အကောင်းဆုံးလူငယ်ဘောလုံးသမားဆု ဆန်ကာတင်စာရင်းတွင် ပရီးမီးယားလိဂ်က ၆ ဦးပါဝင်

၂၀၁၉ ခုနှစ် လူငယ်အကောင်းဆုံးကစားသမားဆုအတွက်  ဆန်ကာတင် ဘောလုံးသမား ၄၀ ဦးစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၆ ဦးအထိပါဝင်လာပါတယ်။  Golden Boy Award ဆုကို အီတလီသတင်းစာTuttosport က ချီးမြှင့်မှာဖြစ်ပြီး ဒေါ့မွန်က ဂျော်ဒန်ဆန်ချိုနဲ့ ဂျူဗင်တပ်က ဒီလစ်တို့က ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ် နေပါတယ်။ ပရီးမီးယားလိဂ်ကနေရွေးချယ်ခံခဲ့ရတဲ့ ကစားသမားတွေကတော့ ချဲလ်ဆီးက မေဆန်မောင့်၊ အာဆင်နယ်က ဂွမ်ဒူဇီနဲ့ နယ်လ်ဆင်၊ မန်စီးတီးက ဖီးလ်ဖိုဒန်၊ အဲဗာတန်က မွိုက်စ်ကိန်း၊ ဝက်ဖို့ဒ်က ဘာရှီယူတို့ ပါဝင်နေပါတယ်။   Golden Boy ဆုကို ၂၀၀၃ခုနှစ်ကစလို့ နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပြီး ဥရောပတိုက်ကအ သက်၂၁နှစ်‌အောက်လူငယ်ကစားသမားတွေထဲက အကောင်းဆုံးကစားသမားကိုရွေးချယ်ချီးမြှင့် တာဖြစ်ပါတယ်။ ================== အေကာင္းဆုံးလူငယ္ေဘာလုံးသမားဆု ဆန္ကာတင္စာရင္းတြင္ ပရီးမီးယားလိဂ္က ၆ ဦးပါဝင္ DVB ၂၀၁၉ ခုႏွစ္ လူငယ္အေကာင္းဆုံးကစားသမားဆုအတြက္  ဆန္ကာတင္ ေဘာလုံးသမား ၄၀ ဦးစာရင္းမွာ ပရီးမီးယားလိဂ္ကစားသမား ၆ ဦးအထိပါဝင္လာပါတယ္။ Golden Boy Award ဆုကို အီတလီသတင္းစာTuttosport က ခ်ီးျမႇင့္မွာျဖစ္ၿပီး ေဒါ့မြန္က ေဂ်ာ္ဒန္ဆန္ခ်ိဳနဲ႔ ဂ်ဴဗင္တပ္က ဒီလစ္တို႔က ဆုရရွိဖို႔ ေရပန္းအစားဆုံးျဖစ္ ေနပါတယ္။ ပရီးမီးယားလိဂ္ကေနေ႐ြးခ်ယ္ခံခဲ့ရတဲ့ ကစားသမားေတြကေတာ့ ခ်ဲလ္ဆီးက ေမဆန္ေမာင့္၊ အာဆင္နယ္က ဂြမ္ဒူဇီနဲ႔ နယ္လ္ဆင္၊ မန္စီးတီးက ဖီးလ္ဖိုဒန္၊ အဲဗာတန္က မြိဳက္စ္ကိန္း၊ ဝက္ဖို႔ဒ္က ဘာရွီယူတို႔ ပါဝင္ေနပါတယ္။ Golden Boy ဆုကို ၂၀၀၃ခုႏွစ္ကစလို႔ ႏွစ္စဥ္က်င္းပလာခဲ့တာျဖစ္ၿပီး ဥေရာပတိုက္ကအ သက္၂၁ႏွစ္‌ေအာက္လူငယ္ကစားသမားေတြထဲက အေကာင္းဆုံးကစားသမားကိုေ႐ြးခ်ယ္ခ်ီးျမႇင့္ တာျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up