အင်းစိန်ထောင်တိုက်ပွဲကနေ သင်ခန်းစာယူရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
DVB
·
September 25, 2019
အင်းစိန်ထောင်တိုက်ပွဲကနေ သင်ခန်းစာယူပြီး အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ လိုတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
စစ်အစိုးရ လက်ထက် ၁၉၉၀ စက်တင်ဘာ ၂၅ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သမိုင်းဝင်ထောင်တွင်းသပိတ်တိုက်ပွဲ အထိမ်းအမှတ် ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၉ နှစ်က စက်တင်ဘာ ၂၅ ရက်နေ့က အင်းစိန်းထောင်မှာ အာဏာပိုင်တွေက ဖိနှိပ်ချုပ်ခြယ်တာတွေလုပ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေက အစာငတ်ခံကာ ထောင်တွင်း သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပြီး အာဏာပိုင်တွေဘက်က အဲဒီ ထောင်တွင်းသပိတ်တိုက်ပွဲကို အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
ဒီအကြောင်းကို ၂ နာရီကြာ ရုပ်ရှင်ရိုက်ကူးသွားဖို့ရှိပြီး ဒီသမိုင်းရုပ်ရှင်ကနေ သင်ခန်းစာ ယူကာ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ထောင်တွင်းသပိတ်တိုက်ပွဲအကြောင်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရာမှာ အခုဆိုရင် ရုပ်ရှင်ဇာတ်လမ်း ခွင့်ပြုမိန့်ရပြီဖြစ်ပေမယ့် ရိုက်ကူးခွင့်တော့မရသေးတာကြောင့် ရိုက်ကူးခွင့်ရဖို့ အတွက် ဆက်ကြိုးစား သွားရဦးမယ်လို့ သရုပ်ဆောင် ဇာဂနာက ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့မှာကျင်းပတဲ့ ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်မြောက် အခမ်းအနားကို အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အနယ်နယ်အရပ်ရပ်က နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက်လည်း အားလုံးပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ချမ်းမြေ့မောင်