A d v e r t i s e m e n t With Us

စည်းလုံးညီညွတ်သည့် အစိုးရတရပ်ဖြစ်ရေး ဟေတီသမ္မတ တောင်းဆို

ဟေတီနိုင်ငံအတွင်း မငြိမ်သက်မှုတွေနဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်နေချိန် စက်တင်ဘာ ၂၅ ရက်က သမ္မတ ဟိုဗန်နယ်မွိုက်စ်က စည်းလုံးညီညွတ်တဲ့  အစိုးရတရပ်ဖြစ်ရေး တောင်းဆိုလိုက်ပါတယ်။    သမ္မတ ဟိုဗန်နယ်မွိုက်စ်က တရားဝင်အစိုးရ အပ်နှင်းမယ့် ဖွဲ့စည်းပုံဆိုင်ရာ တာဝန်ဝတ္တရားတွေကိ်  လွှတ်တော်ဟာ မဖြည့်စွမ်းနိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။   လွှတ်တော်ဟာ အရင်အစိုးရနှစ်ရပ် မူဝါဒထုတ်ပြန်ချက်ကို အတည်ပြုဖို့ ပျက်ကွက်ပြီး ဥပဒေတွေ ပြဋ္ဌာန်းဖို့နဲ့   ဒီမိုကရက်တစ်မူတွချမှတ်ဖို့ လျစ်လျူရှုခဲ့တယ်လို့ သမ္မတမွိုက်စ်က ပြောခဲ့ပါတယ်။    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကားတံခါးကို ဝိုင်းဝန်းရိုက်နှက်ကျတဲ့ ဆန္ဒပြသူတွေကို ခြောက်လှန့်ပြီး လွှတ်တော်အမတ်တဦးက သေနတ်ပစ်ဖောက်ခဲ့တာကြောင့် ဓာတ်ပုံ သတင်းထောက်တဦး ဒဏ်ရာရခဲ့ပါတယ်။  ဟေတီနိုင်ငံမှာ လောင်စာပြတ်လပ်တဲ့အတွက်  ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေက   သမ္မတ ဟိုဗန်နယ်မွိုက်စ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ ======================== စည္းလုံးညီၫြတ္သည့္ အစိုးရတရပ္ျဖစ္ေရး ေဟတီသမၼတ ေတာင္းဆို DVB ေဟတီႏိုင္ငံအတြင္း မၿငိမ္သက္မႈေတြနဲ႔ ဆႏၵျပပြဲေတြ ျပင္းထန္ေနခ်ိန္ စက္တင္ဘာ ၂၅ ရက္က သမၼတ ဟိုဗန္နယ္မြိဳက္စ္က စည္းလုံးညီၫြတ္တဲ့  အစိုးရတရပ္ျဖစ္ေရး ေတာင္းဆိုလိုက္ပါတယ္။ သမၼတ ဟိုဗန္နယ္မြိဳက္စ္က တရားဝင္အစိုးရ အပ္ႏွင္းမယ့္ ဖြဲ႕စည္းပုံဆိုင္ရာ တာဝန္ဝတၱရားေတြကိ္  လႊတ္ေတာ္ဟာ မျဖည့္စြမ္းႏိုင္ဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ လႊတ္ေတာ္ဟာ အရင္အစိုးရႏွစ္ရပ္ မူဝါဒထုတ္ျပန္ခ်က္ကို အတည္ျပဳဖို႔ ပ်က္ကြက္ၿပီး ဥပေဒေတြ ျပ႒ာန္းဖို႔နဲ႔   ဒီမိုကရက္တစ္မူတြခ်မွတ္ဖို႔ လ်စ္လ်ဴရႈခဲ့တယ္လို႔ သမၼတမြိဳက္စ္က ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ကားတံခါးကို ဝိုင္းဝန္း႐ိုက္ႏွက္က်တဲ့ ဆႏၵျပသူေတြကို ေျခာက္လွန႔္ၿပီး လႊတ္ေတာ္အမတ္တဦးက ေသနတ္ပစ္ေဖာက္ခဲ့တာေၾကာင့္ ဓာတ္ပုံ သတင္းေထာက္တဦး ဒဏ္ရာရခဲ့ပါတယ္။ ေဟတီႏိုင္ငံမွာ ေလာင္စာျပတ္လပ္တဲ့အတြက္  ဆႏၵျပပြဲေတြ ျဖစ္ေပၚေနၿပီး ဆႏၵျပသူေတြက   သမၼတ ဟိုဗန္နယ္မြိဳက္စ္ကို ရာထူးက ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up