A d v e r t i s e m e n t With Us

၉ မိုင်ခရီး ရထားစီးပြီး ရေခိုးသယ်နေရသည့် အိန္ဒိယ ကလေးငယ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်က  ကျောင်းနေကလေးငယ်တစုဟာ မိသားစုအတွက် ၉ မိုင်ခရီးကို ရထားစီးပြီး ရေခိုးသယ်နေကြရပါတယ်။  ကျောင်းဆင်းလို့ အတန်းဖော်တွေကစားနေချိန်မှာ   ၉ နှစ်အရွယ် သမီးလေး ဆာရှီဂါရုကတော့ သူတို့ရွာကနေ ၉ မိုင်ခရီးကို ရထားစီးပြီး  အိမ်အတွက် ရေသွားခပ်ပါတယ်။ သူ့မိသားစုလေးက  မိုးခေါင်ဒဏ်ကို ခံစားနေရတဲ့ မွတ်ကွန်ဒွါသီ ဇနပုပ်လေးက  ဆင်းရဲသားမိသားစုလေး ဖြစ်ပါတယ်။   အိန္ဒိယရဲ့ ဒေသအများအပြားမှာ မုတ်သုံမိုးကြောင့် မိုးရေအများအပြားရပြီး ရေကြီးရေလျှံတာတွေ  ဖြစ်ပေါ်တတ်ပေမယ့် မွတ်ကွန်ဒွါသီ ဝန်းကျင်မှာတော့ ဒီနှစ်မှာ ပျမ်းမျှ မိုးချိန်ထက် ၁၄ ရာခိုင်နှုန်း လျော့နည်းပြိး       မြေအောင်းလွှာတွေနဲ့ ရေတွင်းတွေမှာလည်း ရေတွေ ခန်းခြောက်နေပါတယ်။  “သမီးရေသွားခပ်တော့ ရထားက လူတွေက သမီးကို ရေလာမခပ်ဖို့ ပြောတယ်။ ခပ်ထားတဲ့ ရေတွေကိုလည်း သွန်ပစ်တယ်။” လို့ ၉ နှစ် အရွယ် သမီးလေး   ဆာရှီ ဂါရုက ပြောပါတယ်။  “ကျမ စိုးရိမ်တယ်။ နေ့တိုင်း  ကျမ ရထားအလာကို စောင့်ပြီး ငါ့သမီးလေး   ရထားပေါ်ကနေ ဆင်းလာပါ့မလား။ သမီးလေးများ ရထားပေါ်က ခြေချော် ကျမလားဆိုပြိး  အဲဒီအတွေးတွေက အမြဲဖိစီးနေတယ်။ အဲဒါနဲ့ ရထားကို စောင့်စောင့်နေတာ။ ရထားလာတာကို မြင်မှပဲ သက်ပြင်းသက်မချနိုင်တော့တယ်“ လို့ မိခင်ဖြစ်သူ  ဆွာတီ ဂါရုက ပြောပါတယ်။  နွေကာလဆိုရင် ရေတပုံးကို ရူပီးငွေ ၃၀၀၀ အထိ ပေးရပြိး  သူတို့ဒေသက လူများစုဟာ မတတ်နိုင်ကြဘူးလို့ ဆွာတီ ဂါရုက ပြောပါတယ်။  သမီးဖြစ်သူကို လွှတ်ပြီး ရေခပ်ခိုင်းရတဲ့အန္တရာယ်ကို သူသဘောပေါက်ပေမယ့်လည်း သူကိုယ်တိုင်ကလည်း အလုပ်နဲ့လက် မပြတ်သူမို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ယူကေအခြေစိုက် ပရဟိတအဖွဲ့ WaterAid ရဲ့ အဆိုအရ  အိန္ဒိယ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း လူဦးရေ ၁၆၃ သန်းဟာ သူတို့နေအိမ် အနီးဝန်းကျင်မှာ သန့်ရှင်းရေကို မရရှိဘဲ ဒါဟာ တခြားနိုင်ငံတွေအဖို့အကြီးမားဆုံး လူဦးရေ အချိုးအစားလည်း  