A d v e r t i s e m e n t With Us

တရုတ် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည်

တရုတ်ဘောလုံး အဖွဲ့ချုပ်ရဲ့ ဖိတ်ကြားချက်အရ လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဘရာဇီးလ်၊ နယူးဇီလန်၊ အိမ်ရှင်တရုတ်နဲ့ မြန်မာအသင်းတို့ လာမယ့် နိုဝင်ဘာ ၄ ရက်ကနေ ၁၂ ရက်အထိ တရုတ်နိုင်ငံ ချုံကင်းမြို့မှာ ယှဉ်ပြိုင်ကစားကြမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာ့အမျိုးသမီးအသင်းအတွက် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲဟာ အကျိုးရှိတဲ့ အခွင့်အရေးတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။  ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဘရာဇီးလ်အသင်းက ဖီဖာကမ္ဘာ့အဆင့် ၁၀၊ တရုတ်က အဆင့် ၁၆၊ နယူးဇီလန်က အဆင့် ၂၃ နဲ့ မြန်မာအသင်းက အဆင့် ၄၆ ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ပိုမြင့်မားလာစေဖို့နဲ့ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုလည်းဖြစ်လို့ အကျိုးရှိမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ China Cup ပြိုင်ပွဲအပြီးမှာ မြန်မာအမျိုးသမီးအသင်းက ဘေကျင်းမြို့မှာ ပူးတွဲလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး တရုတ်အမျိုးသမီးလိဂ် ကလပ်အသင်း ၂ သင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားမယ်လို့လည်း သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့ တရုတ်(တိုင်ပေ) အသင်းနဲ့ ဆီးဂိမ်းစ် အကြိုခြေစမ်းပွဲအား ဆက်လက်ယှဉ်ပြိုင် ကစားမယ်လို့ သိရပါတယ်။ ============================ တ႐ုတ္ ေလးႏိုင္ငံဖိတ္ေခၚၿပိဳင္ပြဲ ျမန္မာအမ်ိဳးသမီးအသင္း ယွဥ္ၿပိဳင္မည္ DVB တ႐ုတ္ေဘာလုံး အဖြဲ႕ခ်ဳပ္ရဲ႕ ဖိတ္ၾကားခ်က္အရ ေလးႏိုင္ငံ အမ်ိဳးသမီးဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲကို ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း သြားေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကို ဘရာဇီးလ္၊ နယူးဇီလန္၊ အိမ္ရွင္တ႐ုတ္နဲ႔ ျမန္မာအသင္းတို႔ လာမယ့္ ႏိုဝင္ဘာ ၄ ရက္ကေန ၁၂ ရက္အထိ တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားၾကမယ္လို႔ ေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ပါတယ္။ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ (ဆီးဂိမ္းစ္) အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနတဲ့ ျမန္မာ့အမ်ိဳးသမီးအသင္းအတြက္ အဆိုပါ ဖိတ္ေခၚၿပိဳင္ပြဲဟာ အက်ိဳးရွိတဲ့ အခြင့္အေရးတရပ္ျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပိဳင္ပြဲမွာ ကမာၻ႔အဆင့္သတ္မွတ္ခ်က္အရ ဘရာဇီးလ္အသင္းက ဖီဖာကမာၻ႔အဆင့္ ၁၀၊ တ႐ုတ္က အဆင့္ ၁၆၊ နယူးဇီလန္က အဆင့္ ၂၃ နဲ႔ ျမန္မာအသင္းက အဆင့္ ၄၆ ျဖစ္ၿပီး ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း ကမာၻ႔အဆင့္ ပိုျမင့္မားလာေစဖို႔နဲ႔ ဆီးဂိမ္းအတြက္ ႀကိဳတင္ျပင္ဆင္မႈလည္းျဖစ္လို႔ အက်ိဳးရွိမယ့္ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ China Cup ၿပိဳင္ပြဲအၿပီးမွာ ျမန္မာအမ်ိဳးသမီးအသင္းက ေဘက်င္းၿမိဳ႕မွာ ပူးတြဲေလ့က်င့္မႈေတြ ဆက္လက္ျပဳလုပ္မွာျဖစ္ၿပီး တ႐ုတ္အမ်ိဳးသမီးလိဂ္ ကလပ္အသင္း ၂ သင္းနဲ႔ ေျခစမ္းပြဲ ၂ ပြဲ ကစားမယ္လို႔လည္း သိရပါတယ္။ ျမန္မာအမ်ိဳးသမီးအသင္းဟာ ရန္ကုန္ၿမိဳ႕မွာ ႏိုဝင္ဘာ ၂၀ ရက္ေန႔ တ႐ုတ္(တိုင္ေပ) အသင္းနဲ႔ ဆီးဂိမ္းစ္ အႀကိဳေျခစမ္းပြဲအား ဆက္လက္ယွဥ္ၿပိဳင္ ကစားမယ္လို႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up