Home
မြန်မာသတင်း
လက်နက်ကိုင်နယ်​မြေရှိပြည်သူများ မဲပေးခွင့်ရစေရန် ကရင်ပြည်နယ်အစိုးရ ညှိနှိုင်းနေ
DVB
·
September 26, 2019
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာရှိတဲ့ ‌ဒေသခံပြည်သူ တွေ မဲပေးခွင့်ရရှိအောင် ပြည်နယ်အစိုးရက သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကော်မရှင်နဲ့ ဌာနဆိုင်ရာတွေက မဲစာရင်း ကောက်ယူ နေတာတွေနဲ့ပတ်သက်ပြီး မဲပေးခွင့်ရှိသူ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့နဲ့ မကျန်ခဲ့စေဖို့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ သိလိုကြောင်း မြဝတီမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။ ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က “အစိုးရအဖွဲ့ကလည်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်နေ တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပေါ်မှာ မူတည်တယ်။ ဒေသ ခံတွေရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေပေါ်မှာလည်း မူတည်တယ်”လို့ ‌ပြောပါတယ်။ မြဝတီမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးသန့်ဇင်အောင်က “ဘယ်လိုပဲဖြစ်နေဖြစ်နေ ၅ နှစ်မှ တကြိမ်ရွေးလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် အစိုးရနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကို ဥပက္ခာမပြုဘဲနဲ့ မဲပေးရွေးချယ်ခွင့်ရအောင် သူတို့အနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်တယ်”လို့ ပြောပါတယ်။ ရန်ကုန်မြို့၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်က “၂၀၂၀မှာ ဒီလိုဒေသတွေမှာ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ဖြစ်လာနိုင်ပမလားလို့ သောကရှိမိတာတော့ အမှန်ပါပဲ ”လို့ ပြောပါတယ်။ ၂၀၁၉ ဧပြီလကစတင်ပြီး လူဦးရေစာရင်း အချက်အလက်ကောက်ယူခြင်းနဲ့စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ပြောင်းလဲနေတဲ့ လူဦးရေစာရင်း အခြေခံမဲဆန္ဒရှင်စာရင်း တွေကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထား‌ ကြေညာခြင်း အပိုင်း ၄ ပိုင်းနဲ့ဆောင်ရွက်ထားပါတယ်။ မဲစာရင်းကောက်ခံပြုစုထားတဲ့စာရင်းတွေအရ လူဦးရေ ၁၀၆၉၀၀၀ ကျော်  ကောက်ခံရရှိထားပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်းက ကျေးရွာ ၅၈ ရွာ ကျန်ရှိနေသေးတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလက မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ မြို့နယ် ၃၃၀ မှာ စစ်ရှောင်စခန်း စစ်ဘေးဒုက္ခသည်တွေရှိတဲ့ မြို့နယ် ၁၂၇ မြို့နယ်မှာ မဲပေးခွင့်မရရှိခဲ့ဘူးလို့ နိုင်ငံတကာစစ်တမ်းတွေအရ သိရပါတယ်။ သတင်း- ရဲမင်းခေါင်