ဖြစ်ပါတယ်။ ================ ၉ မိုင္ခရီး ရထားစီးၿပီး ေရခိုးသယ္ေနရသည့္ အိႏၵိယ ကေလးငယ္ (႐ုပ္သံ) DVB အိႏၵိယႏိုင္ငံ မဟာရက္ရွ္ထရာျပည္နယ္က  ေက်ာင္းေနကေလးငယ္တစုဟာ မိသားစုအတြက္ ၉ မိုင္ခရီးကို ရထားစီးၿပီး ေရခိုးသယ္ေနၾကရပါတယ္။ ေက်ာင္းဆင္းလို႔ အတန္းေဖာ္ေတြကစားေနခ်ိန္မွာ   ၉ ႏွစ္အ႐ြယ္ သမီးေလး ဆာရွီဂါ႐ုကေတာ့ သူတို႔႐ြာကေန ၉ မိုင္ခရီးကို ရထားစီးၿပီး  အိမ္အတြက္ ေရသြားခပ္ပါတယ္။ သူ႔မိသားစုေလးက  မိုးေခါင္ဒဏ္ကို ခံစားေနရတဲ့ မြတ္ကြန္ဒြါသီ ဇနပုပ္ေလးက  ဆင္းရဲသားမိသားစုေလး ျဖစ္ပါတယ္။ အိႏၵိယရဲ႕ ေဒသအမ်ားအျပားမွာ မုတ္သုံမိုးေၾကာင့္ မိုးေရအမ်ားအျပားရၿပီး ေရႀကီးေရလွ်ံတာေတြ  ျဖစ္ေပၚတတ္ေပမယ့္ မြတ္ကြန္ဒြါသီ ဝန္းက်င္မွာေတာ့ ဒီႏွစ္မွာ ပ်မ္းမွ် မိုးခ်ိန္ထက္ ၁၄ ရာခိုင္ႏႈန္း ေလ်ာ့နည္းၿပိး       ေျမေအာင္းလႊာေတြနဲ႔ ေရတြင္းေတြမွာလည္း ေရေတြ ခန္းေျခာက္ေနပါတယ္။ “သမီးေရသြားခပ္ေတာ့ ရထားက လူေတြက သမီးကို ေရလာမခပ္ဖို႔ ေျပာတယ္။ ခပ္ထားတဲ့ ေရေတြကိုလည္း သြန္ပစ္တယ္။” လို႔ ၉ ႏွစ္ အ႐ြယ္ သမီးေလး   ဆာရွီ ဂါ႐ုက ေျပာပါတယ္။ “က်မ စိုးရိမ္တယ္။ ေန႔တိုင္း  က်မ ရထားအလာကို ေစာင့္ၿပီး ငါ့သမီးေလး   ရထားေပၚကေန ဆင္းလာပါ့မလား။ သမီးေလးမ်ား ရထားေပၚက ေျခေခ်ာ္ က်မလားဆိုၿပိး  အဲဒီအေတြးေတြက အၿမဲဖိစီးေနတယ္။ အဲဒါနဲ႔ ရထားကို ေစာင့္ေစာင့္ေနတာ။ ရထားလာတာကို ျမင္မွပဲ သက္ျပင္းသက္မခ်ႏိုင္ေတာ့တယ္“ လို႔ မိခင္ျဖစ္သူ  ဆြာတီ ဂါ႐ုက ေျပာပါတယ္။ ေႏြကာလဆိုရင္ ေရတပုံးကို ႐ူပီးေငြ ၃၀၀၀ အထိ ေပးရၿပိး  သူတို႔ေဒသက လူမ်ားစုဟာ မတတ္ႏိုင္ၾကဘူးလို႔ ဆြာတီ ဂါ႐ုက ေျပာပါတယ္။ သမီးျဖစ္သူကို လႊတ္ၿပီး ေရခပ္ခိုင္းရတဲ့အႏၲရာယ္ကို သူသေဘာေပါက္ေပမယ့္လည္း သူကိုယ္တိုင္ကလည္း အလုပ္နဲ႔လက္ မျပတ္သူမို႔ တျခားေ႐ြးခ်ယ္စရာ မရွိပါဘူး။ ယူေကအေျခစိုက္ ပရဟိတအဖြဲ႕ WaterAid ရဲ႕ အဆိုအရ  အိႏၵိယ လူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္း လူဦးေရ ၁၆၃ သန္းဟာ သူတို႔ေနအိမ္ အနီးဝန္းက်င္မွာ သန႔္ရွင္းေရကို မရရွိဘဲ ဒါဟာ တျခားႏိုင္ငံေတြအဖို႔အႀကီးမားဆုံး လူဦးေရ အခ်ိဳးအစားလည္း  ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up