Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ
DVB
·
September 26, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အထုပ္ပတ္တိ ဒရာမာအမျိုးအစားရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Judy ! BBC Films ၊ Pathé နဲ့ Calamity Films ရုပ်ရှင်ထုတ်လုပ်ရေးတို့က တင်ဆက် လိုက်တဲ့ ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Rupert Goold က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ တခေတ်တခါက ကျော်ကြားခဲ့တဲ့ အမေရိကန်အမျိုးသမီး သရုပ်ဆောင် အဆိုတော် Judy Garland ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အနေနဲ့ ပုံ ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကလေးဘဝတည်းက အနုပညာနဲ့ မစိမ်းတဲ့ Judy ဟာ သူဖြတ်သန်းခဲ့တဲ့ ဘ၀ တလျှောက် သရုပ်ဆောင်ဘက်မှာရော၊ အဆိုပညာဘက်မှာပါ အောင်မြင်ခဲ့သူ ဖြစ်ပါ တယ်။ သူဟာ ၁၉၅၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ A Star Is Born ရုပ်ရှင်ကားနဲ့ အ ကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပြီး အဲဒီကားကို သိပ်မကြာ သေးခင်ကမှ အဆိုတော် Lady Gaga နဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး အားပေးလက်ခံမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ အဆိုဘက်မှာလည်း Judy ဟာ တသက်တာဂရမ်မီဆုအပါအ ဝင် ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘဝနေဝင် ချိန်ကတော့ အရက်၊ မူးယစ်ဆေးဝါးတွေကြောင့် အသက် ၄၇ နှစ်အရွယ် ၁၉၆၉ ခုနှစ် မှာ နှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပြီး ဒီကားထဲမှာ သူ့ဘဝဇာတ်ကြောင်းကို ဘယ်လိုပုံ ဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Judy နေရာမှာတော့ သရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Renée Zellweger က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Jessie Buckley ၊ Finn Wittrock ၊ Rufus Sewell နဲ့ Michael Gambon တို့ကလည်း ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 6.7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲ တော်တွေဖြစ်တဲ့ Telluride Film Festival ၊ Toronto International Film Festival တွေမှာ ကနဦးပြသခဲ့ပြီး ပြောင်မြောက်တဲ့ Renée Zellweger ရဲ့ သရုပ်ဆောင်မှုတွေ အပေါ် ချီးကျူးမှုတွေ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စွန့်စားမှုအသားပေး Computer Animated ရုပ်ရှင်ပရိသတ်တွေအတွက်ပါ။ Abominable လို့ အမည်ရပါ တယ်။ ဒီကားကိုတော့ အမေရိကန်နာမည်ကျော် DreamWorks Animation နဲ့ တရုတ် အဲန်နီမေးရှင်းကုမ္ပဏီ Pearl Studio တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိ ကန်အမျိုးသမီး Animator ဒါရိုက်တာ Jill Culton က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ အခြေခံထားတဲ့ ဒီကားထဲမှာတော့ Yi ဆိုတဲ့ ဆယ် ကျော်သက် ကောင်မလေးဟာ ညဖက်တိုင်းလိုလို သူ့ရဲ့လျှို့ဝှက်နေရာလေးမှာ  တ ယော သွားတီးလေ့ရှိပါတယ်။ တညမှာတော့ သူ့ရဲ့ နေရာလေးဆီကို တခုခု၊ တစုံတ ယောက် ရောက်နေတယ်ဆိုတဲ့ ခံစားစိတ်နဲ့ ရှာဖွေကြည့်ချိန်မှာတော့ တကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ Yeti နှင်းလူကြီး ရောက်ရှိနေတာကို ထူးဆန်းစွာပဲ တွေ့လိုက်ရ တယ်။ နှင်းလူတွေဟာ တကယ်ရှိသလား၊ သူရှိတဲ့ နေရာကို ဘယ်ကနေ ဘယ်လို ရောက်လာခဲ့တာလဲဆိုတဲ့ မေးခွန်းတွေနဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ နောက် ပြီး ကလေးအရွယ်ပဲရှိသေးတဲ့ Yeti ကို သူ့ရဲ့မိဘတွေနဲ့မိသားစုဆီ ပြန်ဆုံစေနိုင်ဖို့ ခရီး မှာရော Yi နဲ့ သူငယ်ချင်းတွေ ဘယ်လိုထူးဆန်းတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရမလဲ၊ ဘာ တွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဆယ်ကျော်သက်ကောင်မလေး Yi အဖြစ် အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီး Chloe Bennet က အသံနဲ့ ပါဝင်သရုပ်ဆောင်ထား ပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Albert Tsai ၊ Eddie Izzard ၊ Sarah Paulson စတဲ့ သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 7.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေ ရိကန်ဒေါ်လာ ၇၅ သန်း အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကို တော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မိသားစု ဒ ရာမာအမျိုးအစား မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ရှေ့သွားနောက်လိုက် ! ဒီရုပ်ရှင်ကားကို မိုးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဟန်းကော့ ရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မိသားစုပညာပေး ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ မိဘနဲ့ သားသမီးတွေကြားမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်နဲ့ မေတ္တာတရားအကြောင်း တွေကို အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဇင်ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ အလင်းရောင်၊ ခင်ဇာခြည်ကျော်၊ မိုး ပြည့်ပြည့်မောင်၊ ရွှေသမီး စတဲ့ သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခြားခြား ဖိလစ်ပိုင် အ ချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ Hello, Love, Goodbye ! ဒီကားကိုတော့ Star Cinema ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ် ပြီး ဖိလစ်ပိုင်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cathy Garcia-Molina က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။ Joy ဆိုတဲ့ ကောင်မလေးဟာ ဟောင်ကောင်မှာ အိမ်အကူတယောက်အနေနဲ့ ရွှေ့ပြောင်းအလုပ်လုပ်နေသူ တယောက် ဖြစ်ပါတယ်။ သူဟာ ကူညီတတ်ပြီး အလုပ်ကို လည်း ကြိုးကြိုးစားစား လုပ်နေပြီး တနေ့မှာတော့ ဒီကနေ ထွက်သွားဖို့ ရည်ရွယ်ထား ခဲ့တာပါ။ ဒါပေမယ့် ဟောင်ကောင်မှာ Bartender တယောက်အနေနဲ့ ရောက်ရှိနေပြီး မကြာခင်မှာ အခြေချနေထိုင်ဖို့ ပြင်ဆင်ထားတဲ့ Ethan ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူတို့ ၂ ဦးကြားက သံယောဇဉ်တွေ၊ အချစ် ဇာတ်လမ်းတွေနဲ့ ဒီရုပ်ရှင်ကားကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ပဲ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်သရုပ် ဆောင်မင်းသမီး Kathryn Bernardo နဲ့ မင်းသား Alden Richards တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kathryn Bernardo ဟာ ဖိလစ်ပိုင်နိုင်ငံမှာ သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ မင်းသမီးဖြစ်ပြီး မင်းသား Alden Richards ကလည်း သရုပ်ဆောင်ကောင်း သူဖြစ်တာမို့ သူတို့ ၂ ယောက်ပါတဲ့ ဒီရုပ်ရှင်ကားက နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဖိလစ်ပိုင်နိုင်ငံနဲ့ တခြားနိုင်ငံ တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး Box Office ဝင်ငွေ ဖိလစ်ပိုင်ပီဆိုသန်း ၈၀၀ ကျော်ရရှိပြီး စံချိန်တင်ထားနိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ဒီကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာမို့ မူဗီခရေဇီတွေ အတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပေါ့ပေါ့ ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင် - ကွီးတို့၏ မာယာ ! နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ သမီး မြတ်ကျော်ရဲ့ ဝတ္ထုကို နတ်ရဲက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေဝင်း၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦးတို့နဲ့အတူ ဟာသ သရုပ်ဆောင်တွေ အများကြီးက ခေါင်းဆောင် ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ကွီးတို့၏ မာယာဆိုတဲ့အတိုင်း ဘယ်လိုအရှောင်အတိမ်း၊ အလှည့်အပတ်တွေ၊ မာယာတွေနဲ့ အရှုပ်တော်ပုံတွေကြား ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲနီးပါး ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ငံနဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ အထုပၸတၱိ ဒရာမာအမ်ိဳးအစား႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ Judy ! BBC Films ၊ Pathé နဲ႔ Calamity Films ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔က တင္ဆက္ လိုက္တဲ့ ဒီကားကိုေတာ့ ၿဗိတိန္႐ုပ္ရွင္ဒါ႐ိုက္တာ Rupert Goold က ႐ိုက္ကူးပုံေဖာ္ေပး ထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကေတာ့ တေခတ္တခါက ေက်ာ္ၾကားခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး သ႐ုပ္ေဆာင္ အဆိုေတာ္ Judy Garland ရဲ႕ ဘဝဇာတ္ေၾကာင္းကို ႐ုပ္ရွင္အေနနဲ႔ ပုံ ေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ကေလးဘဝတည္းက အႏုပညာနဲ႔ မစိမ္းတဲ့ Judy ဟာ သူျဖတ္သန္းခဲ့တဲ့ ဘ၀ တေလွ်ာက္ သ႐ုပ္ေဆာင္ဘက္မွာေရာ၊ အဆိုပညာဘက္မွာပါ ေအာင္ျမင္ခဲ့သူ ျဖစ္ပါ တယ္။ သူဟာ ၁၉၅၅ ခုႏွစ္မွာ ႐ိုက္ကူးခဲ့တဲ့ A Star Is Born ႐ုပ္ရွင္ကားနဲ႔ အ ေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ ေ႐ႊကမာၻလုံးဆု ရရွိခဲ့ၿပီး အဲဒီကားကို သိပ္မၾကာ ေသးခင္ကမွ အဆိုေတာ္ Lady Gaga နဲ႔ ျပန္လည္႐ိုက္ကူးခဲ့ၿပီး အားေပးလက္ခံမႈေတြ ရရွိထားတာ ျဖစ္ပါတယ္။ အဆိုဘက္မွာလည္း Judy ဟာ တသက္တာဂရမ္မီဆုအပါအ ဝင္ ထူးခြၽန္ဆုေတြ အမ်ားႀကီး ရရွိထားခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ဘဝေနဝင္ ခ်ိန္ကေတာ့ အရက္၊ မူးယစ္ေဆးဝါးေတြေၾကာင့္ အသက္ ၄၇ ႏွစ္အ႐ြယ္ ၁၉၆၉ ခုႏွစ္ မွာ ႏႈတ္ဆက္ထြက္ခြာခဲ့ရတာျဖစ္ၿပီး ဒီကားထဲမွာ သူ႔ဘဝဇာတ္ေၾကာင္းကို ဘယ္လိုပုံ ေဖာ္ဖန္တီးထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာပဲ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲက အဓိကဇာတ္ေကာင္ Judy ေနရာမွာေတာ့ သ႐ုပ္ေဆာင္ အကယ္ဒမီ ထူးခြၽန္ဆုေတြ အမ်ားႀကီး ရရွိထားတဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသမီး Renée Zellweger က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Jessie Buckley ၊ Finn Wittrock ၊ Rufus Sewell နဲ႔ Michael Gambon တို႔ကလည္း ပါဝင္ ထားၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔ မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာ Rating 6.7 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ နာမည္ႀကီး႐ုပ္ရွင္ပြဲ ေတာ္ေတြျဖစ္တဲ့ Telluride Film Festival ၊ Toronto International Film Festival ေတြမွာ ကနဦးျပသခဲ့ၿပီး ေျပာင္ေျမာက္တဲ့ Renée Zellweger ရဲ႕ သ႐ုပ္ေဆာင္မႈေတြ အေပၚ ခ်ီးက်ဴးမႈေတြ ရရွိထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ စြန႔္စားမႈအသားေပး Computer Animated ႐ုပ္ရွင္ပရိသတ္ေတြအတြက္ပါ။ Abominable လို႔ အမည္ရပါ တယ္။ ဒီကားကိုေတာ့ အေမရိကန္နာမည္ေက်ာ္ DreamWorks Animation နဲ႔ တ႐ုတ္ အဲန္နီေမးရွင္းကုမၸဏီ Pearl Studio တို႔က ပူးေပါင္းတင္ဆက္လိုက္တာျဖစ္ၿပီး အေမရိ ကန္အမ်ိဳးသမီး Animator ဒါ႐ိုက္တာ Jill Culton က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါ တယ္။ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ အေျခခံထားတဲ့ ဒီကားထဲမွာေတာ့ Yi ဆိုတဲ့ ဆယ္ ေက်ာ္သက္ ေကာင္မေလးဟာ ညဖက္တိုင္းလိုလို သူ႔ရဲ႕လွ်ိဳ႕ဝွက္ေနရာေလးမွာ တ ေယာ သြားတီးေလ့ရွိပါတယ္။ တညမွာေတာ့ သူ႔ရဲ႕ ေနရာေလးဆီကို တခုခု၊ တစုံတ ေယာက္ ေရာက္ေနတယ္ဆိုတဲ့ ခံစားစိတ္နဲ႔ ရွာေဖြၾကည့္ခ်ိန္မွာေတာ့ တကိုယ္လုံး ဆြတ္ဆြတ္ျဖဴေနတဲ့ Yeti ႏွင္းလူႀကီး ေရာက္ရွိေနတာကို ထူးဆန္းစြာပဲ ေတြ႕လိုက္ရ တယ္။ ႏွင္းလူေတြဟာ တကယ္ရွိသလား၊ သူရွိတဲ့ ေနရာကို ဘယ္ကေန ဘယ္လို ေရာက္လာခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြနဲ႔ေနာက္မွာ ဘာေတြ ဆက္ျဖစ္လာမလဲ။ ေနာက္ ၿပီး ကေလးအ႐ြယ္ပဲရွိေသးတဲ့ Yeti ကို သူ႔ရဲ႕မိဘေတြနဲ႔မိသားစုဆီ ျပန္ဆုံေစႏိုင္ဖို႔ ခရီး မွာေရာ Yi နဲ႔ သူငယ္ခ်င္းေတြ ဘယ္လိုထူးဆန္းတဲ့ ျဖစ္ရပ္ေတြ ႀကဳံေတြ႕ရမလဲ၊ ဘာ ေတြ ဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဆယ္ေက်ာ္သက္ေကာင္မေလး Yi အျဖစ္ အေမရိကန္ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီး Chloe Bennet က အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထား ၿပီး တျခားသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Albert Tsai ၊ Eddie Izzard ၊ Sarah Paulson စတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါ တယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာ Rating 7.5 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္ အေမ ရိကန္ေဒၚလာ ၇၅ သန္း အကုန္အက်ခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကို ေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၇ ရက္ေန႔က နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ကနဦးျပသခဲ့တာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၉၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ မိသားစု ဒ ရာမာအမ်ိဳးအစား ျမန္မာ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ေရွ႕သြားေနာက္လိုက္ ! ဒီ႐ုပ္ရွင္ကားကို မိုး႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ဟန္းေကာ့ ရဲ႕ ဇာတ္လမ္းကို ေနစိုးေသာ္က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ စတီးလ္က ႐ိုက္ ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ မိသားစုပညာေပး ႐ုပ္ရွင္ကားတကားအေနနဲ႔ ႐ိုက္ကူးထားတဲ့ ဒီကားထဲမွာေတာ့ မိဘနဲ႔ သားသမီးေတြၾကားမွာ ရွိသင့္ရွိထိုက္တဲ့ က်င့္ဝတ္နဲ႔ ေမတၱာတရားအေၾကာင္း ေတြကို အခ်စ္၊ အလြမ္း၊ ဒရာမာ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ရႈစားၾကရမွာျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ဇင္ဝိုင္း၊ ထြန္းအိျႏၵာဗို၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေနမင္း၊ အလင္းေရာင္၊ ခင္ဇာျခည္ေက်ာ္၊ မိုး ျပည့္ျပည့္ေမာင္၊ ေ႐ႊသမီး စတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာ ျဖစ္ ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္းခြဲေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ ပါတယ္။ ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ထူးထူးျခားျခား ဖိလစ္ပိုင္ အ ခ်စ္ဒရာမာ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Hello, Love, Goodbye ! ဒီကားကိုေတာ့ Star Cinema ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာ ျဖစ္ ၿပီး ဖိလစ္ပိုင္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Cathy Garcia-Molina က ႐ိုက္ကူးပုံေဖာ္ ေပးထားတာ ျဖစ္ပါတယ္။ Joy ဆိုတဲ့ ေကာင္မေလးဟာ ေဟာင္ေကာင္မွာ အိမ္အကူတေယာက္အေနနဲ႔ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ေနသူ တေယာက္ ျဖစ္ပါတယ္။ သူဟာ ကူညီတတ္ၿပီး အလုပ္ကို လည္း ႀကိဳးႀကိဳးစားစား လုပ္ေနၿပီး တေန႔မွာေတာ့ ဒီကေန ထြက္သြားဖို႔ ရည္႐ြယ္ထား ခဲ့တာပါ။ ဒါေပမယ့္ ေဟာင္ေကာင္မွာ Bartender တေယာက္အေနနဲ႔ ေရာက္ရွိေနၿပီး မၾကာခင္မွာ အေျခခ်ေနထိုင္ဖို႔ ျပင္ဆင္ထားတဲ့ Ethan ဆိုတဲ့ ေကာင္ေလးနဲ႔ ေတြ႕ဆုံခဲ့ ခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ။ သူတို႔ ၂ ဦးၾကားက သံေယာဇဥ္ေတြ၊ အခ်စ္ ဇာတ္လမ္းေတြနဲ႔ ဒီ႐ုပ္ရွင္ကားကို ဘယ္လိုပုံေဖာ္ထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ပဲ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ျမန္မာပရိတ္သတ္ေတြနဲ႔ မစိမ္းတဲ့ ဖိလစ္ပိုင္သ႐ုပ္ ေဆာင္မင္းသမီး Kathryn Bernardo နဲ႔ မင္းသား Alden Richards တို႔က အတြဲညီညီ ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Kathryn Bernardo ဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ သ႐ုပ္ေဆာင္ထူးခြၽန္ဆုေတြ အမ်ားႀကီး ရရွိထားတဲ့ မင္းသမီးျဖစ္ၿပီး မင္းသား Alden Richards ကလည္း သ႐ုပ္ေဆာင္ေကာင္း သူျဖစ္တာမို႔ သူတို႔ ၂ ေယာက္ပါတဲ့ ဒီ႐ုပ္ရွင္ကားက နာမည္ႀကီးေနခဲ့တာ ျဖစ္ပါတယ္။ IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.5 အထိ ရရွိထားတဲ့ ဇာတ္ကား ေကာင္းတကား ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံနဲ႔ တျခားႏိုင္ငံ ေတြမွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔မွာ ႐ုံတင္ျပသခဲ့တာျဖစ္ၿပီး Box Office ဝင္ေငြ ဖိလစ္ပိုင္ပီဆိုသန္း ၈၀၀ ေက်ာ္ရရွိၿပီး စံခ်ိန္တင္ထားႏိုင္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ဒီကားကို မၾကာခင္မွာ ႐ုံတင္ျပသေတာ့မွာမို႔ မူဗီခေရဇီေတြ အတြက္ ေ႐ြးခ်ယ္တင္ဆက္ေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေပါ့ေပါ့ ပါးပါး ျမန္မာအခ်စ္ဟာသ႐ုပ္ရွင္ - ကြီးတို႔၏ မာယာ ! နယူးဖိုးဝ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ သမီး ျမတ္ေက်ာ္ရဲ႕ ဝတၳဳကို နတ္ရဲက ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ ရာဇဝင္ကိုက ႐ိုက္ ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ရဲေအာင္၊ ခန႔္စည္သူ၊ ရာဇာေနဝင္း၊ ေအာင္မင္းခန႔္၊ မို႔မို႔ျမင့္ေအာင္၊ ထြန္းအိျႏၵာဗို၊ ခိုင္သင္းၾကည္၊ ၾကည္လဲ့လဲ့ဦးတို႔နဲ႔အတူ ဟာသ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ေခါင္းေဆာင္ ပါဝင္ ထားၾကတာ ျဖစ္ပါတယ္။ ကြီးတို႔၏ မာယာဆိုတဲ့အတိုင္း ဘယ္လိုအေရွာင္အတိမ္း၊ အလွည့္အပတ္ေတြ၊ မာယာေတြနဲ႔ အရႈပ္ေတာ္ပုံေတြၾကား ဟာသဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီး ထားမလဲဆိုတာကိုေတာ့ ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သန္းခြဲနီးပါး ရွိေနခဲ့တာပါ။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ ပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024