Home
မြန်မာသတင်း
အောင်ရဲလင်း၊ ပက်ထရစ်ရှာ၊ ရွှေအိမ်စည်တို့ ပါဝင်သည့် ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်လမ်း (နမူနာ)
DVB
·
September 26, 2019
ပရိသတ်ကြိုက် လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ အောင်ရဲလင်း၊ ပက်ထရစ်ရှာနဲ့ ရွှေအိမ်စည်တို့ ပါဝင်ထားကြတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြု ဇာတ်လမ်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ၃ ရက်ဆက်တိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းရဲ့ အမည်ကိုတော့ နှလုံးသားတို့ရဲ့ လုံခြုံရာလို့ အမည်ပေးထားပြီးအောင်၊ ခင်မြတ်သူတို့ရဲ့ ဇာတ်လမ်းကို သန်းသန်းနိုင်၊ နတ်စောင်းတို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ကျော်နှင်းဆီက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းအနေနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကိုတော့ အခမဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ မြဝတီ၊ MRTV-4၊ စကိုင်းနက်၊ MRTV Entertainment၊ Channel 9 နဲ့ MNTV ရုပ်သံ လိုင်းတွေမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ချမ်းမင်းရဲထွဋ်၊ ပြေဇင်၊ ဝေဖြိုး၊ အောင်ကောင်းမြတ်၊ သံသာမိုးသိမ့်၊ မေဘရဏီသော်တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ေအာင္ရဲလင္း၊ ပက္ထရစ္ရွာ၊ ေ႐ႊအိမ္စည္တို႔ ပါဝင္သည့္ ရဲတပ္ဖြဲ႕ဂုဏ္ျပဳဇာတ္လမ္း (နမူနာ) DVB ပရိသတ္ႀကိဳက္ လူငယ္သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ေအာင္ရဲလင္း၊ ပက္ထရစ္ရွာနဲ႔ ေ႐ႊအိမ္စည္တို႔ ပါဝင္ထားၾကတဲ့ ရဲတပ္ဖြဲ႕ဂုဏ္ျပဳ ဇာတ္လမ္းကို စက္တင္ဘာလ ၂၈ ရက္ေန႔မွ စတင္ၿပီး ၃ ရက္ဆက္တိုက္ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္သံဇာတ္လမ္းရဲ႕ အမည္ကိုေတာ့ ႏွလုံးသားတို႔ရဲ႕ လုံၿခဳံရာလို႔ အမည္ေပးထားၿပီးေအာင္၊ ခင္ျမတ္သူတို႔ရဲ႕ ဇာတ္လမ္းကို သန္းသန္းႏိုင္၊ နတ္ေစာင္းတို႔က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ ေက်ာ္ႏွင္းဆီက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ၅၅ ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ ဂုဏ္ျပဳဇာတ္လမ္းအေနနဲ႔ ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းကိုေတာ့ အခမဲ့႐ုပ္သံလိုင္းေတြျဖစ္တဲ့ ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကား၊ ျမဝတီ၊ MRTV-4၊ စကိုင္းနက္၊ MRTV Entertainment၊ Channel 9 နဲ႔ MNTV ႐ုပ္သံ လိုင္းေတြမွာ အပိုင္းလိုက္ ထုတ္လႊင့္ျပသသြားမယ္လို႔ ဆိုပါတယ္။ ဒီကားထဲမွာ တျခားသ႐ုပ္ေဆာင္ေတြအေနနဲ႔ ခ်မ္းမင္းရဲထြဋ္၊ ေျပဇင္၊ ေဝၿဖိဳး၊ ေအာင္ေကာင္းျမတ္၊ သံသာမိုးသိမ့္၊ ေမဘရဏီေသာ္တို႔ကလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024