A d v e r t i s e m e n t With Us

ဘရဲဆစ်သက်တမ်း ထပ်တိုးမည်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြော

ဘရဲဆစ်သက်တမ်း ထပ်တိုးမှာမဟုတ်ဘူးလို့  ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ပြောလိုက်တာကြောင့် စက်တင်ဘာ ၂၅ ရက်က ပါလီမန်မှာ ငြင်းခုံတာတွေ ပိုမို ပြင်းထန်လာပါတယ်။   အတိုက်အခံပါတီတွေက ဘရဲဆစ်သက်တမ်းတိုးရေး အစိုးရ တောင်းဆိုဖို့လိုတဲ့ ဥပဒေသစ်ကို မကြာခင်က အတင်းကြိုးပမ်းခဲ့ပါတယ်။   ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း  ဥပဒေကြမ်း စည်းကမ်းချက်တွေနဲ့ ကိုက်ညီရင်တောင်   သက်တမ်းထပ်တိုးရေး ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။   စိတ်ခံစားချက် ပြင်းထန်လွန်းတဲ့ ပါလီမန်အတွင်း  ပါလီမန်ဥက္ကဋ္ဌက စည်းကမ်းလိုက်နာကြဖို့ သတိပေးနေတဲ့ကြားက ဝန်ကြီးချုပ်ဂျွန်ဆင်ကို   အတိုက်အခံတွေက လှောင်ပြောင်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မယ့် (ဘရဲဆစ်ကိစ္စ) နဲ့ ပတ်သက်လို့  နားခံသာအောင်ပြောဖို့နဲ့ အတိုက်အခံတွေ ကြိုးပမ်းတဲ့ ဥပဒေကြမ်းဟာ  “အညံ့ခံတာ၊ အရှက်စရာ” ဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေ ရှောင်ရှားဖို့လည်း အတိုက်အခံ လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ကို   တိုက်တွန်းခဲ့ပါတယ်။    ဝန်ကြီးချုပ်  ဂျွန်ဆင်ကတော့ ဘရဲဆစ်ဆန္ဒခံယူပွဲ မတိုင်မီ အသတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက် ဂျိုကော့စ်ကို အကောင်းဆုံး ဂုဏ်ပြုတဲ့နည်းဟာ ဘရဲဆစ်ကိစ္စ ပြီးပြတ်အောင် လုပ်တာပဲ ဖြစ်တယ်လို့  ပါလီမန်ကို ပြောခဲ့ပါတယ်။ ====================== ဘရဲဆစ္သက္တမ္း ထပ္တိုးမည္မဟုတ္ဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ေျပာ DVB ဘရဲဆစ္သက္တမ္း ထပ္တိုးမွာမဟုတ္ဘူးလို႔  ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာ္ရစ္ဂြၽန္ဆင္က ေျပာလိုက္တာေၾကာင့္ စက္တင္ဘာ ၂၅ ရက္က ပါလီမန္မွာ ျငင္းခုံတာေတြ ပိုမို ျပင္းထန္လာပါတယ္။ အတိုက္အခံပါတီေတြက ဘရဲဆစ္သက္တမ္းတိုးေရး အစိုးရ ေတာင္းဆိုဖို႔လိုတဲ့ ဥပေဒသစ္ကို မၾကာခင္က အတင္းႀကိဳးပမ္းခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္ကလည္း  ဥပေဒၾကမ္း စည္းကမ္းခ်က္ေတြနဲ႔ ကိုက္ညီရင္ေတာင္   သက္တမ္းထပ္တိုးေရး ႀကိဳးပမ္းမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ စိတ္ခံစားခ်က္ ျပင္းထန္လြန္းတဲ့ ပါလီမန္အတြင္း  ပါလီမန္ဥကၠ႒က စည္းကမ္းလိုက္နာၾကဖို႔ သတိေပးေနတဲ့ၾကားက ဝန္ႀကီးခ်ဳပ္ဂြၽန္ဆင္ကို   အတိုက္အခံေတြက ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ဥေရာပသမဂၢမွ ၿဗိတိန္ခြဲထြက္မယ့္ (ဘရဲဆစ္ကိစၥ) နဲ႔ ပတ္သက္လို႔  နားခံသာေအာင္ေျပာဖို႔နဲ႔ အတိုက္အခံေတြ ႀကိဳးပမ္းတဲ့ ဥပေဒၾကမ္းဟာ  “အညံ့ခံတာ၊ အရွက္စရာ” ျဖစ္တယ္ဆိုတဲ့ အသုံးအႏႈန္းေတြ ေရွာင္ရွားဖို႔လည္း အတိုက္အခံ လႊတ္ေတာ္အမတ္ေတြက ဝန္ႀကီးခ်ဳပ္ကို   တိုက္တြန္းခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္  ဂြၽန္ဆင္ကေတာ့ ဘရဲဆစ္ဆႏၵခံယူပြဲ မတိုင္မီ အသတ္ခံရတဲ့ လုပ္ေဖာ္ကိုင္ဖက္ ဂ်ိဳေကာ့စ္ကို အေကာင္းဆုံး ဂုဏ္ျပဳတဲ့နည္းဟာ ဘရဲဆစ္ကိစၥ ၿပီးျပတ္ေအာင္ လုပ္တာပဲ ျဖစ္တယ္လို႔  ပါလီမန္ကို ေျပာခဲ့ပါတယ္။  

A d v e r t i s e m e n t With Us

More News
Up