၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန် ဝင်ဘလေကွင်းတွင် ကျင်းပမည်

၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်က ဝင်ဘလေကွင်းမှာလက်ခံကျင်းပဖို့ ဥရောပဘောလုံး အဖွဲ့ချုပ်ကအတည်ပြုလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေကွင်းဟာ ၂၀၁၃ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးအကြိမ် လက်ခံကျင်းပခဲ့ပြီး ၁၀နှစ် အကြာမှာ ပြန်လည်ကျင်းပခွင့်ရရှိတာဖြစ်ပါတယ်။
၂၀၁၃ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က ပြည်တွင်းပြိုင်ဘက်ဒေါ့မွန်ကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာဘက်ချ်မြို့မှာကျင်းပဖို့လည်းဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ လက်ခံကျင်းပမှာပါ။
ဒါ့အပြင် ၂၀၂၁ခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲကိုတော့ ဆီဗီလာအသင်းရဲ့ ရာမို့စ် ဆန်းချက်ဇ် ပစ်ဟွမ် ကွင်းမှာကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုနှစ်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့မှာကျင်းပမှာဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ ပိုလန်နိုင်ငံ ဂဒမ့်ရှ် မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
=================================
၂၀၂၃ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အဂၤလန္ ဝင္ဘေလကြင္းတြင္ က်င္းပမည္
DVB
၂၀၂၃ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အဂၤလန္က ဝင္ဘေလကြင္းမွာလက္ခံက်င္းပဖို႔ ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္ကအတည္ျပဳလိုက္ပါတယ္။
အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဝင္ဘေလကြင္းဟာ ၂၀၁၃ခုႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနာက္ဆုံးအႀကိမ္ လက္ခံက်င္းပခဲ့ၿပီး ၁၀ႏွစ္ အၾကာမွာ ျပန္လည္က်င္းပခြင့္ရရွိတာျဖစ္ပါတယ္။
၂၀၁၃ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္က ျပည္တြင္းၿပိဳင္ဘက္ေဒါ့မြန္ကို ၂ဂိုး ၁ဂိုးနဲ႔ အႏိုင္ယူၿပီးခ်န္ပီယံျဖစ္ခဲ့ပါတယ္။
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ၂၀၂၁ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႐ုရွားႏိုင္ငံ စိန႔္ပီတာဘက္ခ်္ၿမိဳ႕မွာက်င္းပဖို႔လည္းဆုံးျဖတ္ခဲ့ၿပီး ၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုေတာ့ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕မွာ လက္ခံက်င္းပမွာပါ။
ဒါ့အျပင္ ၂၀၂၁ခုႏွစ္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကိုေတာ့ ဆီဗီလာအသင္းရဲ႕ ရာမို႔စ္ ဆန္းခ်က္ဇ္ ပစ္ဟြမ္ ကြင္းမွာကစားဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ အခုႏွစ္အတြက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုေတာ့ တူရကီ ႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာက်င္းပမွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုေတာ့ ပိုလန္ႏိုင္ငံ ဂဒမ့္ရွ္ ၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။