲလေးတို့က ပါဝင်ကြမှာဖြစ်ကာ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုးပြည့်ပြည့်မောင်တို့ကလည်း ကပြဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ဒီရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာတော့ အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး မန္တလေးမြို့မှာတော့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ လက်မှတ်တွေကိုတော့ VIP ၅ သောင်း၊ ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း အသီးသီး သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်းနဲ့ rgo47 Online Shopping တို့မှာ ဝယ်ယူနိုင်တယ်လို့ ကြေငြာထားပါတယ်။
ႏွင္းဆီေလွအၿငိမ့္ ရန္ကုန္ႏွင့္ မႏၲေလးတြင္ ေဖ်ာ္ေျဖမည္(႐ုပ္သံ) DVB ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)စီစဥ္တဲ့ နာမည္ႀကီး ႏွင္းဆီေလွအၿငိမ့္ ရန္ပုံေငြေဖ်ာ္ေျဖပြဲကို လာမယ့္ ေအာက္တိုဘာလ ၄ ရက္ေန႔နဲ႔ ၅ ရက္ေန႔ေတြမွာ ရန္ ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီးေတြမွာ ကျပေဖ်ာ္ေျဖသြားမွာ ျဖစ္ပါတယ္။ ႏွင္းဆီရင္ခြင္ လူမႈကူညီေရးေဖာင္ေဒးရွင္းက သဘာဝေဘးဒဏ္ခံစားေနရတဲ့ ေဒသေတြ ျပန္လည္ထူေထာင္ေရးရန္ပုံေငြအတြက္ က်င္းပတဲ့ ဒီအၿငိမ့္ေဖ်ာ္ေျဖပြဲမွာေတာ့ ထုံးစံအတိုင္း လူ႐ႊင္ေတာ္ေတြအျဖစ္ ႏွင္းဆီအဖြဲ႕သားေတြျဖစ္ၾကတဲ့ အကယ္ဒမီေနတိုး၊ အကယ္ဒမီမင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို၊ အကယ္ဒမီ ထြန္းထြန္း၊ ရဲေလးတို႔က ပါဝင္ၾကမွာျဖစ္ကာ သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္ၾကတဲ့ ဖူးစုံ၊ မိုးယုစံ၊ ေမကဗ်ာနဲ႔ မိုးျပည့္ျပည့္ေမာင္တို႔ကလည္း ကျပေဖ်ာ္ေျဖၾကမွာ ျဖစ္ပါတယ္။ ဒီရန္ပုံေငြေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕မွာေတာ့ အင္းလ်ားလိတ္ဟိုတယ္မွာ ျပဳလုပ္မွာျဖစ္ၿပီး မႏၲေလးၿမိဳ႕မွာေတာ့ အမ်ိဳးသားကဇာတ္႐ုံမွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီပြဲရဲ႕ လက္မွတ္ေတြကိုေတာ့ VIP ၅ ေသာင္း၊ ၃ ေသာင္း၊ ၂ ေသာင္း၊ ၁ ေသာင္း အသီးသီး သတ္မွတ္ထားၿပီး မန္းသီရိ ေတးသံသြင္းနဲ႔ rgo47 Online Shopping တို႔မွာ ဝယ္ယူႏိုင္တယ္လို႔ ေၾကျငာထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024