Live
Home
မြန်မာသတင်း
ကတိမတည်မှုကြောင့် ပြည်သူများနစ်နာနေသဖြင့် အစိုးရက ကြပ်မတ်ပေးရန်တိုက်တွန်း
Aung Ko Latt
·
September 26, 2019
စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ ကတိဖြစ်မေးခွန်းတွေမှာ သက်ဆိုင်ရာဌာနတွေက လိုက်နာ အကောင်အထည်ဖော်မှုမရှိလို့ ပြည်သူတွေအတွက် နစ်နာနေတဲ့အတွက် အစိုးရက စိစစ်ကြပ်မတ်ပေးဖို့ ကတိကဝတ်ကော်မတီတိုက်တွန်း လိုက်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက  စက်တင်ဘာလဆန်းအတွင်း ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေကို သွားရောက်ပြီး ကတိကဝတ်ဖြစ်မေးခွန်း အကောင်အထည်ဖော်မှုတွေကို ကွင်းဆင်းစိစစ်ခဲ့ပြီး စိစစ်ချက်တွေနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၆ ရက် တိုင်းလွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။  မြို့နယ်/ခရိုင်တွေအလိုက် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းဝေးကနေ ၁၈ ကြိမ်အစည်းအဝေး ထိ ကတိဖြစ်မေးခွန်း ၄၀ ခု၊ ဒုတိယပုံမှန်အစည်းအဝေးကနေ ၁၄ ကြိမ်မြောက်ထိ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်ရန်ကျန် မေးခွန်း ၁၃ ခု စုစုပေါင်း ၅၃ ခုကို ကွင်းဆင်းစိစစ်ခဲ့တာဖြစ်ပါတယ်။ ကွင်းဆင်းစိစစ်ချက်တွေအရ မေးခွန်း ၅၃ ခုမှာ ဆောင်ရွက်ပြီး ၁၁ ခု၊ ဆောင်ရွက်ဆဲ ၂၅ ခုနှင့် ဆောင်ရွက်ရန်ကျန် ၄၂ ခုထိ ရှိနေပြီး လုံ/နယ်ဝန်ကြီးဌာနက ၆ ခု၊ လျှပ်စစ်/စက်မှု/လမ်းပန်း ဝန်ကြီးဌာနနှင့် စိုက်/မွေး/ဆည်မြောင်း ၁၆ ခုစီ၊ စည်ပင်နှင့် စီမံ/ဘဏ္ဍာ ၁ ခုစီနှင့် လူမှုရေး ၂ ခုတို့ အသီးသီးကျန်ရှိနေတာပါ။ ကော်မတီအနေနဲ့ ကျန်ရှိနေတာတွေကို စိစစ်တဲ့အခါမှာ ဌာနဆိုင်ရာတွေက အလေးထာ းအကောင်အထည်ဖော်မှုမရှိတာကို တွေ့ရတဲ့အတွက် ဝန်ကြီးတွေ အနေနဲ့ စိစစ်ကြပ်မတ်ပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်ဝင်းက "တချို့ကိစ္စတွေက မြို့နယ်အဆင့်က ဖြေရှင်းဖို့ခက်တဲ့အတွက် ခရိုင်၊ တိုင်းနှင့် ဝန်ကြီးတွေ ကိုယ်တိုင်ကွင်းဆင်းဖို့လိုတယ်။ တချို့က အမြန်ဆုံးလုပ်ဆောင်ဖို့ လိုပေမယ့် မလုပ်တဲ့အတွက် ဒေသခံပြည်သူတွေ ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်။ တချို့ကတိဖြစ်မေးခွန်းတွေမှာတော့ ဝန်ကြီးတွေ ကတိပြုဖြေကြားတာကို ဌာနဆိုင်ရာတွေက အလေးထားလိုက်နာမှု အားနည်းတာတွေရှိတယ်။ ဒါကြောင့် ဝန်ကြီးတွေအနေနဲ့ သက်ဆိုင်ရာ ဌာနကို ကြပ်မတ်ပေးဖို့ လိုတယ်။ တချို့ကတော့ ပြည်ထောင်စုနဲ့ ချိတ်ဆက်ရတာဖြစ်လို့ ကြန့်ကြာနေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေက ပြည်ထောင်စုကို အဆက်မပြတ် ချိတ်ဆက်ဖို့ လိုအပ်နေတာတွေကို စိစစ်တွေ့ရှိရပါတယ်။"လို့ ကော်မတီကိုယ်စား လွှတ်တော်ကို အစီရင်ခံစာတင်သွင်းရာမှာ တိုက်တွန်း ပြောဆိုခဲ့တာပါ။ ကွင်းဆင်းစိစစ်ခဲ့တဲ့ ခရိုင် ၄ ခရိုင်မှာ ကသာခရိုင်က လုပ်ငန်း ၁၈ ခုနဲ့ အများဆုံးဖြစ်ပြီး ၁၀ ခုထိ အများဆုံးကျန်ရှိနေတာလည်းဖြစ်ပါတယ်။  ကော်မတီအနေနဲ့ အစီရင်ခံစာကို အကျဉ်းချုံးတင်ပြခဲ့တာဖြစ်ပြီး တချို့ကတိဖြစ်တာတွေက အကျဉ်းချုံးဖော်ပြလို့ မရနိုင်တာကြောင့် သီးခြားအစီရင်ခံစာရေးကာ တင်ပြရမှာဖြစ်လို့ သက်ဆိုင်ရာဌာနတွေကို ခေါ်ယူမေးမြန်းဆွေးနွေးပြီး ဆက်လက်တင်ပြနိုင်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ကတိမတည္မႈေၾကာင့္ ျပည္သူမ်ားနစ္နာေနသျဖင့္ အစိုးရက ၾကပ္မတ္ေပးရန္တိုက္တြန္း ေအာင္ကိုလတ္ စစ္ကိုင္းတိုင္းလႊတ္ေတာ္ရဲ႕ ကတိျဖစ္ေမးခြန္းေတြမွာ သက္ဆိုင္ရာဌာနေတြက လိုက္နာ အေကာင္အထည္ေဖာ္မႈမရွိလို႔ ျပည္သူေတြအတြက္ နစ္နာေနတဲ့အတြက္ အစိုးရက စိစစ္ၾကပ္မတ္ေပးဖို႔ ကတိကဝတ္ေကာ္မတီတိုက္တြန္း လိုက္ပါတယ္။ ဒုတိယအႀကိမ္ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္ အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီက စက္တင္ဘာလဆန္းအတြင္း ကသာခ႐ိုင္၊ ေကာလင္းခ႐ိုင္၊ ကန႔္ဘလူခ႐ိုင္နဲ႔ စစ္ကိုင္းခ႐ိုင္ေတြကို သြားေရာက္ၿပီး ကတိကဝတ္ျဖစ္ေမးခြန္း အေကာင္အထည္ေဖာ္မႈေတြကို ကြင္းဆင္းစိစစ္ခဲ့ၿပီး စိစစ္ခ်က္ေတြနဲ႔ပတ္သက္လို႔ စက္တင္ဘာ ၂၆ ရက္ တိုင္းလႊတ္ေတာ္အစည္းအေဝးမွာ အစီရင္ခံစာ တင္သြင္းခဲ့တာပါ။ ၿမိဳ႕နယ္/ခ႐ိုင္ေတြအလိုက္ ၁၅ ႀကိမ္ေျမာက္ပုံမွန္အစည္းေဝးကေန ၁၈ ႀကိမ္အစည္းအေဝး ထိ ကတိျဖစ္ေမးခြန္း ၄၀ ခု၊ ဒုတိယပုံမွန္အစည္းအေဝးကေန ၁၄ ႀကိမ္ေျမာက္ထိ ေဆာင္႐ြက္ဆဲ ႏွင့္ ေဆာင္႐ြက္ရန္က်န္ ေမးခြန္း ၁၃ ခု စုစုေပါင္း ၅၃ ခုကို ကြင္းဆင္းစိစစ္ခဲ့တာျဖစ္ပါတယ္။ ကြင္းဆင္းစိစစ္ခ်က္ေတြအရ ေမးခြန္း ၅၃ ခုမွာ ေဆာင္႐ြက္ၿပီး ၁၁ ခု၊ ေဆာင္႐ြက္ဆဲ ၂၅ ခုႏွင့္ ေဆာင္႐ြက္ရန္က်န္ ၄၂ ခုထိ ရွိေနၿပီး လုံ/နယ္ဝန္ႀကီးဌာနက ၆ ခု၊ လွ်ပ္စစ္/စက္မႈ/လမ္းပန္း ဝန္ႀကီးဌာနႏွင့္ စိုက္/ေမြး/ဆည္ေျမာင္း ၁၆ ခုစီ၊ စည္ပင္ႏွင့္ စီမံ/ဘ႑ာ ၁ ခုစီႏွင့္ လူမႈေရး ၂ ခုတို႔ အသီးသီးက်န္ရွိေနတာပါ။ ေကာ္မတီအေနနဲ႔ က်န္ရွိေနတာေတြကို စိစစ္တဲ့အခါမွာ ဌာနဆိုင္ရာေတြက အေလးထာ းအေကာင္အထည္ေဖာ္မႈမရွိတာကို ေတြ႕ရတဲ့အတြက္ ဝန္ႀကီးေတြ အေနနဲ႔ စိစစ္ၾကပ္မတ္ေပးဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉး သက္ဝင္းက "တခ်ိဳ႕ကိစၥေတြက ၿမိဳ႕နယ္အဆင့္က ေျဖရွင္းဖို႔ခက္တဲ့အတြက္ ခ႐ိုင္၊ တိုင္းႏွင့္ ဝန္ႀကီးေတြ ကိုယ္တိုင္ကြင္းဆင္းဖို႔လိုတယ္။ တခ်ိဳ႕က အျမန္ဆုံးလုပ္ေဆာင္ဖို႔ လိုေပမယ့္ မလုပ္တဲ့အတြက္ ေဒသခံျပည္သူေတြ ဆုံးရႈံးနစ္နာမႈေတြရွိေနတယ္။ တခ်ိဳ႕ကတိျဖစ္ေမးခြန္းေတြမွာေတာ့ ဝန္ႀကီးေတြ ကတိျပဳေျဖၾကားတာကို ဌာနဆိုင္ရာေတြက အေလးထားလိုက္နာမႈ အားနည္းတာေတြရွိတယ္။ ဒါေၾကာင့္ ဝန္ႀကီးေတြအေနနဲ႔ သက္ဆိုင္ရာ ဌာနကို ၾကပ္မတ္ေပးဖို႔ လိုတယ္။ တခ်ိဳ႕ကေတာ့ ျပည္ေထာင္စုနဲ႔ ခ်ိတ္ဆက္ရတာျဖစ္လို႔ ၾကန႔္ၾကာေနတဲ့အတြက္ သက္ဆိုင္ရာ ဌာနေတြက ျပည္ေထာင္စုကို အဆက္မျပတ္ ခ်ိတ္ဆက္ဖို႔ လိုအပ္ေနတာေတြကို စိစစ္ေတြ႕ရွိရပါတယ္။"လို႔ ေကာ္မတီကိုယ္စား လႊတ္ေတာ္ကို အစီရင္ခံစာတင္သြင္းရာမွာ တိုက္တြန္း ေျပာဆိုခဲ့တာပါ။ ကြင္းဆင္းစိစစ္ခဲ့တဲ့ ခ႐ိုင္ ၄ ခ႐ိုင္မွာ ကသာခ႐ိုင္က လုပ္ငန္း ၁၈ ခုနဲ႔ အမ်ားဆုံးျဖစ္ၿပီး ၁၀ ခုထိ အမ်ားဆုံးက်န္ရွိေနတာလည္းျဖစ္ပါတယ္။ ေကာ္မတီအေနနဲ႔ အစီရင္ခံစာကို အက်ဥ္းခ်ဳံးတင္ျပခဲ့တာျဖစ္ၿပီး တခ်ိဳ႕ကတိျဖစ္တာေတြက အက်ဥ္းခ်ဳံးေဖာ္ျပလို႔ မရႏိုင္တာေၾကာင့္ သီးျခားအစီရင္ခံစာေရးကာ တင္ျပရမွာျဖစ္လို႔ သက္ဆိုင္ရာဌာနေတြကို ေခၚယူေမးျမန္းေဆြးေႏြးၿပီး ဆက္လက္တင္ျပႏိုင္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024