ကတ်ရှ်မီးယားတွင် မြေငလျင်ကြောင့် သေဆုံးသူ ၃၇ ဦးရှိပြီ

ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသ မြေငလျင်ကြောင့် သေဆုံးသူ  ၃၇ ယောက်အထိ မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ မိသားစုဝင်တွေက သေဆုံးသူတွေအတွက် ပူဆွေးသောက  ရောက်သလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ငလျင်လှုပ်ရာနေရာကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ခဲ့ ပါတယ်။    မြေငလျင်ကြောင့်  မီပူလ်ဆေးရုံမှာ ဒဏ်ရာရသူ  အများအပြားနဲ့ ပြည့်နှက်နေပါတယ်။   မြေငလျင်လှုပ်ပြီး ၁ ရက်အကြာမှာတော့   အာဏာပိုင်တွေဟာ အဲဒီဒေသဝန်းကျင်က မြို့တွေနဲ့ ရွာတွေဆီကို  လာရောက်နိုင်ခဲ့ပါတယ်။   စက်တင်ဘာ ၂၄  ရက်က ပြင်းအား ၅ ဒသမ ၈ အဆင့် ရှိ မြေငလျင်လှုပ်ခဲ့တာကြောင့်   ဂျီလန်နဲ့ မီလ်ပူမြို့တွေကနေ မြောက်ပိုင်းအထိ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ ပြိုကျပြီး   လမ်းမတွေလည်း အက်ကွဲကုန်ပါတယ်။    အခု မြေငလျင် လှုပ်ခဲ့တဲ့နေရာဟာ နယ်မြေ အငြင်းပွားမှုဖြစ်နေတဲ့ ပါကစ္စတန်ပိုင် ကတ်ရှ်မီး ယားဒေသ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ===================== ကတ္ရွ္မီးယားတြင္ ေျမငလ်င္ေၾကာင့္ ေသဆုံးသူ ၃၇ ဦးရွိၿပီ DVB ပါကစၥတန္ပိုင္ ကတ္ရွ္မီးယားေဒသ ေျမငလ်င္ေၾကာင့္ ေသဆုံးသူ  ၃၇ ေယာက္အထိ ျမင့္တက္လာတယ္လို႔ တာဝန္ရွိသူေတြက စက္တင္ဘာ ၂၅ ရက္မွာ ေျပာလိုက္ပါတယ္။ မိသားစုဝင္ေတြက ေသဆုံးသူေတြအတြက္ ပူေဆြးေသာက  ေရာက္သလို ကယ္ဆယ္ေရးအဖြဲ႕ေတြကလည္း ငလ်င္လႈပ္ရာေနရာကို ေထာက္ပံ့ေရးပစၥည္းေတြ ပို႔ေဆာင္ခဲ့ ပါတယ္။ ေျမငလ်င္ေၾကာင့္  မီပူလ္ေဆး႐ုံမွာ ဒဏ္ရာရသူ  အမ်ားအျပားနဲ႔ ျပည့္ႏွက္ေနပါတယ္။   ေျမငလ်င္လႈပ္ၿပီး ၁ ရက္အၾကာမွာေတာ့   အာဏာပိုင္ေတြဟာ အဲဒီေဒသဝန္းက်င္က ၿမိဳ႕ေတြနဲ႔ ႐ြာေတြဆီကို  လာေရာက္ႏိုင္ခဲ့ပါတယ္။ စက္တင္ဘာ ၂၄  ရက္က ျပင္းအား ၅ ဒသမ ၈ အဆင့္ ရွိ ေျမငလ်င္လႈပ္ခဲ့တာေၾကာင့္   ဂ်ီလန္နဲ႔ မီလ္ပူၿမိဳ႕ေတြကေန ေျမာက္ပိုင္းအထိ ေနအိမ္ေတြနဲ႔ ေဈးဆိုင္ေတြ ၿပိဳက်ၿပီး   လမ္းမေတြလည္း အက္ကြဲကုန္ပါတယ္။ အခု ေျမငလ်င္ လႈပ္ခဲ့တဲ့ေနရာဟာ နယ္ေျမ အျငင္းပြားမႈျဖစ္ေနတဲ့ ပါကစၥတန္ပိုင္ ကတ္ရွ္မီး ယားေဒသ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up