လက္နက္ကိုင္နယ္​ေျမရွိျပည္သူမ်ား မဲေပးခြင့္ရေစရန္ ကရင္ျပည္နယ္အစိုးရ ညႇိႏႈိင္းေန DVB ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမေတြမွာရွိတဲ့ ‌ေဒသခံျပည္သူ ေတြ မဲေပးခြင့္ရရွိေအာင္ ျပည္နယ္အစိုးရက သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမင္းကိုခိုင္က ဒီဗြီဘီကို ေျပာပါတယ္။ ကရင္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ဌာနဆိုင္ရာေတြက မဲစာရင္း ေကာက္ယူ ေနတာေတြနဲ႔ပတ္သက္ၿပီး မဲေပးခြင့္ရွိသူ ျပည္သူေတြ မဲေပးခြင့္မဆုံးရႈံးေစဖို႔နဲ႔ မက်န္ခဲ့ေစဖို႔ ဘယ္လိုေဆာင္႐ြက္ေနတယ္ဆိုတာ သိလိုေၾကာင္း ျမဝတီၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္ရဲ႕ ေမးခြန္းနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးက ေျဖၾကားခဲ့တာျဖစ္ပါတယ္။ ကရင္ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမင္းကိုခိုင္က “အစိုးရအဖြဲ႕ကလည္း သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းၿပီးေဆာင္႐ြက္ေန တယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္တဲ့အေပၚမွာ မူတည္တယ္။ ေဒသ ခံေတြရဲ႕ျဖစ္ခ်င္တဲ့ ဆႏၵေတြေပၚမွာလည္း မူတည္တယ္”လို႔ ‌ေျပာပါတယ္။ ျမဝတီၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဉီးသန႔္ဇင္ေအာင္က “ဘယ္လိုပဲျဖစ္ေနျဖစ္ေန ၅ ႏွစ္မွ တႀကိမ္ေ႐ြးလိုက္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ အစိုးရနဲ႔ပတ္သက္ၿပီးေတာ့ ျပည္သူေတြရဲ႕ဆႏၵကို ဥပကၡာမျပဳဘဲနဲ႔ မဲေပးေ႐ြးခ်ယ္ခြင့္ရေအာင္ သူတို႔အေနနဲ႔ ဝိုင္းဝန္းေဆာင္႐ြက္ေပးပါလို႔ ေမတၱာရပ္ခံခ်င္တယ္”လို႔ ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕၊ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရန္ေက်ာ္က “၂၀၂၀မွာ ဒီလိုေဒသေတြမွာ ေအာင္ေအာင္ျမင္ျမင္ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္လာႏိုင္ပမလားလို႔ ေသာကရွိမိတာေတာ့ အမွန္ပါပဲ ”လို႔ ေျပာပါတယ္။ ၂၀၁၉ ဧၿပီလကစတင္ၿပီး လူဦးေရစာရင္း အခ်က္အလက္ေကာက္ယူျခင္းနဲ႔စိစစ္ျခင္း၊ အေျခခံမဲဆႏၵရွင္စာရင္းျပဳစုျခင္း၊ ေျပာင္းလဲေနတဲ့ လူဦးေရစာရင္း အေျခခံမဲဆႏၵရွင္စာရင္း ေတြကို လစဥ္ျပဳစုျခင္း၊ ျပင္ဆင္ျခင္း၊ ထိန္းသိမ္းျခင္းနဲ႔ အေျခခံမဲဆႏၵရွင္စာရင္း ကပ္ထား‌ ေၾကညာျခင္း အပိုင္း ၄ ပိုင္းနဲ႔ေဆာင္႐ြက္ထားပါတယ္။ မဲစာရင္းေကာက္ခံျပဳစုထားတဲ့စာရင္းေတြအရ လူဦးေရ ၁၀၆၉၀၀၀ ေက်ာ္ ေကာက္ခံရရွိထားၿပီး တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမအတြင္းက ေက်း႐ြာ ၅၈ ႐ြာ က်န္ရွိေနေသးတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲကာလက ျမန္မာတႏိုင္ငံလုံးအတိုင္းအတာနဲ႔ မဲေပးပိုင္ခြင့္ရွိတဲ့ ၿမိဳ႕နယ္ ၃၃၀ မွာ စစ္ေရွာင္စခန္း စစ္ေဘးဒုကၡသည္ေတြရွိတဲ့ ၿမိဳ႕နယ္ ၁၂၇ ၿမိဳ႕နယ္မွာ မဲေပးခြင့္မရရွိခဲ့ဘူးလို႔ ႏိုင္ငံတကာစစ္တမ္းေတြအရ သိရပါတယ္။ သတင္း- ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024